သင့္အိမ္မွာ စက္ေရတြင္း တူးမယ္ဆိုရင္ ေရရွိ မရွိ ၊ေရနည္း /မ်ား၊ ေရခ်ိဳေရငန္ ခြဲျခားသိႏိုင္မယ့္ နည္းလမ္းမ်ား

စက်ရေတွင်း တူရာ၌ ရေ -ရှိ,မရှိ၊ ရေ -နည်း,ရေများခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။

ရေ -ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊မယ်ဇလီပင်၊ မြက် စသည့်အပင်များစိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါကရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်

၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်အပင်အမျိုးအစားခြင်းတူပါလျက်အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင်ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊သစ်ပင်မှ သစ်ရွက်များစိုပြေစိန်းလန်းနေပါကရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်

၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကိုတွေ့ရပါက ရေတိမ်-ရေနည်းသည်ဟုခန့်မှန်းသိရှိနိုင်ပါသည်။သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်- ရှိ/မရှိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ကျောက်ဆောင်ရှိကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟုခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းကချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

(တနည်စမ်းသပ်ပုံမှာ)

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကိုစလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီးမြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည်ရေနူး၍ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်ကရေဝေး-ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင်ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါကရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit:maharmedianews

Zawgyi

စက္ေရတြင္း တူရာ၌ ေရ -႐ွိ,မ႐ွိ၊ ေရ -နည္း,ေရမ်ားခန္႔မွန္သိ႐ွိႏိုင္ပုံေလးကို ဗဟုသုတအေနျဖင့္ မွ်ေဝေပးပါမည္။

ေရ -႐ွိ/မ႐ွိ

၁။ အရြက္အႃမဲတမ္း ႐ွိေနတတ္ေသာ အုန္းႏွဲပင္၊မယ္ဇလီပင္၊ ျမက္ စသည့္အပင္မ်ားစိုစိုေျပေျပ လန္းလန္းဆန္း႐ွိေနပါကထိုေနရာတြင္ ေရ႐ွိသည္ဟု မွတ္ယူႏိုင္၍ေဖာ္ျပပါလကၡဏာမ်ားႏွင့္ ဆန္႔က်င္ေနပါကေရ-မ႐ွိဟု ခန္႔မွန္း သိႏိုင္ပါသည္။

ေရခ်ိဳ/ေရငန္

၂။ အနီးအနားတြင္႐ွိေသာ သစ္ပင္တို႔သည္အပင္အမ်ိဳးအစားျခင္းတူပါလ်က္အျခားေနရာ႐ွိ သစ္ပင္မွ အရြက္တို႔ထက္အနာအဆာမ်ား၍ အစိုဓာတ္ေျခာက္ခန္းလ်င္ေရငန္ဟု ခန္႔မွန္းႏိုင္ၿပီး၊သစ္ပင္မွ သစ္ရြက္မ်ားစိုေျပစိန္းလန္းေနပါကေရခ်ိဳ-ဟု ခန္႔မွန္းသိ႐ွိႏိုင္ပါသည္။

ေရတိမ္/ေရနက္

၃။ အနီးအနားတြင္႐ွိေသာ သစ္ပင္တို႔သည္အပင္ခ်င္းတူပါလ်က္ အဆစ္တိုေနသည္ကိုေတြ႕ရပါက ေရတိမ္-ေရနည္းသည္ဟုခန္႔မွန္းသိ႐ွိႏိုင္ပါသည္။သစ္ပင္မွ အဆစ္႐ွည္ေနပါက ေရနက္-ေရေဝးေသာ သေဘာဟု ခန္႔မွန္းသိ႐ွိႏိုင္၏။

ေက်ာက္ေဆာင္- ႐ွိ/မ႐ွိ

၄။ အနီးအနားတဝိုက္႐ွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္တို႔သည္ ႄကဳံလွီ,ပုက်စ္၍ တြန္႕လိမ္,ေကြ႕ေကာက္ေနပါက ေအာက္၌ေက်ာက္ေဆာင္႐ွိေၾကာင္း ခန္႕မွန္း သိ႐ွိႏိုင္ပါသည္။သစ္ပင္ႀကီး,သစ္ပင္ငယ္မ်ား ေျဖာင့္တန္းအေနထားေတြ႕ရပါက ေက်ာက္ေဆာင္မ႐ွိဟုခန္႔မွန္းသိ႐ွိႏိုင္ပါသည္။

ေရခ်ိဳ/ေရငန္

၅။ ေရတြင္းတူးမည့္ေနရာ႐ွိ သစ္ပင္တို႔သည္တစ္ျခမ္းက အနာဆာကင္း၍ တစ္ျခမ္းကေခ်ာေမြ႕ေနလ်င္ ေရငန္-ေရခ်ိဳ တစ္ျခမ္းစီေရာစပ္ေနေသာ ေနရာဟု ခန္႔မွန္းသိ႐ွိႏိုင္သည္။

(တနည္စမ္းသပ္ပုံမွာ)

ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကိုစေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီးေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ၊ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ေရႏူး၍ကြာက်ေနလ်င္ ေရတိမ္-ေရနည္းသည္ဟု ခန္႕မွန္းသိ႐ွိႏိုင္ၿပီး အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး)ကြာမက်လ်င္ကေရေဝး-ေရနက္သည္ဟု ခန္႕မွန္သိႏိုင္ပါသည္။

ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ေရငန္ဟု ခန္႕မွန္းသိ႐ွိႏိုင္ၿပီး ခ်ိဳေနပါကေရခ်ိဳဟု ခန္႕မွန္းသိ႐ွိႏိုင္ပါ။

Credit:maharmedianews

Leave a Reply

Your email address will not be published. Required fields are marked *