ချစ်သူ ရည်းစားတွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ မွေးနေ့ကိတ်လေး

ချစ်သူ ရည်းစားတွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ မွေးနေ့ကိတ်လေး

လူတိုင်းလူတိုင်းအတွက် မွေးနေ့ဆိုတာဟာ အမှတ်တရတွေ များစွာနဲ့ ပြည့်နှက်နေတဲ့ နေ့ထူးရက်မြတ်လေး ဖြစ်မယ်လို့ထင်ပါတယ်။ဒီမွေးနေ့လေးမှာ ချစ်ရခင်ရသူတွေနဲ့ အတူပျော်ကြ အမှတ်တရတွေ ဖန်တီးကြနဲ့ ပျော်ရွှင်ကြရပီး အမှတ်တရအနေနဲ့ မွေးနေ့ကိတ်လေးခွဲကြပါတယ်။

မွေးနေ့ကိတ်ကိုတော့ ကိုယ့်စိတ်ကူးစိတ်ကြိုက် ပုံစံအမျိုးမျိူး ပြုလုပ်ပေးတတ်ကြပီး အခုတစ်ခေါက်မှာဆိုရင်လည်း လူအများကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မွေးနေ့ကိတ်လေးကို ဖော်ပြပေးချင်ပါတယ်။

ဒီမွေးနေ့ကိတ်လေး ဒီဇိုင်းလေးဟာ လက်ထပ်ပီးသားသူတွေ မကြာခင်လက်ထပ်တော့မယ့်သူတွေအတွက် ဖန်တီးထားတာဆိုပေမယ့် လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးဟော့သွားခဲ့ပါတယ်။

ဒီမွေးနေ့ကိတ်လေးဟာ ကလေးတွေအိပ်ပျော်နေချိန်မှာ မိဘတွေရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ကိတ်လေးဖြစ်ပီး ဖန်တီးထားတဲ့ လက်ရာတွေကလည်း တော်တော်လေးအသေးစိတ်ကျပါတယ်။

ဒီမွေးနေ့ကိတ်လေးဟာ ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ အသက်ဝင်လှတဲ့ပုံတွေကြောင့် ချစ်သူရည်းစား couples တွေကြားထဲမှာလည်း တော်တော်လေးရေပန်းစားသွားခဲ့ပါသေးတယ်။

ပရိသတ်တွေထဲမှာရော သူငယ်ချင်းတွေကို ဒီလိုမွေးနေ့ကိတ်လေးပေးပြီး ဆေးထိုးချင်တဲ့သူတွေ ရှိကြလား….

Source – elitereaders

Zawgyi



မွေးနေ့ကိတ်ကိုတော့ ကိုယ့်စိတ်ကူးစိတ်ကြိုက် ပုံစံအမျိုးမျိုး ပြုလုပ်ပေးတတ်ကြပီး အခုတစ်ခေါက်မှာဆိုရင်လည်း လူအများကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မွေးနေ့ကိတ်လေးကို ဖော်ပြပေးချင်ပါတယ်။





Source – elitereaders

Leave a Reply

Your email address will not be published. Required fields are marked *