






Unicode

ဇနီးရဲ့မွေးနေ့ကို ရက်မှားယွင်းပြီး ပြင်ဆင်မိလို့ ဇနီးကစိတ်ဆိုးပီး အပြင်တွင် ညအိပ်လိုက်ရတဲ့ အမျိုးသား

ကြီးကျယ်ခန်းနားစွာဖြင့် ဇနီးသည်၏ မွေးနေ့ကို ကျင်းပပေးရန် ပြင်ဆင်ပြီးသည့်အချိန်မှ မွေးနေ့ရက်မှာ မှားယွင်းပြီး ပြင်ဆင်မိသောကြောင့် အပြင်တွင် ညအိပ်လိုက်ရသည့် အမျိုးသား

လူတိုင်းတွင် မိမိတို့အတွက် အမြတ်တနိုးထားရသော လူတစ်ယောက်ဖြစ်စေ အမှတ်တရဖြစ်စေသော နေ့လေးများကို အမြဲသတိရ မှတ်သားထားကြသည်။ချစ်သူစုံတွဲများတွင် မှတ်ထားရသော အမှတ်တရနေ့လေးတွေဟာ များပြာနေမှာ သေချာပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် သူ၏ဇနီးသည်လေးအတွက် မွေးနေ့ပွဲလေးကို ကျင်းပပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။ဇနီးဖြစ်သူကို ပျော်ရွင်စေရန်အတွက် ပိုက်ဆံများစွာကုန်ကျခံပြီး လှပစွာပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း အမျိုးသားဟာ ကံဆိုးစွာဖြင့် ဖနီးသည်၏ မွေးနေ့ကို မှတ်သားထားသည်မှာ မှားယွင်းနေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ဇနီးသည်၏ အချစ်ကို မရလိုက်သည့်အပြင် စိတ်ဆိုးဒေါသထွက်နေသောကြောင့် အိမ်မပြန်အိပ်ရဲဘဲ ပန်းခြံက ခုံတန်းလျားလးပေါ်မှာ သွားအိပ်ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *