Unicode
ဦးချစ်စရာရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ဝေဠုကျော်
ဟာသ သရုပ်ဆောင် ဦးချစ်စရာ ဆိုရင်တော့ လူတိုင်းက သိကြမယ်ထင် ပါတယ်နော်.. မြန်မာဇာတ်လမ်းတွေ မှာလည်း တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်နော်..
သရုပ်ဆောင် ချစ်စရာ ကတော့ အပြောအဆိုလဲ ကောင်းတာကြောင့် သူ့ကိုချစ်ကြတဲ့ မိတ်ဆွေအပေါင်းအသင်း တွေကလည်း များတယ်လို့အင်တာဗျူးတွေမှာလည်း ဖြေထားခဲ့ပါသေးတယ်။
ခုလက်ရှိမြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေေ တွကြောင့် အောက်ဆီဂျင် လိုအပ်နေတဲ့ ပြည်သူတွေလည်း များပြားနေပါသေးတယ်။ လွန်ခဲ့တဲ့ ရက်တွေတုန်း ကတော့ အောက်ဆီဂျင် လိုအပ်မှုကြောင့် အသက်တွေဆုံးရှုံးလိုက်ရတဲ့ အနုပညာရှင်တွေ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရသလိူ
အနုပညာရှင်တွေရဲ့ မိသားစုတွေလည်း အသက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ သရုပ်ဆောင် ဝေဠုကျော်က” နိုင်ငံကျော်ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးချစ်စရာ အောက်ဆီဂျင်ကျနေတဲ့အတွက် အောက်ဆီဂျင်ရှူရန် 50 L လေအပြည့်အိုးကို အိမ်တိုင်ရာရောက် သွားရောက်ပို့ဆောင်ပေးခဲ့ရတယ် ” ဆိုပြီး ရေးသားထားပါတယ်။
ဦးချစ်စရာ အမြန်ဆုံး သက်သာပျောက်ကင်း ကျမ်းမာလာပါစေ ခင်ဗျာ မင်းသား ‌ဝေဠုကျော်ရေးသား ထားတဲ့ပို့်စ်အောက်မှာတော့ ဦးချစ်စရာကို ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ ဦးချစ်စရာကို ချစ်ကြသေးရင် အားပေး စကားလေး ပြောပေးခဲ့ကြပါအုံး ပရိသတ်ကြီးရေ…။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *