






Unicode

ကျော်ရဲအောင်နဲ့ ထွက်ရှိလာတဲ့ သတင်းတွေအပေါ် ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင် ပိုးဝတီစံ

နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်ရဲအောင်ကတော့ ဗီဒီယိုဇာတ်လမ်းများနဲ့ ရုပ်ရှင်များကို ရိုက်ကူးခဲ့ပြီးလက်ရှိမှာလည်း အောင်မြင်တဲ့ မင်းသားကြီးတစ်ယောက်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ ကျော်ရဲအောင်က အိမ်ထောင်ရေး ဖော်ပြန်မှုတွေ ရှိတယ်ဆိုတဲ့ ကောလဟာလ ထွက်ပေါ်ခဲ့တာပါ

အဆိုပါ ကောလဟာလကိုတော့ဟန်ငြိမ်းဦးဆိုတဲ့ ပေ့ခ်ျကနေပြီး မျှဝေဖော်ပြခဲ့တာပါ။ဟန်ငြိမ်းဦးဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျကတော့ အနုပညာရှင်တွေရဲ့ နောက်ကြောင်းနဲ့ ကောလဟာလသတင်းတွေကို မျှဝေနေတာပရိသတ်ကြီးအားလုံးသိပြီးသား ဖြစ်မှာပါ။ ထိုသတင်းနဲ့ ပက်သတ်ပြီ

ကာယကံရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ပိုးဝတီစံကအခုလိုပဲ ဖြေရှင်းလာပါတယ်။ပိုးဝတီစံက သူမအကြောင်းရေးထားတဲ့ ဟန်ငြိမ်းဦးရဲ့ပို့စ်ကို Share ပြီး ”ရီလိုက်ရတာ သေတော့မယ် အောက်မှာ link ချပေးထားတယ်။

Sky netကလည်းလွှင့်တယ်နော် အားပေးကြပါဦးရှင် ကျေးဇူးတင်ပါတယ်ဆိုပြီး ဟန်ငြိမ်ဦးတင်ထားတဲ့ကျော်ရဲအောင်နဲ့ သူမရဲ့ပုံက ကပ်သီးကပ်သပ်ဆိုတဲ့ ဗီဒီယိုဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေနဲ့တကွချပြလာတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ပိုးဝတီစံကတော့ သရုပ်ဆောင် ကျော်ရဲအောင်နဲ့ ထွက်ရှိလာတဲ့သတင်းမှားတွေကို အခိုင်လုံဆုံး သက်သေနဲ့တကွ ချပြလာတာပဲ ဖြစ်ပါတယ်ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *