ထိုင္းႏိုင္ငံရဲ႕လူမႈကြန္ယက္မွာ နာမည္ႀကီးေနတဲ့ ျမန္မာေမာ္ဒယ္သ႐ုပ္ေဆာင္ ယမင္းေမဦး …

ထိုင္းႏိုင္ငံရဲ႕လူမႈကြန္ယက္မွာ နာမည္ႀကီးေနတဲ့ ျမန္မာေမာ္ဒယ္သ႐ုပ္ေဆာင္ ယမင္းေမဦး

ျမန္မာ့အြန္လိုင္းေလာကမွာတေန႔တျခားေရပန္းစားလာေနတဲ့ေမာ္ဒယ္သ႐ုပ္ ေဆာင္ယမင္းေမဦးဟာ အခုဆိုရင္ ျပည္တြင္းမွာတင္ မဟုတ္ေတာ့ဘဲအႏုပညာစီးပြားေရး ေမာင္းႏွင္အားေကာင္းတဲ့ ထိုင္းမီဒီယာစာမ်က္ႏွာေပၚေတြမွာ ခပ္စိပ္စိပ္ေဖာ္ျပခံေနရတာ ေတြ႕ရပါတယ္။

“အလွအပတို႔ အလွတရားတို႔ဆိုတာ နယ္နိမိတ္မရွိပါဘူး..နယ္ျခားမဲ့တဲ့ အႏုပညာတစ္ခုျဖစ္ပါတယ္ ဒီကေန႔မွာ ႏွလုံးသားတိုင္းကိုအရည္ေပ်ာ္က်ေစမယ့္ ျမန္မာအလွပေဂး ယမင္းေမဦးနဲ႔ မိတ္ဆက္ေပး ခ်င္ပါတယ္”ဆိုၿပီးနာမည္ႀကီးထိုင္းအႏုပညာ စာမ်က္ ႏွာတစ္ခုျဖစ္တဲ့ Sanook Campus က ေဖာ္ျပထားပါတယ္။“ရန္ကုန္သူတစ္ေယာက္ျဖစ္တဲ့ ယမင္းဟာ ဇြန္လ ၃ ရက္ေန႔ ၁၉၉၈ ခုႏွစ္မွာေမြးဖြားခဲ့တာပါ။Miss Forever Gems 2015 ၿပိဳင္ပြဲကေန လူသိမ်ားလာတဲ့သူမဟာ ေမာ္ဒယ္အလုပ္ေတြ သ႐ုပ္ေဆာင္အလုပ္ေတြကို ဆက္တိုက္လုပ္ေနရၿပီး ေဖ့စ္ဘြတ္မွာ..

ေဖာ္လိုဝါ သုံးသိန္းေက်ာ္ရွိလာတဲ့ နာမည္ႀကီးအြန္လိုင္းအိုင္ေဒါ တစ္ဦးျဖစ္လာေနပါတယ္” ဆိုၿပီး အမြမ္းတင္ထားတာေတြ႕ရပါတယ္။“ခ်စ္ဖို႔ေကာင္းတဲ့သူမရဲ႕႐ူပါေလးကို အတူတူရႈစားၾကရေအာင္။ သူမရဲ႕အလွကိုေႂကြတယ္ ဟတ္ထိတယ္ဆိုရင္ေတာ့ သူမရဲ႕ အင္စတာဂရမ္ကိုေဖာ္လိုလုပ္ထားႏိုင္ပါတယ္” ဆိုၿပီး ေၾကာ္ျငာေဈးဗန္း ခင္းေပးထားတာကိုလည္း ေတြ႕ရပါတယ္ေနာ္။

unicode

ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ယမင်းမေဦး

မြန်မာ့အွန်လိုင်းလောကမှာတနေ့တခြားရေပန်းစားလာနေတဲ့မော်ဒယ်သရုပ် ဆောင်ယမင်းမေဦးဟာ အခုဆိုရင် ပြည်တွင်းမှာတင် မဟုတ်တော့ဘဲအနုပညာစီးပွားရေး မောင်းနှင်အားကောင်းတဲ့ ထိုင်းမီဒီယာစာမျက်နှာပေါ်တွေမှာ ခပ်စိပ်စိပ်ဖော်ပြခံနေရတာ တွေ့ရပါတယ်။

“အလှအပတို့ အလှတရားတို့ဆိုတာ နယ်နိမိတ်မရှိပါဘူး..နယ်ခြားမဲ့တဲ့ အနုပညာတစ်ခုဖြစ်ပါတယ် ဒီကနေ့မှာ နှလုံးသားတိုင်းကိုအရည်ပျော်ကျစေမယ့် မြန်မာအလှပဂေး ယမင်းမေဦးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်”ဆိုပြီး

နာမည်ကြီးထိုင်းအနုပညာ စာမျက် နှာတစ်ခုဖြစ်တဲ့ Sanook Campus က ဖော်ပြထားပါတယ်။“ရန်ကုန်သူတစ်ယောက်ဖြစ်တဲ့ ယမင်းဟာ ဇွန်လ ၃ ရက်နေ့ ၁၉၉၈ ခုနှစ်မှာမွေးဖွားခဲ့တာပါ။Miss Forever Gems 2015 ပြိုင်ပွဲကနေ လူသိများလာတဲ့သူမဟာ မော်ဒယ်အလုပ်တွေ သရုပ်ဆောင်အလုပ်တွေကို ဆက်တိုက်လုပ်နေရပြီး ဖေ့စ်ဘွတ်မှာ..

ဖော်လိုဝါ သုံးသိန်းကျော်ရှိလာတဲ့ နာမည်ကြီးအွန်လိုင်းအိုင်ဒေါ တစ်ဦးဖြစ်လာနေပါတယ်” ဆိုပြီး အမွမ်းတင်ထားတာတွေ့ရပါတယ်။

“ချစ်ဖို့ကောင်းတဲ့သူမရဲ့ရူပါလေးကို အတူတူရှုစားကြရအောင်။ သူမရဲ့အလှကိုကြွေတယ် ဟတ်ထိတယ်ဆိုရင်တော့ သူမရဲ့ အင်စတာဂရမ်ကိုဖော်လိုလုပ်ထားနိုင်ပါတယ်” ဆိုပြီး ကြော်ငြာဈေးဗန်း ခင်းပေးထားတာကိုလည်း တွေ့ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *