





Unicode

မင်္ဂလာဆောင်စရိတ်သက်သာစေရန် အတူတူပေါင်းပြီးကျင်းပခဲ့တဲ့ သူငယ်ချင်း ကောင်မလေးနှစ်ဦး

ငယ်စဉ်သူငယ်ချင်းများပင် ဖြစ်စေကာမူ လူတိုင်းဟာ အိမ်ထောင်ကျပြီးသည့်နောက်တွင် ကိုယ့်ဘဝကို ကိုယ်တိုင်ဖြတ်သန်းရင်းအလုပ်များနေကြရပေသည်။

သို့သော်လည်း လက်ထပ်ခြင်းမပြုမီအချိန်တွင် တစ်ဦးနှင့်တစ်ဦးတို့သည် အပြန်အလှဖေးမကူညီရင်း လက်ထပ်ပွဲကျင်းပမည်ဆိုပါကလည်း ကူညီရန်အသင့်ရှိနေတတ်ကြပေသည်။

ယခုတွင်တော့ ကောင်မလေးသူငယ်ချင်းနှစ်ဦး၏ ပူပေါင်းဆောင်ရွက်မှုသည် အသိအမှတ်ပြုဖွယ်အရာမျိုးဟု ဆိုနိုင်ပေသည်။သူတို့သူငယ်ချင်းနှစ်ဦးဟာ ငယ်စဉ်ကတည်းကပင် အတူတူပေါင်းလာခဲ့ကြပြီး တစ်ရပ်ကွက်ထဲတွင် နေထိုင်သူများလည်းဖြစ်ကြပါတယ်။

ထို့ကြောင့် မင်္ဂလာဆောင်သောအခါတွင်လည်း သူငယ်ချင်းနှစ်ဦးဟာ မင်္ဂလာဆောင်စရိတ်ကို များစွာသက်သာစေရန်အတွက် လက်ထပ်ပွဲကို အတူတူကျင်းပရန် ကြိုးပမ်းခဲ့ကြပါတယ်။ထို့နောက်မိဘများကိုလည်း တိုင်ပင်ဆွေးနွေးရာ ခွင့်ပြုပေးခဲ့သဖြင့် အတူတူမင်္ဂလာပွဲလေးကို ပျော်ရွင်စွာ ကျင်းပခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *