







Unicode

မိခင်ကြီးရဲ့(၁)လပြည့် ကုသိုလ်အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာတဲ့ မေပန်းချီ

ပြည်သူချစ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စား ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိတ်သတ်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ် ပါတယ်နော်.

မေပန်းချီ ကတော့ မိခင် ကျန်းမာနေစဉ်ကာလမှာလည်း လိုလေးသေးမရှိရ‌ အောင်ပြုစုသူဖြစ်ပြီး နေမကောင်းနေစဉ် မှာလည်း ကလေးလေးတစ်ယောက်လို ဂရုတစိုက်ပြုစုပေးတဲ့သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

မိခင်အသက်ထွက် ခါနီးမှာလည်း မိခင်ကိုတရားအကြောင်းလေး ပြောပြပြီး မိဘကျေးဇူးကိုဆပ်နိုင်ခဲ့ သူလေး ဖြစ်ပါတယ်။ မိခင်ကြီးဆုံးပါးသွားပြီး နောက်ပိုင်းမှာတော့ သူမတစ်ယောက်တည်း ရပ်တည်နေခဲ့ရင်း မနာလိုသူတွေဝမ်းသာမှာ စိုးလို့လည်း တစ်ယောက်ထဲပျော်ချင်ယောင်ဆောင်နေရတယ် ဆိုတဲ့ အကြောင်းတွေ ကိုလည်း ရင်ဖွင့်ပြီးရေးသားထားခဲ့ဖူးပါတယ်။

ဒီနေ့လေး မှာတော့ မေပန်းချီက မေမေ့ရဲ့ တစ်လပြည့် အလှူလေး ရောက်ရာ ဘုံဘဝမှာ အမေ အေးချမ်းခြင်းတွေနဲ့ သာဓုခေါ်ဆိုနိုင်ပါစေဘဝသက်တမ်းတစ်လျှောက်ပြုပြုသမျှ့ ကုသိုလ်အားလုံး အမေ့ကိုအမျှ့ဝေပါတယ် အားငယ်နေမှာဆိုးလို့ စပရိုက်တိုက်ရောက်ချလာတဲ့ ချစ်ခင်ရသော အစ်ကိုတွေအစ်မတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်

(၀၅-၀၉-၂၀၂၁) ” ဆိုပြီး ပုံလေးတွေနဲ့ ရေးတင်လာတာ ဖြစ်ပါတယ်.အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးလည်း မေပန်းချီအတွက် အားပေးစကားလေး တစ်ခုခုရေးပေးသွားကြပါအုံးနော်..

Leave a Reply

Your email address will not be published. Required fields are marked *