







Unicode

ဦးလေးဖြစ်သူ ကွယ်လွန်သွားသောကြောင့် ၀မ်းနည်းငိုကြွေးနေတဲ့ခိုင်သင်းကြည်

သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အတူ ကျရာဇာတ်ကောင်မှာ အကောင်းဆုံး သရုပ်ဆောင် နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ မင်းသမီးချောပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်က ဘုရားတရား အလွန်ကိုင်းရှိုင်းပြီး အလှူအတန်းတွေမှာလဲ ရက်ရက်ရောရော ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားပါ သေးတယ်နော်။

ခိုင်သင်းကြည်ကတော့ တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်ယခုတစ်ခါမှာဆိုရင်လဲ ကွယ်လွန်သွားပြီ ဖြစ်တဲ့ဦးလေးဖြစ်သူအပေါ် စိတ်မကောင်းစွာနဲ့ အခုလို ရေးသား ဖော်ပြထားပါသေးတယ်နော်။

မိသားစုနဲ့ ထပ်တူဝမ်းမနည်းရပါတယ် ခိုင်သင်းကြည်က ဦးလေးတွေထဲမှာ အချစ်ဆုံးဦးလေး ငယ်ငယ်ထဲကအတူနေခဲ့ ခရီးတွေ အတူသွားခဲ့ကြပြီးတူမတွေကိုလည်း ချစ်တဲ့ဦးလေး စိတ်ထားအရမ်းကောင်းတဲ့ ဦးလေး မြင့်မြတ်သော ကောင်းရာ ဘုံဘဝရောက်ပါစေနော် ဆိုပြီးတော့


သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသား ဖော်ပြထားပါတယ် ကွယ်လွန်သွားပြီ ဖြစ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ဦးလေးလဲ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *