







Unicode

ပျားအုံကို ဖင်ခုထိုင်ပြီး ပေါင် 550 လောင်းကြေးရယူခဲ့တဲ့ 27နှစ် အရွယ်အမျိုးသား

Jamie Granger လို့ အ မည်ရတဲ့ အသက် 27နှစ် အ ရွယ် ပျားလုပ် သား ဟာ ပေါင် 550 နဲ့ တန် ကြေး ညီ မျှ တဲ့ NZ $ 1,000 လောင်းကြေးကို ရဖို့ အောက်ပိုင်း အဝတ် တွေကို ချွတ်ပြီး ပျားအုံပေါ်ကို ထိုင်ပြ ခဲ့ပါတယ်။ သူနဲ့ အ တူတူ ပြိုင်ခဲ့တဲ့ အ ပေါင်းအသင်းကတော့ ပျားအုံပေါ်မှာ 19 စက္ကန့်သာ ထိုင်နိုင်ခဲ့ပြီး ရှုံးနိမ်ခဲ့ တယ်လို့ Metro မှာ ဖော်ပြ ထားတာပဲဖြစ်ပါတယ်။

Jamie နဲ့ သူရဲ့ လုပ် ဖော် ကိုင် ဘက် Aurel Braguta တို့ဟာ နယူးဇီလန် နိုင်ငံ၊ Rural Matamata မှာရှိတဲ့ မွေး မြူရေးလုပ် ငန်းမှာ အတူတူ လုပ် ကိုင် နေကြ သူ တွေ ဖြစ်ပြီး သူ့ အ လှည့်ရောက်တဲ့အခါမှာတော့ ဘောင်းဘီကို ချွတ်ချပြီး၊ ပျားအုံပေါ်မှာ ရှုံ့မဲ့နေတဲ့ မျက်နှာပေးနဲ့ ထိုင်နေတာကို တွေ့ရ ပါတယ်။

သူ တို့ ဟာ ပျားအုံ ပေါ် မှာ စက္ကန့် 30 အ ထိ ထိုင် နိုင်/မ ထိုင်နိုင် လောင်းကြေးထပ် ခဲ့ပြီး၊ Jamie က တော့ အ နိုင် ရ ခဲ့ သူ တစ်ယောက်ပဲ ဖြစ်ပါ တယ်။ ပျားတွေကလည်း တုပ်ကြ ခဲကြလွန်းလို့ အ လွန် ဒုက္ခ ရောက် ခဲ့ တယ် လို့ သူ က ဆို ပါ တယ်။ Aurel ကတော့ လောင်းကြေးကို ရှုံးခဲ့ ပေ မယ့် အပျော်အတွက်လို့ ဆိုပါတယ်။

Jamie က ဗွီဒီယိုဖိုင်ထဲမှာ သူ့ပုံစံက အလွန်ရယ်စရာ ကောင်းနေပြီး၊ အရင် တစ်ခါ ကလည်း Aurel နဲ့ ပတ်ကျိကို ဒီအတိုင်း စားပြရင် NZ$ 500 ရမယ် ဆိုလို့ ပြိုင်ခဲ့ သေးတယ်လို့ ဆိုပါတယ်။ Jamie က ” စက္ကန့် 30 အတွင်းမှာပိုက်ဆံ 1000 ရဖို့ဟာ ကျ နော် ရှာခဲ့သမျှထဲမှာ အလွယ်ဆုံးပါဘဲ “လို့ ဆိုပါတယ်။

သူကဆက်လက်ပြီး ” ယေဘုယျအားဖြင့်တော့ ပျားကလူကို တုပ် ပြီးရင် သူက သေတာ ပဲဗျ။ ဒါပေ မယ့် ရာသီ ကုန်ခါ နီးရင် တော့ ပျား တွေဟာ တစ်ခြားနည်းလမ်းနဲ့ သေ ကုန် ကြပါတယ် ။ကျနော်တို့ ဆော့တဲ့နည်းက ကျနော်တို့ အတွက် အန္တရာယ် မရှိပေမယ့် ခင် ဗျားတို့ကတော့ အပြင်မှာ စမ်းမ ကြည့် ကြပါ နဲ့ဗျာ “လို့ ပြောခဲ့ပါတယ်။ဖတ် ရှူ့ ပေးတဲ့ ပရိတ် သတ် ကြီးကို ကျေးဇူးတင် ပါ တယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *