မထင္မွတ္ဘဲ ရွာေဖြေတြ႕ရွိထားတဲ့ ကမာၻႏွင့္ပုံစံတူ ၿဂိဳလ္အသစ္ေတြ အေၾကာင္း

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိထားသော ကမ္ဘာနှင့်ပုံစံတူ တဲ့ ဂြိုလ်အသစ်တွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ အာကာသစကြာ၀ဠာထဲမှာ မရေမတွက်နိုင်တဲ့ ဂြိုဟ်ပေါင်းများစွာရှိတာ မှန်ပေမယ့်လည်း ကမ္ဘာနဲ့ပုံစံတူတဲ့ ဂြိုဟ်တွေကို ရှာတွေ့ဖို့အတွက်ကျတော့ ပညာရှင်တွေဟာ လက်ရှိ နည်းပညာတွေနဲ့ ခက်ခက်ခဲခဲ ရှာဖွေကြရတာပါ ။ဒါ့ကြောင့် အခုအချိန်အထိ ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ် ဘယ်နှစ်လုံးကို ပညာရှင်တွေ ရှာတွေ့ခဲ့ကြပြီလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကိုသာ ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Trappist-1

အခု ပထမဦးဆုံးပြောပြပေးချင်တာကတော့ Trappist-1 အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ ဂြိုဟ်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေနဲ့ အလင်းနှစ်ပေါင်း ( ၄၀ ) အကွာမှာရှိတဲ့ Trappist-1 ကြယ် ကို ( ၁၉၉၉ ) ခုနှစ် က စတင် ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ( ၂၀၀၆ ) ခုနှစ် မှာတော့ Trappist-1 ကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ် ( ၃ ) လုံးကို ထပ်မံ တွေ့ရှိခဲ့ကြပါတယ် ။ နောက်ပိုင်း ( ၂၀၀၈ ) ခုနှစ် အရောက်မှာတော့ ထို ကြယ်ကို လှည့်ပတ်နေတဲ့ နောက်ထပ် ဂြိုဟ် ( ၄ ) လုံး ရှိသေးကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

ဒါ့ကြောင့်မို့ Trappist-1 ကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေဟာ ( ၇ ) လုံး ရှိတယ်လို့ ပြောလို့ရပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ဒီ ဂြိုဟ် ( ၇ ) လုံးဟာ ကမ္ဘာမြေကြီး အရွယ်အစား နဲ့ တူညီကာ ကျောက်ဆောင်တွေနဲ့ ဖွဲ့စည်းထားတာပါ ။ ဒီအထဲကမှ ဂြိုဟ် ( ၃ ) လုံးဟာဆိုရင် လူသားတွေ နေထိုင်နိုင်ဖို့ အဆင်ပြေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ် ။ ဒါပေမယ့် ဒီဂြိုဟ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မလုံလောက်သေးတဲ့ အတွက်ကြောင့် လူသားတွေ နေထိုင်နိုင်တာကို အတည်ပြုဖို့အတွက် စောလွန်းနေပါသေးတယ် ။ shwekhitonlinetv.com

၂ ။ Kepler-22b

နောက်ထပ် ပြောပြပေးမယ့် ဂြိုဟ်ကတော့ ကမ္ဘာမြေ နဲ့ အလင်းနှစ် ( ၆၀၀ ) အကွာမှာ တည်ရှိတဲ့ Kepler-22b အမည်ရှိ ဂြိုဟ် အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ ဂြိုဟ်ကို ( ၂၀၁၁ ) ခုနှစ် တုန်းက ရှာတွေခဲ့တာဖြစ်ပြီး NASA အဖွဲ့အစည်း ကတော့ “ Super Earth “ လို့ သတ်မှတ်ပေးထားပါတယ် ။ လေ့လာမှုတွေအရ Kepler-22b ဂြိုဟ်ဟာ သူ့ရဲ့ နေအဖွဲ့အစည်းထဲမှာတော့ လူသားတွေ နေထိုင်နိုင်တဲ့ ပတ်လမ်းကြောင်း အကွာအဝေးမှာရှိပြီး ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်ဟာ ( ၁၅.၅ ) ဒီဂရီ စင်တီဂရိတ် ရှိပါတယ် ။ shwekhitonlinetv.com

သုတေသီ တစ်ချို့ ကတော့ Kepler-22b ဂြိုဟ်ဟာ ကမ္ဘာလိုမျိုး သမုဒ္ဒရာ ကမ္ဘာ နောက်တစ်ခု ဖြစ်နိုင်ပြီး ကမ္ဘာဂြိုဟ်ထက်လည်း အရွယ်အစား ပိုကြီးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ် ။ နောက်ပြီး Kepler-22b ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ထက် ( ၂.၄ ) ဆ ပိုကြီးပြီး သူ့ရဲ့ ကြယ်ကို တစ်ပတ်အပြည့် ပတ်ဖို့အတွက် ရက်ပေါင်း ( ၂၈၉.၉ ) ရက် ကြာတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ထို ဂြိုဟ်ဟာ အတော်လေးကို စောင်းနေတဲ့ အနေအထားမှာရှိတာကြောင့် တောင်ဝင်ရိုးစွန်း နဲ့ မြောက်ဝင်ရိုးစွန်းတို့ဟာ နေရောင်ခြည် နဲ့ ညအမှောင်ထုကို (၆) လလောက်နေမှ တစ်ခါ တွေ့ရနိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

၃ ။ Kepler-69c

ကမ္ဘာဂြိုဟ်နဲ့ ဆင်တူတဲ့ နောက်ထပ် ဂြိုဟ်တစ်လုံးကတော့ Kepler-69c လို့ အမည်ရှိတဲ့ ဂြိုဟ်ပဲ ဖြစ်ပါတယ် ။ Kepler-69c ဂြိုဟ်ဟာ ကမ္ဘာမြေနဲ့ အလင်းနှစ်ပေါင်း ( ၂၇၀၀ ) ခန့် အကွာအဝေးမှာ တည်ရှိပြီး အရွယ်အစားကတော့ ကမ္ဘာဂြိုဟ်ထက် ( ၇၀ ) ရာခိုင်နှုန်း ပိုပြီး ကြီးပါတယ်တဲ့ ။ ဒါပေမယ့် ကမ္ဘာဂြိုဟ် အဖွဲ့အစည်းထဲမှာရှိတဲ့ ယူရေးနပ်စ် ဂြိုဟ် နဲ့ နတ်ပကျွန်း ဂြိုဟ်ထက်တော့ သေးငယ်ပါတယ်တဲ့ ။ နောက်ပြီး Kepler-69c ဂြိုဟ်ဟာ သူ့ရဲ့ ကြယ်ကို တစ်ပတ်ပြည့်အောင် ပတ်ဖို့အတွက် ရက်ပေါင်း ( ၂၄၂ ) ရက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ပညာရှင်တွေ ရဲ့ ပြောကြားချက်အရတော့ Kepler-69c ဂြိုဟ်ဟာ သူ့ရဲ့ ပင်မ ကြယ် နဲ့ မနီးလွန်း ၊ မဝေးလွန်း တဲ့ အကွာအဝေးမှာ ရှိနေတာကြောင့် နေထိုင်နိုင်ဖို့ သင့်တော်တဲ့ ဂြိုဟ်ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ် ။ ဒါ့အပြင် ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်ဟာ ( ၅၂ ) ဒီဂရီ စင်တီဂရိတ် ဒါမှမဟုတ် ဒီ့ထက် ပိုပြီး ပူနိုင်တယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ Kepler-69c ဂြိုဟ်ရဲ့ အချက်အလက်တွေကို တိတိကျကျ မသိရသေးတာကြောင့် ပညာရှင်တွေ စူးစမ်းလေ့လာမှုတွေ ဆက်လက် လုပ်နေဆဲပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ TOI-1231b

နာဆာ ရဲ့ Jet Propulsion Laboratory နဲ့ နယူး မက္ကဆီကို တက္ကသိုလ်တို့ဟာ ကမ္ဘာဂြိုဟ်ထက် ( ၃ ) ဆ ပိုကြီးတဲ့ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ဒီ ဂြိုဟ်ကိုတော့ TOI-1231b လို့ နာမည်ပေးထားပြီး ကမ္ဘာမြေရဲ့ အလင်းနှစ်ပေါင်း ( ၉၀ ) အကွာအဝေးမှာ ရှိတယ်လို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ် ။ ဒါ့အပြင် TOI-1231b ဂြိုဟ်ဟာ အနီရောင် ကြယ်ပု တစ်လုံးကို လှည့်ပတ်နေတယ်ဆိုတာကိုပါ နာဆာ ပညာရှင်တွေက ရှာတွေ့ခဲ့ကြပါသေးတယ် ။ နောက်ပြီး ထို ဂြိုဟ်ဟာ ကမ္ဘာမြေရဲ့ အပူချိန်နဲ့ အတော်လေးကို နီးနီးစပ်စပ် တူညီပြီး ( ၂၄ ) ထဲနဲ့ သူ့ရဲ့ ဂြိုဟ်ပတ်လမ်းကို တစ်ပတ်ပြည့်အောင် ပတ်နိုင်ပါသေးတယ် ။ shwekhitonlinetv.com

သိပ္ပံပညာရှင်တွေ ရဲ့ အဆိုအရ TOI-1231b ဂြိုဟ်ရဲ့ လေထုဟာ ခန့်မှန်းခြေ အားဖြင့် ( ၅၆.၈၅ ) ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်တဲ့ ။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ထိုဂြိုဟ်ရဲ့ လေထုထဲမှာ မြင့်မားတဲ့ တိမ်များ ရှိနိုင်တဲ့အပြင် ရေ ပါ ရှိနိုင်တဲ့ အထောက်အထားတွေကို လည်း တွေ့ရပါတယ် ။ Nasa JPL ရဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ Jennifer Burt ကတော့ “အရင်က ရှာတွေ့ခဲ့တဲ့ အပူချိန် ထောင်ချီပြီး ပူပြင်း လောင်ကျွမ်းနေတဲ့ ဂြိုဟ်တွေ နဲ့ ယှဉ်ရင်တော့ TOI-1231b ဂြိုဟ် ဟာ အတော်လေး အေးမြတဲ့ ဂြိုဟ် အနေအထားမှာ ရှိတယ်လို့ “ ပြောကြားထားခဲ့ပါတယ် ။ shwekhitonlinetv.com

၅ ။ Kepler-452b

အခု နောက်ဆုံးပြောပြပေးမယ့် ဂြိုဟ်ကတော့ Kepler-452b လို့ အမည်ရတဲ့ ဂြိုဟ်ပဲ ဖြစ်ပါတယ် ။ နာဆာ အဖွဲ့အစည်းကတော့ ထိုဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်နဲ့ အတော်လေးကိုမှ ဆင်တူ တဲ့ ဂြိုဟ်တွေထဲက တစ်လုံး ဖြစ်တယ်လို့ ပြောကြားထားတာပါ ။ ဒါ့အပြင် Kepler-452b ဂြိုဟ် က ပတ် နေတဲ့ ကြယ်ဟာ နေ နဲ့ အတော်လေးကို ဆင်တူပြီး Kepler-452b ဂြိုဟ် ဟာလည်း ထိုကြယ် နဲ့ မနီးလွန်း ၊ မဝေးလွန်းတဲ့ အကွာအဝေးမှာ တည်ရှိနေတာကြောင့် နေထိုင်နိုင်တယ် ဂြိုဟ်တစ်လုံး အဖြစ် သတ်မှတ်ခံထား ရပါတယ် ။ shwekhitonlinetv.com

အကွာအဝေး အနေနဲ့ကတော့ Kepler-452b ဂြိုဟ်ဟာ ကမ္ဘာမြေကနေ အလင်းနှစ်ပေါင်း ( ၁၄၀၀ ) အကွာမှာ တည်ရှိနေတာကြောင့် တော်တော်လေး ဝေးလံတာပဲ ဖြစ်ပါတယ် ။ နောက်ပြီး Kepler-452b ဂြိုဟ်ရဲ့ အရွယ်အစားဟာ ကမ္ဘာဂြိုဟ်ထက် ( ၁.၆ ) ဆ ပိုပြီးတော့ ကြီးမားပါတယ်တဲ့ ။ ဒါပေမယ့်လည်း ဒီ ဂြိုဟ်ရဲ့ အတွင်းပိုင်းမှာတော့ ကျောက်ဆောင် ၊ ကျောက်ခဲတွေနဲ့ ဖွဲ့စည်းထားနိုင်ခြေများတာကြောင့် နေထိုင်ဖို့ သတ်မှတ်ရန် စောလွန်းသေးတယ်လို့ Kepler-452b ဂြိုဟ်ကို ရှာဖွေ့တွေ့ရှိခဲ့သူတွေက ပြောကြားထားပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိထားတဲ့ ကမ္ဘာနှင့်ပုံစံတူ ဂြိုလ်အသစ်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Zawgyi

ပရိသတ္ႀကီးကို အခုတစ္ေခါက္မွာေတာ့ မၾကာေသးခင္ကမွ ရွာေဖြေတြ႕ရွိထားေသာ ကမာၻႏွင့္ပုံစံတူ တဲ့ ၿဂိဳလ္အသစ္ေတြ အေၾကာင္းကို ေျပာျပေပးသြားမွာပဲ ျဖစ္ပါတယ္ ။ အာကာသစၾကာ၀ဠာထဲမွာ မေရမတြက္ႏိုင္တဲ့ ၿဂိဳဟ္ေပါင္းမ်ားစြာရွိတာ မွန္ေပမယ့္လည္း ကမာၻနဲ႔ပုံစံတူတဲ့ ၿဂိဳဟ္ေတြကို ရွာေတြ႕ဖို႔အတြက္က်ေတာ့ ပညာရွင္ေတြဟာ လက္ရွိ နည္းပညာေတြနဲ႔ ခက္ခက္ခဲခဲ ရွာေဖြၾကရတာပါ ။ဒါ့ေၾကာင့္ အခုအခ်ိန္အထိ ကမာၻနဲ႔ တူတဲ့ ၿဂိဳဟ္ ဘယ္ႏွစ္လုံးကို ပညာရွင္ေတြ ရွာေတြ႕ခဲ့ၾကၿပီလဲဆိုတာကိုေတာ့ ေအာက္ကပုံေလးေတြ တစ္ပုံခ်င္းစီကိုသာ ၾကည့္လိုက္ပါဦးေနာ္ …. shwekhitonlinetv.com

၁ ။ Trappist-1

အခု ပထမဦးဆုံးေျပာျပေပးခ်င္တာကေတာ့ Trappist-1 အဖြဲ႕အစည္းထဲမွာ ပါဝင္တဲ့ ၿဂိဳဟ္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ သိပၸံပညာရွင္ေတြဟာ ကမာၻေျမနဲ႔ အလင္းႏွစ္ေပါင္း ( ၄၀ ) အကြာမွာရွိတဲ့ Trappist-1 ၾကယ္ ကို ( ၁၉၉၉ ) ခုႏွစ္ က စတင္ ရွာေဖြေတြ႕ရွိခဲ့ပါတယ္ ။ ( ၂၀၀၆ ) ခုႏွစ္ မွာေတာ့ Trappist-1 ၾကယ္ကို လွည့္ပတ္ေနတဲ့ ၿဂိဳဟ္ ( ၃ ) လုံးကို ထပ္မံ ေတြ႕ရွိခဲ့ၾကပါတယ္ ။ ေနာက္ပိုင္း ( ၂၀၀၈ ) ခုႏွစ္ အေရာက္မွာေတာ့ ထို ၾကယ္ကို လွည့္ပတ္ေနတဲ့ ေနာက္ထပ္ ၿဂိဳဟ္ ( ၄ ) လုံး ရွိေသးေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ၾကပါတယ္ ။ shwekhitonlinetv.com

ဒါ့ေၾကာင့္မို႔ Trappist-1 ၾကယ္ကို လွည့္ပတ္ေနတဲ့ ၿဂိဳဟ္ေတြဟာ ( ၇ ) လုံး ရွိတယ္လို႔ ေျပာလို႔ရပါတယ္ ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ ဒီ ၿဂိဳဟ္ ( ၇ ) လုံးဟာ ကမာၻေျမႀကီး အ႐ြယ္အစား နဲ႔ တူညီကာ ေက်ာက္ေဆာင္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ ။ ဒီအထဲကမွ ၿဂိဳဟ္ ( ၃ ) လုံးဟာဆိုရင္ လူသားေတြ ေနထိုင္ႏိုင္ဖို႔ အဆင္ေျပႏိုင္တယ္လို႔ ပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္ ။ ဒါေပမယ့္ ဒီၿဂိဳဟ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ မလုံေလာက္ေသးတဲ့ အတြက္ေၾကာင့္ လူသားေတြ ေနထိုင္ႏိုင္တာကို အတည္ျပဳဖို႔အတြက္ ေစာလြန္းေနပါေသးတယ္ ။ shwekhitonlinetv.com

၂ ။ Kepler-22b

ေနာက္ထပ္ ေျပာျပေပးမယ့္ ၿဂိဳဟ္ကေတာ့ ကမာၻေျမ နဲ႔ အလင္းႏွစ္ ( ၆၀၀ ) အကြာမွာ တည္ရွိတဲ့ Kepler-22b အမည္ရွိ ၿဂိဳဟ္ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ ဒီ ၿဂိဳဟ္ကို ( ၂၀၁၁ ) ခုႏွစ္ တုန္းက ရွာေတြခဲ့တာျဖစ္ၿပီး NASA အဖြဲ႕အစည္း ကေတာ့ “ Super Earth “ လို႔ သတ္မွတ္ေပးထားပါတယ္ ။ ေလ့လာမႈေတြအရ Kepler-22b ၿဂိဳဟ္ဟာ သူ႔ရဲ႕ ေနအဖြဲ႕အစည္းထဲမွာေတာ့ လူသားေတြ ေနထိုင္ႏိုင္တဲ့ ပတ္လမ္းေၾကာင္း အကြာအေဝးမွာရွိၿပီး ၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ အပူခ်ိန္ဟာ ( ၁၅.၅ ) ဒီဂရီ စင္တီဂရိတ္ ရွိပါတယ္ ။ shwekhitonlinetv.com

သုေတသီ တစ္ခ်ိဳ႕ ကေတာ့ Kepler-22b ၿဂိဳဟ္ဟာ ကမာၻလိုမ်ိဳး သမုဒၵရာ ကမာၻ ေနာက္တစ္ခု ျဖစ္ႏိုင္ၿပီး ကမာၻၿဂိဳဟ္ထက္လည္း အ႐ြယ္အစား ပိုႀကီးႏိုင္တယ္လို႔ ယုံၾကည္ထားၾကပါတယ္ ။ ေနာက္ၿပီး Kepler-22b ၿဂိဳဟ္ဟာ ကမာၻၿဂိဳဟ္ထက္ ( ၂.၄ ) ဆ ပိုႀကီးၿပီး သူ႔ရဲ႕ ၾကယ္ကို တစ္ပတ္အျပည့္ ပတ္ဖို႔အတြက္ ရက္ေပါင္း ( ၂၈၉.၉ ) ရက္ ၾကာတာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ ထို ၿဂိဳဟ္ဟာ အေတာ္ေလးကို ေစာင္းေနတဲ့ အေနအထားမွာရွိတာေၾကာင့္ ေတာင္ဝင္႐ိုးစြန္း နဲ႔ ေျမာက္ဝင္႐ိုးစြန္းတို႔ဟာ ေနေရာင္ျခည္ နဲ႔ ညအေမွာင္ထုကို (၆) လေလာက္ေနမွ တစ္ခါ ေတြ႕ရႏိုင္ပါတယ္တဲ့ ။ shwekhitonlinetv.com

၃ ။ Kepler-69c

ကမာၻၿဂိဳဟ္နဲ႔ ဆင္တူတဲ့ ေနာက္ထပ္ ၿဂိဳဟ္တစ္လုံးကေတာ့ Kepler-69c လို႔ အမည္ရွိတဲ့ ၿဂိဳဟ္ပဲ ျဖစ္ပါတယ္ ။ Kepler-69c ၿဂိဳဟ္ဟာ ကမာၻေျမနဲ႔ အလင္းႏွစ္ေပါင္း ( ၂၇၀၀ ) ခန႔္ အကြာအေဝးမွာ တည္ရွိၿပီး အ႐ြယ္အစားကေတာ့ ကမာၻၿဂိဳဟ္ထက္ ( ၇၀ ) ရာခိုင္ႏႈန္း ပိုၿပီး ႀကီးပါတယ္တဲ့ ။ ဒါေပမယ့္ ကမာၻၿဂိဳဟ္ အဖြဲ႕အစည္းထဲမွာရွိတဲ့ ယူေရးနပ္စ္ ၿဂိဳဟ္ နဲ႔ နတ္ပကြၽန္း ၿဂိဳဟ္ထက္ေတာ့ ေသးငယ္ပါတယ္တဲ့ ။ ေနာက္ၿပီး Kepler-69c ၿဂိဳဟ္ဟာ သူ႔ရဲ႕ ၾကယ္ကို တစ္ပတ္ျပည့္ေအာင္ ပတ္ဖို႔အတြက္ ရက္ေပါင္း ( ၂၄၂ ) ရက္ ၾကာျမင့္မွာပဲ ျဖစ္ပါတယ္။ shwekhitonlinetv.com

ပညာရွင္ေတြ ရဲ႕ ေျပာၾကားခ်က္အရေတာ့ Kepler-69c ၿဂိဳဟ္ဟာ သူ႔ရဲ႕ ပင္မ ၾကယ္ နဲ႔ မနီးလြန္း ၊ မေဝးလြန္း တဲ့ အကြာအေဝးမွာ ရွိေနတာေၾကာင့္ ေနထိုင္ႏိုင္ဖို႔ သင့္ေတာ္တဲ့ ၿဂိဳဟ္ျဖစ္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္ ။ ဒါ့အျပင္ ၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ အပူခ်ိန္ဟာ ( ၅၂ ) ဒီဂရီ စင္တီဂရိတ္ ဒါမွမဟုတ္ ဒီ့ထက္ ပိုၿပီး ပူႏိုင္တယ္လို႔ သိရပါတယ္ ။ လက္ရွိမွာေတာ့ Kepler-69c ၿဂိဳဟ္ရဲ႕ အခ်က္အလက္ေတြကို တိတိက်က် မသိရေသးတာေၾကာင့္ ပညာရွင္ေတြ စူးစမ္းေလ့လာမႈေတြ ဆက္လက္ လုပ္ေနဆဲပဲ ျဖစ္ပါတယ္ ။ shwekhitonlinetv.com

၄ ။ TOI-1231b

နာဆာ ရဲ႕ Jet Propulsion Laboratory နဲ႔ နယူး မကၠဆီကို တကၠသိုလ္တို႔ဟာ ကမာၻၿဂိဳဟ္ထက္ ( ၃ ) ဆ ပိုႀကီးတဲ့ ၿဂိဳဟ္တစ္လုံးကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္ ။ ဒီ ၿဂိဳဟ္ကိုေတာ့ TOI-1231b လို႔ နာမည္ေပးထားၿပီး ကမာၻေျမရဲ႕ အလင္းႏွစ္ေပါင္း ( ၉၀ ) အကြာအေဝးမွာ ရွိတယ္လို႔ နာဆာ သိပၸံပညာရွင္ေတြက ေျပာၾကားထားပါတယ္ ။ ဒါ့အျပင္ TOI-1231b ၿဂိဳဟ္ဟာ အနီေရာင္ ၾကယ္ပု တစ္လုံးကို လွည့္ပတ္ေနတယ္ဆိုတာကိုပါ နာဆာ ပညာရွင္ေတြက ရွာေတြ႕ခဲ့ၾကပါေသးတယ္ ။ ေနာက္ၿပီး ထို ၿဂိဳဟ္ဟာ ကမာၻေျမရဲ႕ အပူခ်ိန္နဲ႔ အေတာ္ေလးကို နီးနီးစပ္စပ္ တူညီၿပီး ( ၂၄ ) ထဲနဲ႔ သူ႔ရဲ႕ ၿဂိဳဟ္ပတ္လမ္းကို တစ္ပတ္ျပည့္ေအာင္ ပတ္ႏိုင္ပါေသးတယ္ ။ shwekhitonlinetv.com

သိပၸံပညာရွင္ေတြ ရဲ႕ အဆိုအရ TOI-1231b ၿဂိဳဟ္ရဲ႕ ေလထုဟာ ခန႔္မွန္းေျခ အားျဖင့္ ( ၅၆.၈၅ ) ဒီဂရီစင္တီဂရိတ္ ရွိႏိုင္ပါတယ္တဲ့ ။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ထိုၿဂိဳဟ္ရဲ႕ ေလထုထဲမွာ ျမင့္မားတဲ့ တိမ္မ်ား ရွိႏိုင္တဲ့အျပင္ ေရ ပါ ရွိႏိုင္တဲ့ အေထာက္အထားေတြကို လည္း ေတြ႕ရပါတယ္ ။ Nasa JPL ရဲ႕ သိပၸံပညာရွင္ တစ္ေယာက္ျဖစ္တဲ့ Jennifer Burt ကေတာ့ “အရင္က ရွာေတြ႕ခဲ့တဲ့ အပူခ်ိန္ ေထာင္ခ်ီၿပီး ပူျပင္း ေလာင္ကြၽမ္းေနတဲ့ ၿဂိဳဟ္ေတြ နဲ႔ ယွဥ္ရင္ေတာ့ TOI-1231b ၿဂိဳဟ္ ဟာ အေတာ္ေလး ေအးျမတဲ့ ၿဂိဳဟ္ အေနအထားမွာ ရွိတယ္လို႔ “ ေျပာၾကားထားခဲ့ပါတယ္ ။ shwekhitonlinetv.com

၅ ။ Kepler-452b

အခု ေနာက္ဆုံးေျပာျပေပးမယ့္ ၿဂိဳဟ္ကေတာ့ Kepler-452b လို႔ အမည္ရတဲ့ ၿဂိဳဟ္ပဲ ျဖစ္ပါတယ္ ။ နာဆာ အဖြဲ႕အစည္းကေတာ့ ထိုၿဂိဳဟ္ဟာ ကမာၻၿဂိဳဟ္နဲ႔ အေတာ္ေလးကိုမွ ဆင္တူ တဲ့ ၿဂိဳဟ္ေတြထဲက တစ္လုံး ျဖစ္တယ္လို႔ ေျပာၾကားထားတာပါ ။ ဒါ့အျပင္ Kepler-452b ၿဂိဳဟ္ က ပတ္ ေနတဲ့ ၾကယ္ဟာ ေန နဲ႔ အေတာ္ေလးကို ဆင္တူၿပီး Kepler-452b ၿဂိဳဟ္ ဟာလည္း ထိုၾကယ္ နဲ႔ မနီးလြန္း ၊ မေဝးလြန္းတဲ့ အကြာအေဝးမွာ တည္ရွိေနတာေၾကာင့္ ေနထိုင္ႏိုင္တယ္ ၿဂိဳဟ္တစ္လုံး အျဖစ္ သတ္မွတ္ခံထား ရပါတယ္ ။ shwekhitonlinetv.com

အကြာအေဝး အေနနဲ႔ကေတာ့ Kepler-452b ၿဂိဳဟ္ဟာ ကမာၻေျမကေန အလင္းႏွစ္ေပါင္း ( ၁၄၀၀ ) အကြာမွာ တည္ရွိေနတာေၾကာင့္ ေတာ္ေတာ္ေလး ေဝးလံတာပဲ ျဖစ္ပါတယ္ ။ ေနာက္ၿပီး Kepler-452b ၿဂိဳဟ္ရဲ႕ အ႐ြယ္အစားဟာ ကမာၻၿဂိဳဟ္ထက္ ( ၁.၆ ) ဆ ပိုၿပီးေတာ့ ႀကီးမားပါတယ္တဲ့ ။ ဒါေပမယ့္လည္း ဒီ ၿဂိဳဟ္ရဲ႕ အတြင္းပိုင္းမွာေတာ့ ေက်ာက္ေဆာင္ ၊ ေက်ာက္ခဲေတြနဲ႔ ဖြဲ႕စည္းထားႏိုင္ေျခမ်ားတာေၾကာင့္ ေနထိုင္ဖို႔ သတ္မွတ္ရန္ ေစာလြန္းေသးတယ္လို႔ Kepler-452b ၿဂိဳဟ္ကို ရွာေဖြ႕ေတြ႕ရွိခဲ့သူေတြက ေျပာၾကားထားပါတယ္ ။ shwekhitonlinetv.com

အခုေဖာ္ျပေပးထားတာကေတာ့ မထင္မွတ္ဘဲ ရွာေဖြေတြ႕ရွိထားတဲ့ ကမာၻႏွင့္ပုံစံတူ ၿဂိဳလ္အသစ္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ ေနာက္ပိုင္းေတြမွာလည္း အခုလိုမ်ိဳး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ရွာေဖြတင္ဆက္ေပးမွာမို႔လို႔ Shwe Khit ကို ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦးေနာ္ …. shwekhitonlinetv.com

Leave a Reply

Your email address will not be published. Required fields are marked *