






ရှုခင်းများ


ရယ်မောရခြင်း








Unicode

Hometown Cha Cha Chaကို သင့်အနေနဲ့ ကျိန်းသေပေါက် ကြည့်သင့်တဲ့အချက်များ

Shin Min Ah နဲ့ Kim Seon Ho တို့ဟာသအချစ်ဒရမ်မာတစ်ခုမှာအတူသရုပ်ဆောင်မယ်လို့တရားဝင်ကြေငြာလိုက်ကတည်းကပရိသတ်တွေဟာရင်ခုန်နေခဲ့ကြပါတယ်…ဇာတ်လမ်းတွဲမစခင်မှာပဲပရိသတ်များဘက်ကသူတို့ကို “ပါးချိုင့်စုံတွဲ” လို့လည်းခေါ်ဝေါ်ခဲ့ကြပါတယ်….

သရုပ်ဆောင်နှစ်ဦးစလုံးရဲ့ပါးချိုင့်တွေကပဲလူတွေကိုသတိထားမိစေတာပါ…အခုဆိုအပိုင်း၂ပိုင်းတောင်ထုတ်လွှင့်လို့ပြီးပါပြီ…ဘာလို့ကြည့်သင့်တာလဲဆိုတာကိုဆက်ကြီးရှုစားပေးပါဦးလေနော်…

အဓိကသရုပ်ဆောင်နှစ်ဦး
Shin Min Ah ဟာသွားဆရာဝန် Yoon Hye Jin အဖြစ်သရုပ်ဆောင်ပြီးသူမအထက်အရာရှိနဲ့ရန်ဖြစ်ခဲ့တာမလို့အလုပ်မှထွက်ပြီးအခြားနေရာကိုပြောင်းရွှေ့လာသူပါ…

သူမဟာစိတ်တွေပြန်လည်လန်းဆန်းစေဖို့ရာနယ်မြို့လေးတစ်မြို့သို့သွားခဲ့ပြီးနောက် Hong Doo Shik(Kim Seon Ho )ရဲ့အကူအညီကိုမှီခိုနေခဲ့ရပါတော့တယ်…Doo Shik ကအလုပ်လက်မဲ့ဖြစ်ပေမယ့်ထူးဆန်းတဲ့အလုပ်များစွာရှိတဲ့သူတစ်ယောက်ပါ…

သူမခြေထောက်ပေါ်သူမပြန်လည်ရပ်တည်နိုင်ဖို့ရာDoo Shikကကူညီခဲ့ပြီးအဆိုပါနယ်မြို့လေးမှာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာပါတော့တယ်…

ရှုခင်းများ

အဆိုပါစီးရီးရဲ့ပထမဆုံးရိုက်ချက်မှာတင်ပရိသတ်အားလုံးကိုလှပတဲ့မြင်ကွင်းတွေနဲ့စတင်မိတ်ဆက်လိုက်တော့တာပါပဲ…တစထက်တစ်စတိုးတက်နေတဲ့ Gongjin မြို့ငယ်လေးရဲ့သမုဒ္ဒရာနဲ့လှပတဲ့ရှုခင်း တွေ… ဒါဟာတကယ့်ကိုလှပတဲ့အရာပဲနော် ခေတ်ကြိုက်ပရိသတ်တို့ရေ…Cinematographyကလည်းအရမ်းကိုသေသပ်ပြီးခမ်းနားမှုရှိပါတယ်…

ရယ်မောရခြင်း

ဒီစီးရီးကအားလုံးရင်ထဲကိုနွေးထွေးစေပါတယ်..Hye Jin ကပင်လယ်စာစားသောက်ဆိုင်ရဲ့ရေချိုးခန်းမှာသန့်ရှင်းရေးဖိနပ်ကိုဝတ်ထားတဲ့အချိန်မှစတင်ပြီး သူမရဲ့ဖိနပ်နှင့်ပိုက်ဆံအိတ်တွေဟာကလေးငယ်လေးကိုတောင်အတုလို့ထင်စေခဲ့တာမျိုး….

Doo Shikတစ်ယောက် နေရာတိုင်းမှာအလုပ်လုပ်နေတာမျိုးကအလွန်ရယ်စရာကောင်းလွန်းပါတယ်… နွေးထွေးမှုနှင့်ပျော်ရွှင်မှုကိုခံစားစေခဲ့ရတာကြောင့်ကြည့်မိသူတိုင်းပြုံးကြမှာအမှန်ပါပဲ…

နှလုံးသားကိုအနာကျက်စေခြင်း

Hye Jin လှေပေါ်မှဆင်းပြီးနောက် Doo Shik ကဒေသခံများနဲ့လည်းမိတ်ဆက်ပေးခဲ့တဲ့အပိုင်းကိုကြည့်ပြီးကြမှာပါနော်…ဒေသခံအားလုံးနဲ့Doo Shikရဲ့အပြန်အလှန်ဆက်ဆံမှုတွေကြောင့်ကြည့်ရှုသူကိုယ်တိုင်လည်းထပ်တူနွေးထွေးလာပြီးသူတို့တစ် ဦးချင်းစီရဲ့ကိုယ်ပိုင်စရိုက်များကိုလည်းဆက်လက်မြင်တွေ့ရဦးမှာပါ…

ကြည်နူးဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်း

ပထမဇာတ်လမ်းတွဲမှာတော့ Hong Doo Shik နဲ့Yoon Hye Jin တို့ကစိတ်ကူးယဉ်အချစ်စုံတွဲတစ်တွဲပုံ ဖြစ်မနေပါဘူး…ဒါပေမယ့်Hye Jinရဲ့အကြပ်အတည်းတွေကိုကူညီနိုင်တာDoo Shikတစ်ယောက်ပဲရှိပါတယ်..နယ်မြို့လေးနောက်ခံအချစ်ဇာတ်လမ်းဘယ်လိုလာမလဲဆိုတာကိုတော့ပရိသတ်တို့ကပဲHometown Cha Cha Chaကိုစောင့်ကြည့်လိုက်ပါဦးနော်…

Leave a Reply

Your email address will not be published. Required fields are marked *