Unicode
ချစ်သူရလို့ ပျော်မလို့ရှိသေး ကလေး၂ယောက်ပါရှိနေလို့ ဝမ်းနည်းပြီး ထိုင်ငိုခဲ့တဲ့ ကောင်လေး
လောကကြီးကို အချစ်တွေနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး လူတိုင်းက အချစ်နှင့် အမြဲထိတွေ့နေရကာ တကယ်ချစ်တဲ့သူ ရှိသလို တကယ်မချစ်ပဲ ကိုယ့်ဘဝထဲကို အပျော်သက်သက်လှည့်စားခဲ့သူများလည်း ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၀အရွယ်ကောင်လေးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်တူတူလုပ်ရင်း ၂၉နှစ်အရွယ် အစ်မတစ်ယောက်နှင့်တွေ့ဆုံခဲ့ရာ ချစ်ကြိုက်သွားခဲ့သည်။
အသက်ကွာသော်လည်း ကောင်လေးမှ ချစ်သူမိန်းကလေးကို အရမ်းအလိုလိုက် ချစ်ပေးခဲ့ရင်း ကပ်ရောဂါအတွင်း ကုမ္ပဏီမှာလည်း ပိတ်လိုက်ရ၍ကိုယ့်ရပ်ရွာကို ပြန်နေကြသဖြင့် မတွေ့ဖြစ်တော့ပေ။
ထို့ကြောင့် ကောင်လေးသည် အပြင်ပြန်ထွက်ရစဉ် ချစ်သူမိန်းကလေးကို အကြောင်းမကြားပဲ နေရာအရပ်သို့ လိုက်သွားတွေ့ခဲ့စဉ်ထင်မှတ်မထားပဲ သူမတွင် ယောကျာ်းနှင့် ကလေး၂ယောက်ပါ ရှိနေကြောင်း သိခဲ့ရပြီး စိတ်ထဲတွင် ဘယ်လိုမှထိန်းမရတော့ပဲ နာကျင်လွန်း၍ တံခါးဝမှာပင် ထိုင်ငိုချခဲ့သည်။
ကောင်လေးသည် သူဧ။်အချစ်တွေအကုန်လုံးကို ထိုမိန်းကလေး တစ်ယောက်တည်းအတွက် ပေးထားခဲ့သည့်အတွက် အလွန်ခံစားခဲ့ရသော ကြေကွဲစရာ ဇာတ်လမ်းလေးအား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Leave a Reply
Your email address will not be published. Required fields are marked *