သန်းကြွယ်သူဌေးဖြစ်မှန်း လူသိများအောင် မင်္ဂလာဆောင်ပွဲအတွင်းမှာ ရွှေအမြောက်အမြား ဝတ်ဆင်ထားခဲ့တဲ့ သတို့သမီး

မကြာသေးမီကပင် The News International တရုတ်အွန်လိုင်းကမ္ဘာမှာ လူငယ်စုံတွဲတစ်တွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို ဝေမျှလာခဲ့ပါတယ် ။ သတို့သမီးက ရိုးရာအဆင်တန်ဆာဖြစ်တဲ့ ရွှေအမြောက်အမြားနဲ့ တန်ဆာဆင်ခဲ့ပါတယ် ။

မင်္ဂလာဆောင်ပွဲကို တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ Zhongshan မြို့မှာ ပြုလုပ်ခဲ့ပြီး သန်းကြွယ်သူဌေးတစ်ဦးရဲ့ သား မင်္ဂလာဆောင်ဖြစ်ပါတယ် ။“Tu Hao” လို့လည်း လူသိများပြီး သူက မင်္ဂလာဆောင်အခမ်းအနားအတွက် ယွမ် ၂.၈ သန်း သုံးစွဲခဲ့ပါတယ် ။

သူတို့စုံတွဲက ရုပ်ရှင်ကားထဲက Qing မင်းဆက်ဝတ်စုံများဝတ်ဆင်ထားကြပြီး သတို့သမီးက ရွှေကို အပြည့်ဝတ်ဆင်ထားခဲ့ပါတယ် ။ဒီသတို့သမီးရဲ့ လုပ်ဆောင်ချက်ကြောင့် ဓာတ်ပုံကို ဝေမျှလိုက်တဲ့အခါမှာ လျင်မြန်စွာပြန့်နှံ့သွားပြီး သူမကို Netizen များစွာက ဝေဖန်နေကြပါတယ် ။

JRose (KB Chimmy One)

Zawgyi




JRose (KB Chimmy One)

Leave a Reply

Your email address will not be published. Required fields are marked *