ဝက္ၿခံနဲ႔အဆီႀကိတ္ကင္းစင္တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္လိုသူတိုင္း လိုက္နာရမယ့္ အခ်က္ (၇) ခ်က္

မျက်နှာအသားအရေဟာ ပင်ကိုယ်ကောင်းနေမှ မိတ်ကပ်လိမ်းရင်လည်း လှမှာပါ။ ဒီလိုမှမဟုတ်ပဲ မျက်နှာအသားအရေဟာ အဆီကြိတ်တွေ၊ ဝက်ခြံတွေရှိနေရင် ဘယ်လောက်ပြင်ပြင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ခုဖော်ပြပေးမှာကတော့ ဝက်ခြံနဲ့ အဆီကြိတ်ကင်းစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်စေမယ့်အသားအရေ ထိန်းသိမ်းနည်းပုံစံတွေပဲဖြစ်ပါတယ်။

(၁) မျက်နှာပေါ်ကအဖုတွေ၊ ဝက်ခြံတွေနဲ့ အဆီကြိတ်တွေကို ထိုးတာ၊ ဆိတ်တာ၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ လက်ယောင်လိုက်တာတွေ၊ ပိုးဝင်တာတွေဖြစ်ရင် ပိုပြီးဆိုးလာမှာပါ။

(၂) အိပ်ရာမဝင်ခင်တိုင်း သေသေချာချာ မျက်နှာကို ဆေးကြောသန့်စင်ပါ။ မိတ်ကပ်လိမ်းထားရင်လည်း ပြောင်စင်အောင်ဖျက်ပြီး မျက်နှာသစ်ပေးပါ။

(၃) မိတ်ကပ်မလိမ်းပါနဲ့။ မိတ်ကပ်ဟာ မျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်စေနိုင်တဲ့အတွက် မျက်နှာပေါ်ကဝက်ခြံတွေကို ပိုပြီးဆိုးရွားလာစေပါတယ်။

(၄) ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်စင်ပေးပါတယ်။ ရေဓာတ်မပြည့်ရင် အသားခြောက်တာ၊ ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။

(၅) ဆံပင်ကို အမြဲတမ်းစည်းထားပေးပါ။ အကြောင်းကတော့ ဆံပင်မှာလိမ်းထားတဲ့အဆီတွေ၊ Gel တွေနဲ့၊ သုံးစွဲနေတဲ့ ခေါင်းလျှော်ရည်ထဲက ပါဝင်ပစ္စည်းတွေနဲ့ဓာတ်မတည့်တဲ့အခါမှာလည်း ဝက်ခြံတွေထွက်နိုင်ပါတယ်။ ဒါကြောင်ဆံပင်ကို အမြဲလိုလို စည်းထားတာအကောင်းဆုံးပါပဲ။

(၆) အချိုတွေ၊ သကြားတွေကိုလျှော့စားပါ။

သကြားဓာတ်က အင်ဆူလင်ကို များလာစေတဲ့အတွက် ဝက်ခြံတွေ၊ အဆီကြိတ်တွေဖြစ်စေနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကလည်း ဝက်ခြံထွက်စေနိုင်တဲ့အတွက် ရှောင်တာအကောင်းဆုံးပါပဲ။

(၇) ခေါင်းအုံးစွပ်တွေကိုလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ခေါင်းအုံးစွပ်တွေ ညစ်ပတ်နေတဲ့အခါတွေ၊ စိုထိုင်းထိုင်းဖြစ်နေရင် မျက်နှာမှာဝက်ခြံတွေ၊ အဆီဖုတွေဖြစ်လာနိုင်ပါတယ်။

Credit : Aunty may

Zawgyi

မ်က္ႏွာအသားအေရဟာ ပင္ကိုယ္ေကာင္းေနမွ မိတ္ကပ္လိမ္းရင္လည္း လွမွာပါ။ ဒီလိုမွမဟုတ္ပဲ မ်က္ႏွာအသားအေရဟာ အဆီႀကိတ္ေတြ၊ ဝက္ၿခံေတြရွိေနရင္ ဘယ္ေလာက္ျပင္ျပင္ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ ခုေဖာ္ျပေပးမွာကေတာ့ ဝက္ၿခံနဲ႔ အဆီႀကိတ္ကင္းစင္တဲ့မ်က္ႏွာေလးကိုပိုင္ဆိုင္ႏိုင္ေစမယ့္အသားအေရ ထိန္းသိမ္းနည္းပုံစံေတြပဲျဖစ္ပါတယ္။

(၁) မ်က္ႏွာေပၚကအဖုေတြ၊ ဝက္ၿခံေတြနဲ႔ အဆီႀကိတ္ေတြကို ထိုးတာ၊ ဆိတ္တာ၊ ညႇစ္တာမ်ိဳး လုံးဝမလုပ္ပါနဲ႔။ လက္ေယာင္လိုက္တာေတြ၊ ပိုးဝင္တာေတြျဖစ္ရင္ ပိုၿပီးဆိုးလာမွာပါ။

(၂) အိပ္ရာမဝင္ခင္တိုင္း ေသေသခ်ာခ်ာ မ်က္ႏွာကို ေဆးေၾကာသန႔္စင္ပါ။ မိတ္ကပ္လိမ္းထားရင္လည္း ေျပာင္စင္ေအာင္ဖ်က္ၿပီး မ်က္ႏွာသစ္ေပးပါ။

(၃) မိတ္ကပ္မလိမ္းပါနဲ႔။ မိတ္ကပ္ဟာ မ်က္ႏွာေပၚကေခြၽးေပါက္ေတြကို ပိတ္ေစႏိုင္တဲ့အတြက္ မ်က္ႏွာေပၚကဝက္ၿခံေတြကို ပိုၿပီးဆိုး႐ြားလာေစပါတယ္။

(၄) ေရမ်ားမ်ားေသာက္ပါ။ ေရဟာခႏၶာကိုယ္ထဲက အညစ္အေၾကးနဲ႔ အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္တဲ့အတြက္ ခႏၶာကိုယ္အတြင္းပိုင္းကို သန႔္စင္ေပးပါတယ္။ ေရဓာတ္မျပည့္ရင္ အသားေျခာက္တာ၊ ဝက္ၿခံထြက္တာေတြ ျဖစ္ႏိုင္ပါတယ္။

(၅) ဆံပင္ကို အၿမဲတမ္းစည္းထားေပးပါ။ အေၾကာင္းကေတာ့ ဆံပင္မွာလိမ္းထားတဲ့အဆီေတြ၊ Gel ေတြနဲ႔၊ သုံးစြဲေနတဲ့ ေခါင္းေလွ်ာ္ရည္ထဲက ပါဝင္ပစၥည္းေတြနဲ႔ဓာတ္မတည့္တဲ့အခါမွာလည္း ဝက္ၿခံေတြထြက္ႏိုင္ပါတယ္။ ဒါေၾကာင္ဆံပင္ကို အၿမဲလိုလို စည္းထားတာအေကာင္းဆုံးပါပဲ။

(၆) အခ်ိဳေတြ၊ သၾကားေတြကိုေလွ်ာ့စားပါ။

သၾကားဓာတ္က အင္ဆူလင္ကို မ်ားလာေစတဲ့အတြက္ ဝက္ၿခံေတြ၊ အဆီႀကိတ္ေတြျဖစ္ေစႏိုင္ပါတယ္။ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကလည္း ဝက္ၿခံထြက္ေစႏိုင္တဲ့အတြက္ ေရွာင္တာအေကာင္းဆုံးပါပဲ။

(၇) ေခါင္းအုံးစြပ္ေတြကိုလည္း အထူးဂ႐ုစိုက္ဖို႔လိုပါတယ္။ ေခါင္းအုံးစြပ္ေတြ ညစ္ပတ္ေနတဲ့အခါေတြ၊ စိုထိုင္းထိုင္းျဖစ္ေနရင္ မ်က္ႏွာမွာဝက္ၿခံေတြ၊ အဆီဖုေတြျဖစ္လာႏိုင္ပါတယ္။

Credit : Aunty may

Leave a Reply

Your email address will not be published. Required fields are marked *