




Unicode

ဆွေမျိုးတွေရှိပေမဲ့လဲမထိန်းပေးလို့ ကလေးကိုကိုယ်တိုင်ပိုးပီး ဘိလပ်မြေအိတ်တွေ ထမ်းနေရတဲ့ ဖခင်

ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီးနောက် သားလေးတစ်ယောက်ရှိခဲ့ရာ ကံဆိုးစွာဖြင့် ဇနီးဖြစ်သူမှာ ဆုံးပါးသွားပြီး သူတို့သားအဖနှစ်ယောက်အားထားရစ်ခဲ့သည်။သားလေးမှာ အရမ်းငယ်သေးပြီး နို့ဗူးတိုက်နေရဆဲဖြစ်ကာ

ဖခင်ဖြစ်သူကလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ရမှာဖြစ်ပြီး အိမ်တွင်လည်းကလေးထိန်းပေးမည့်သူမရှိနှင့် အခက်တွေ့နေခဲ့ရသည်။ဖခင်ဖြစ်သူသည် ကြံရာမရတော့သည့် အဆုံး သားလေးကိုကျောပိုးကာ လုပ်ငန်းခွင်သို့ ခေါ်သွားခဲ့ပြီး

ဘိလပ်မြေအိတ်များစွာကို လေးလေးပင်ပင် ထမ်းခဲ့ရသည်။ထို့နောက် ဖခင်ဖြစ်သူသည် ပင်ပင်ပန်းပန်းလုပ်ထားရသည့် လုပ်အားခလေးကိုသားလေးအတွက် နို့မှုန့်များဝယ်ကာ ဖျော်တိုက်ခဲ့ပြီး ဘဝကိုအရှုံးမပေးပဲ ရုန်းကန်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *