ႏိုင္ငံတကာပ အဆင့္မီွသုသာန္ကို တည္ေဆာက္မႈ ၇၀ ရာခိုင္ႏႈန္းၿပီးစီးပီလို႔ မုံ႐ြာၿမိဳ႕အစိုးရအဖြဲ႕မွေၾကညာ ..

ႏိုင္ငံတကာပ အဆင့္မီွသုသာန္ကို တည္ေဆာက္မႈ ၇၀ ရာခိုင္ႏႈန္းၿပီးစီးပီလို႔ မုံ႐ြာၿမိဳ႕အစိုးရအဖြဲ႕မွေၾကညာ

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ ၿမိဳ႕ပတ္လမ္း‌ေဘး ကြၽဲရဲေက်း႐ြာ အနီး ေျမဧက၄ဒသမ၅ဧကအေပၚ၌ႏိုင္ငံတကာပုံစံ သုသာန္အသစ္ တည္ေဆာက္မႈ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီ ျဖစ္ေၾကာင္းမုံ႐ြာၿမိဳ႕နယ္ စည္ပင္သာယာေရး အဖြဲ႕အမႈေဆာင္အရာရွိ ဦးထြန္းထြန္းကေျပာသည္။

အဆိုပါ ႏိုင္ငံတကာပုံစံ သုသာန္အသစ္ တည္ေဆာက္မႈ လုပ္ငန္းမ်ားကို ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ဇြန္လမွစတင္၍ေျမေနရာ ျပဳျပင္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ယေန႔အထိ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးေနျခင္းျဖစ္သည္။သုသာန္အသစ္ တည္ေဆာက္မႈကေတာ့ လက္ရွိအခ်ိန္ထိေတာ့ ၇၀ ရာခိုင္ႏႈန္းေလာက္ဘဲ ၿပီးစီးေသးတာပါ။

ရာႏႈန္းျပည့္ ၿပီးစီးဖို႔က ဘတ္ဂ်တ္ရရွိတဲ့အေပၚ အၿပီး တည္ေဆာက္ရမွာ ျဖစ္ပါတယ္။သုသာန္ေတြက ၿမိဳ႕လည္ေခါင္မွာ ျဖစ္ေတာ့ အဲဒီသုသာန္ေတြကို ဖ်က္ၿပီးေတာ့ေခတ္မီစနစ္နဲ႔ သုႆာန္ အသစ္တစ္ခု တည္ေဆာက္ ေပးတာပါ ဟု ၎ကေျပာသည္။

အဆိုပါ သုသာန္အသစ္ တည္ေဆာက္မႈကို က်ပ္သန္း ၂၄၀ကုန္က်ရန္ ေမွ်ာ္မွန္းထားကာ လက္ရွိ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွခြင့္ျပဳ ေငြ ၂၀၁၉ ၂၀၂၀ ဘ႑ာ ေရးႏွစ္တြင္ က်ပ္သန္း ၁၈၀ ျဖင့္ လုပ္ေဆာင္ေနၿပီးက်န္ရွိသည္မ်ား ကို ေစတနာရွင္မ်ား အလႉရွင္မ်ား၏ ပံ့ပိုးမႈျဖင့္ ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

မုံ႐ြာၿမိဳ႕နယ္ အတြင္းရွိ အလုံ အိုးဘိုေတာင္ ၿမိဳ႕သစ္ ေကြ႕ႀကီး အစရွိသည့္ ရပ္ကြက္မ်ားတြင္ ရွိသည့္ သုသာန္မ်ားကိုစည္ပင္သာယာေရး ဥပေဒႏွင့္အညီ ဖ်က္သိမ္းခဲ့ကာ အဆိုပါရပ္ကြက္မ်ားႏွင့္ အနီးဆုံး‌ေနရာတြင္ သုသာန္အသစ္တစ္ခုကို ေဖာ္ေဆာင္ေပးျခင္း ျဖစ္ေၾကာင္းသိရသည္။

သုသာန္သစ္တြင္ မီးသၿဂိဳလ္ခြင့္သီးသန႔္သာ ခြင့္ျပဳ သြားမည္ျဖစ္ၿပီး ဂူတည္ျခင္း ေျမျမဳပ္ျခင္းမ်ားကို ျပဳလုပ္ခြင့္ မျပဳေတာ့ေၾကာင္းမိမိ၏ ဘိုးဘြားတို႔၏ အ႐ိုးျပာအိုးအား အထိမ္းအမွတ္ အေနျဖင့္ ထားလို႔ပါက၁ေပပတ္လည္ အကြက္မ်ားတြင္ ထိုက္သင့္သည့္ ေငြေၾကးျဖင့္ ထားႏိုင္ေၾကာင္း သိရသည္။

အဆိုပါ သုသာန္သစ္တည္ ေဆာက္ၿပီးစီးပါက အလုံ အိုးဘိုေတာင္ ၿမိဳ႕သစ္ ေကြ႕ႀကီးရပ္ ကြက္မ်ားသာ မကတစ္ၿမိဳ႕နယ္လုံး အသုံးျပဳႏိုင္မည္ ျဖစ္သည္။

Unicode

နိုင်ငံတကာပ အဆင့်မှီသုသာန်ကို တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးပီလို့ မုံရွာမြို့အစိုးရအဖွဲ့မှကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ပတ်လမ်း‌ဘေး ကျွဲရဲကျေးရွာ အနီး မြေဧက၄ဒသမ၅ဧကအပေါ်၌နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းမုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

အဆိုပါ နိုင်ငံတကာပုံစံ သုသာန်အသစ် တည်ဆောက်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လမှစတင်၍မြေနေရာ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေခြင်းဖြစ်သည်။သုသာန်အသစ် တည်ဆောက်မှုကတော့ လက်ရှိအချိန်ထိတော့ ၇၀ ရာခိုင်နှုန်းလောက်ဘဲ ပြီးစီးသေးတာပါ။

ရာနှုန်းပြည့် ပြီးစီးဖို့က ဘတ်ဂျတ်ရရှိတဲ့အပေါ် အပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။သုသာန်တွေက မြို့လည်ခေါင်မှာ ဖြစ်တော့ အဲဒီသုသာန်တွေကို ဖျက်ပြီးတော့ခေတ်မီစနစ်နဲ့ သုဿာန် အသစ်တစ်ခု တည်ဆောက် ပေးတာပါ ဟု ၎င်းကပြောသည်။

အဆိုပါ သုသာန်အသစ် တည်ဆောက်မှုကို ကျပ်သန်း ၂၄၀ကုန်ကျရန် မျှော်မှန်းထားကာ လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့မှခွင့်ပြု ငွေ ၂၀၁၉ ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်သန်း ၁၈၀ ဖြင့် လုပ်ဆောင်နေပြီးကျန်ရှိသည်များ ကို စေတနာရှင်များ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

မုံရွာမြို့နယ် အတွင်းရှိ အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီး အစရှိသည့် ရပ်ကွက်များတွင် ရှိသည့် သုသာန်များကိုစည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ကာ အဆိုပါရပ်ကွက်များနှင့် အနီးဆုံး‌နေရာတွင် သုသာန်အသစ်တစ်ခုကို ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။သုသာန်သစ်တွင် မီးသဂြိုလ်ခွင့်သီးသန့်သာ ခွင့်ပြု သွားမည်ဖြစ်ပြီး ဂူတည်ခြင်း မြေမြုပ်ခြင်းများကို ပြုလုပ်ခွင့် မပြုတော့ကြောင်းမိမိ၏ ဘိုးဘွားတို့၏ အရိုးပြာအိုးအား အထိမ်းအမှတ် အနေဖြင့် ထားလို့ပါက၁ပေပတ်လည် အကွက်များတွင် ထိုက်သင့်သည့် ငွေကြေးဖြင့် ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သုသာန်သစ်တည် ဆောက်ပြီးစီးပါက အလုံ အိုးဘိုတောင် မြို့သစ် ကွေ့ကြီးရပ် ကွက်များသာ မကတစ်မြို့နယ်လုံး အသုံးပြုနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *