သူငယ်ချင်းဖြစ်သူ ရေမွန်နဲ့ပတ်သက်ပြီး ရင်တွင်းခံစားချက်တချို့ကို ရေးသားလာတဲ့ .အဆိုတော် ကျားပေါက်..

သူငယ်ချင်းဖြစ်သူ ရေမွန်နဲ့ပတ်သက်ပြီး ရင်တွင်းခံစားချက်တချို့ကို ရေးသားလာတဲ့ အဆိုတော် ကျားပေါက်..

အဆိုတော်ကျားပေါက်ကတော့အဆိုတော်ရေမွန်ကိုလွမ်းတဲ့အကြောင်းလေးတွေကိုစာသားအပြည့်အဝနဲ့ဝမ်းနည်းစွာအခုလိုရေးသားဖော်ပြလာခဲ့ပါတယ်နော်။အဆိုတော်ကျားပေါက်ကငါmeetingခန်းထဲထွက်လာတော့ဖိုးဉာဏ်ဖုန်းဆက်လာတယ်၊တွတ်ပီမရှိတော့ဘူးတဲ့၊နေ့ခင်း၁၁နာရီလောက်၊ငါဘယ်တွတ်ပီလဲမေးဖြစ်အောင်မေးလိုက်တယ်၊

နောက်ဆုံးchanceတခုလိုမျိုးမေးမိတာဖြစ်တယ်၊ငါတခြားတွတ်ပီများများစားစားမသိပါဘူး၊ပြောခထဲကမင်းမှန်းသိပါတယ်၊Raymondလေအကိုတဲ့၊ဆုံးသွားပြီတဲ့။မဆုံးခင်တပတ်လောက်ငါတို့phoneပြောဖြစ်တယ်၊မင်းဝေခွဲရခက်နေတာတွေပင်ပန်းရလို့နဲနဲdepressedဖြစ်နေတာတွေ၊ငါကတော့ငါ့ဆီလာဖို့ခေါ်တာပဲ၊မင်းလဲလာမယ်ပြောတာပဲ၊လာမယ်ပြောပြီးရောက်မလာတာမင်းအကျင့်ဆိုတာလဲငါသိတာပေါ့၊ဖိုးလုံးဖုန်းဆက်တယ်၊ငါတို့မင်းသီချင်းတွေနားမထောင်နိုင်ဘူး၊မင်းပါတဲ့videoငါအမြန်ကျော်ပစ်ရတယ်။

မင်းထွက်သွားရတာခက်ခဲမှန်းငါသိတယ်၊ငါတို့ကျန်ခဲ့ရတာလဲသိပ်အလွယ်ကူကြီးမဟုတ်ဘူး၊အခုထိငါဟာplaylistကောင်းကောင်းရရင်မင်းကိုshareချင်တုန်းပဲ၊စောက်ပေါက်ကရတွေတနာရီလောက်ထိုင်ပြောနေချင်တုန်းပဲ။ပြီးခဲ့တဲ့၆နှစ်လောက်ကဆုံးသွားတဲ့အဖွားကိုအခုထိငါကြိုက်တဲ့ဟင်းတွေလှမ်းချက်ခိုင်းချင်နေမိသလိုပေါ့၊ငါ့စိတ်ကမင်းကိုပေးရှင်ထားတယ်၊ငါမငိုတော့မငိုဖြစ်သေးဘူးသားကြီး။

ငါ့လိုပဲအားလုံးစိတ်တွေမတရားတင်းထားပြီးစောင့်နေကြတယ်ထင်တယ်၊ငါတို့weakဖြစ်ပြလို့မရဘူး၊တချိန်ချိန်မင်းdocumentaryရိုက်ဖြစ်လို့ငါစကားဝင်ပြောဖြစ်မယ်ဆိုရင်၊ငါရှိသေးရင်ပေါ့၊shooting မလာခင်မနက်တော့ငါငိုဖြစ်ခဲ့လိမ့်မယ်ထင်တယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *