“ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ ဒီနည်းလမ်းလေး စမ်းလုပ်ကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်”

Zawgyi

ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါ တယ်။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်။

လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ။ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။ ။ လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ

လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံ ကို သီးသန့် ချန်ထား သင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။ ။ ဆယ်သိန်းလောက်ရှိတဲ့ (i Phone) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံး ကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ်။နာမည်ကြီး

တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက်အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ။ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။ ။ အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန် များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ်။

ဥပမာ– စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ် ကုန်ငွေ သက်သာ တဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။ ။ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက် ပါ။ နှစ်ပတ်လောက် ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ်


၅။ အင်တာနက် လျော့သုံးပါ။ ။ ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင်။

၆။ လိုအပ်တာလား လိုချင်တာလား လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။“ မလိုအပ်တဲ့အရာတွေ ကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့။

Credit – original writer

Unicode

ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါ တယ်။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်။

လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ။ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။ ။ လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ

လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံ ကို သီးသန့် ချန်ထား သင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။ ။ ဆယ်သိန်းလောက်ရှိတဲ့ (i Phone) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံး ကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ်။နာမည်ကြီး

တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက်အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ။ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။ ။ အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန် များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ်။

ဥပမာ– စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ် ကုန်ငွေ သက်သာ တဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။ ။ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက် ပါ။ နှစ်ပတ်လောက် ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ်

ပဈစညြးကလညြး လိုအပနြတယေဆြိုတော့မှ ဝယလြိုကပြါ။ စောင့နြတေဲ့ အတောအတှငြးမှာ တခှားလူဝယလြို့ ကုနသြှားမှာ စိတမြပူပါနဲ့။ ပိုေ ကာငြး ပိုလှတဲ့ ပဈစညြးတှေ ဆိုငမြှာ ရောကနြပေါပှီ။

၅။ အင်တာနက် လျော့သုံးပါ။ ။ ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင်။

၆။ လိုအပ်တာလား လိုချင်တာလား လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။“ မလိုအပ်တဲ့အရာတွေ ကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့။

Credit – original writer

Leave a Reply

Your email address will not be published. Required fields are marked *