“သန့်ရှင်းလတ်ဆက်ပြီး အရသာကောင်းစေမည့် အိမ်တွင် ရေချိုငါးပိပြုလုပ်နည်း”

Zawgyi

ကျွန်မတို့ နေ့စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့တော့ ကောင်းပါရဲ့။ ငပိရည် ဘယ်လိုဖြစ်လာတာကို သိသူ နည်းပါး ပါလိမ့်မယ်။ ဒါကြောင့် ပထမ ငပိလုပ်နည်းကို ပြောပြချင်ပါတယ်။ ငပိတစ်ပိဿာအတွက် ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငပြေမကတော့ ပြောစမှတ် ဖြစ်ရအောင် အချိုဓာတ် လေးလေးပင်ပင် ရှိလှပါတယ်။

ဈေးမှာ လွယ်လွယ်ဝယ်လို့ရတဲ့ ငရံ့၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး ရေပြောင်အောင် ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာ လောက်ထက် ပို၍မကြီးသင့်ပါဘူး။

ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲအတော်အသင့် အစိုဓာတ်နဲသွားမှာပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက် ပိုပြီးနယ်ရ မှာပါ။ သို့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါးတွေပုပ်တတ်ပါတယ်။ သဘာဝနည်းဖြစ်လို့ အချိုမှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။

*(သတိပြုရန်။ ငါးနေလှန်းတဲ့အခါ ယင်ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာ လောက်ကောင်များ တွေ့ရတတ်လို့ ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့အထိ နေမလှန်းပဲ အစိုဓာတ် ထက်ဝက်လောက် လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီး ထောင်းပေးပါ။ သို့သော် အထူးညက်စရာမလိုပါ။

ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့၍ ဖိသိပ်ထဲ့လို့ရတဲ့ အနေအထားထိ ပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍ (အနဲဆုံး လက်တစ်ဆုပ်ခန့်)အဖုံးကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာ၀ နည်းဖြင့် ငါးငပိလုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့်ကြာမှာ ဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့်ကြာနိုင်ပါတယ်။

ငပိနပ်လို့ အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ရပါလိမ့်မယ်။ အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့ ငံပြာရည်များဖြစ်လို့ ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်း သုံးရင် အနံ့မကောင်းတဲ့အတွက် အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီး ပွက်ပွက်ဆူအောင် ကျိုချက်ထားရပါမယ်။

ငံပြာရည်အချို ကြိုက်ရင်တော့ သကြားထည့်ပေးနိုင်ပါတယ်။ ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာ သိမ်းပြီး သဘာဝငါးငံပြာရည် စစ်စစ်အဖြစ် လိုသလို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ ငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။

credit:original writer

Unicode

Leave a Reply

Your email address will not be published. Required fields are marked *