အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ေသာက္ႏုိင္တဲ့ သေႏၶတားေဆး

Zawgyiျဖင့္ဖတ္ရန္
သံလြင္သီးမွာ ပါ၀င္တဲ့ ဓာတ္တစ္မ်ိဳးကေန ထုတ္လုပ္ထားတဲ့ သေႏၶတားေဆးဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးပါေသာက္သံုးႏုိင္တဲ့ ပထမဆံုး သေႏၶတားေဆး ျဖစ္လာႏုိင္ေျခရွိေနပါတယ္။

အဆိုပါေဆးကို အေမရိကတ္ျပည္ေထာင္စု ဘာကေလတကၠသိုလ္က သုေတသနပညာရွင္ေတြ စမ္းသပ္ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

သံလြင္သီးမွာပါတဲ့ Lupeol ဆိုတဲ့ ဓာတ္ဟာ သုတ္ပိုးေတြ မမ်ိဳးဥဆီ ေရာက္ရွိသြားေစမယ့္ သုတ္ပိုးရဲ႕ အၿမီးပိုင္းလႈပ္ရွားမႈကို တားဆီးေပးၿပီး မမ်ိဳးဥဆီ ေရာက္မသြားေစျခင္းျဖင့္ သေႏၶေအာင္မႈကို တားဆီးေပးတာ ျဖစ္ပါတယ္။

ဒီေဆးဟာ စမ္းသပ္ထုတ္လုပ္ဆဲကာလျဖစ္ၿပီး စီးပြားျဖစ္ထုတ္ကုန္အျဖစ္ ေစ်းကြက္ထဲ ေရာက္ရွိလာေစဖို႔ အခ်ိန္ႏွစ္ႏွစ္ခန္႔ ယူရဦးမယ္လို႔ သုေတသနကို ဦးေဆာင္သူ ေဒါက္တာ ေပၚလီနာက ေျပာပါတယ္။

သုတ္ပိုးမ်ားကို အဆိပ္သင့္ေစျခင္းမဟုတ္ဘဲ လႈပ္ရွားမႈကို ေႏွးေကြးေစတဲ့ နညး္ျဖစ္တာေၾကာင့္ ေဘးအကင္းဆံုး သေႏၶတားေဆး ျဖစ္လာမယ္လို႔ ယင္းေဒါက္တာကေျပာပါတယ္။

Source : Pyi Myanmar News Journal
Unicodeဖြင့်ဖတ်ရန်
သံလွင်သီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးကနေ ထုတ်လုပ်ထားတဲ့ သန္ဓေတားဆေးဟာ အမျိုးသားရော အမျိုးသမီးပါသောက်သုံးနိုင်တဲ့ ပထမဆုံး သန္ဓေတားဆေး ဖြစ်လာနိုင်ခြေရှိနေပါတယ်။

အဆိုပါဆေးကို အမေရိကတ်ပြည်ထောင်စု ဘာကလေတက္ကသိုလ်က သုတေသနပညာရှင်တွေ စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သံလွင်သီးမှာပါတဲ့ Lupeol ဆိုတဲ့ ဓာတ်ဟာ သုတ်ပိုးတွေ မမျိုးဥဆီ ရောက်ရှိသွားစေမယ့် သုတ်ပိုးရဲ့ အမြီးပိုင်းလှုပ်ရှားမှုကို တားဆီးပေးပြီး မမျိုးဥဆီ ရောက်မသွားစေခြင်းဖြင့် သန္ဓေအောင်မှုကို တားဆီးပေးတာ ဖြစ်ပါတယ်။

ဒီဆေးဟာ စမ်းသပ်ထုတ်လုပ်ဆဲကာလဖြစ်ပြီး စီးပွားဖြစ်ထုတ်ကုန်အဖြစ် ဈေးကွက်ထဲ ရောက်ရှိလာစေဖို့ အချိန်နှစ်နှစ်ခန့် ယူရဦးမယ်လို့ သုတေသနကို ဦးဆောင်သူ ဒေါက်တာ ပေါ်လီနာက ပြောပါတယ်။

သုတ်ပိုးများကို အဆိပ်သင့်စေခြင်းမဟုတ်ဘဲ လှုပ်ရှားမှုကို နှေးကွေးစေတဲ့ နည်းဖြစ်တာကြောင့် ဘေးအကင်းဆုံး သန္ဓေတားဆေး ဖြစ်လာမယ်လို့ ယင်းဒေါက်တာကပြောပါတယ်။

Source : Pyi Myanmar News Journal
Credit: POPOLAY

Leave a Reply

Your email address will not be published. Required fields are marked *