“ပိုက် ဆံ ချေး ထား ပီး ပြ န် မ ရ နို င် လို့ စိ တ် ည စ် နေ ရ င် ဒီ န ည်း လ မ်း လေး အ တို င်း တော င်း ကြ ည့် ပါ ”

Zawgyi

ပိုက်ဆံချေးကြသူများ မှတ်သားရန်

ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင်ဒါမှမဟုတ်

မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။

ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး

ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။

ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကို လျှောက်မပြောပါနဲ့။ ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ

့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ်ပါအရေးကြီးဆုံးအချက်က သေချာပြန်ဆပ်ရပါမယ်။

ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင်

ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။

ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့

နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။ ချေးတုန်းကတောင် သတိတရနဲ့

သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။

ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကို လူပါးဝရာကျပါတယ်။

အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိလည်းမရှိသေးလို့ အဆင်မပြေလို့ ဆိုပြီးကိုယ့်တွက်ပဲကြည့်တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး

ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာမျိုး။

သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။ သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။

တခါတေလ သူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။

သူတို့မှာလည်း သူတို့အခက်ခဲအဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာ မေ့ချင်ယောင်ဆောင်နေကြတာပါ။

ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့

ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။

တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။ အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။

ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။

ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။

မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို

ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။

အကယ်၍ ပြန်မရဖြစ်နေပါက ချေးထားသူကို နေ့စဉ် မေတ္တာပို့သပေးပါ။ သူ့အပေါ် မကောင်းတဲ့ စိတ်တွေ ထားမိနေပါက ဖျောက်ဖျက်ပြစ်ပါ။

Credit..original writer

Unicode

ပိုက်ဆံချေးကြသူများ မှတ်သားရန်

ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင်ဒါမှမဟုတ်

မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။

ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး

ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။

ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကို လျှောက်မပြောပါနဲ့။ ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့

ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ်ပါအရေးကြီးဆုံးအချက်က သေချာပြန်ဆပ်ရပါမယ်။

ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင်

ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။

ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့

နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊

မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ အင်မတန်မှကို လူပါးဝရာကျပါတယ်။

အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိလည်းမရှိသေးလို့ အဆင်မပြေလို့ ဆိုပြီးကိုယ့်တွက်ပဲကြည့်တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး

ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာမျိုး။

သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။ သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။

တခါတေလ သူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။

သူတို့မှာလည်း သူတို့အခက်ခဲအဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာ မေ့ချင်ယောင်ဆောင်နေကြတာပါ။

ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့

ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။

တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။ အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။

ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။

ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။

မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို

ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။

အကယ်၍ ပြန်မရဖြစ်နေပါက ချေးထားသူကို နေ့စဉ် မေတ္တာပို့သပေးပါ။ သူ့အပေါ် မကောင်းတဲ့ စိတ်တွေ ထားမိနေပါက ဖျောက်ဖျက်ပြစ်ပါ။

Credit..original writer

Leave a Reply

Your email address will not be published. Required fields are marked *