“သင်၏ နေအိမ်အောက်တွင် တောင်ပို့ပေါက်နေပြီ ဆိုရင်”

Zawgyi

နေအိမ်အောက်တွင်တောင်ပို့ပေါက်သည့်အခါတချို့လူများကအိမ်ကိုဖျက်ဆီးမည်ဟုသဘောထားကာတောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်တချို့လူများကတော့

ကောင်းကျိုးပေးမည့်အရာဟုသဘောထားပြီးရာဇမတ်လေးဖက်လေးတန်ကာ၍တံခွန်၊ကုက္ကား၊မုလေးပွားများစိုက်၊အမွှေးနံ့သာများပက်ဖျန်းကြသည်ဖယောင်းတိုင်၊အမွှေးတိုင်များကို

အဆက်မပြတ်ထွန်းညှိပူဇော်ထားကြသည်တောင်ပို့ကတစ်စထက်တစ်စမြင့်တက်လာရာအိမ်ကဆင့်တန်းဖြုတ်၊ခင်းထားသောပျဉ်ချပ်များကို ခွာပစ်ရသည်အထိယုံကြည်ကိုးစားစွာ

ဖြင့်ရိုသေစွာထားကြသည်ကိုလည်းတွေ့ဖူးသည်။ညီငယ်လေးပမာခင်မင်ရသောသက်ကိုကသူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါအဆိုပါတောင်ပို့ကိုသည်အတိုင်းပဲထား

ရမည်လား၊တောင်ပို့ကို ဖြိုချပစ်ရမည်လားဟုမေးခဲ့ဖူးပါသည်များစွာသောလူတို့သည်အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်လာလျှင်ကောင်းသည်ဟုသာထင်မှတ်ကြလေ

သည်ရှေးလူကြီးသူမတို့ကမူကောင်းကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုနှင့်မကောင်းကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုဟူ၍နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်

ရှေးလူကြီးသူမတို့သည်အကြားအမြင်၊ ဗဟုသုတရင့်ကျက်ကြသူများပီပီနောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ်သက်၍ကောင်းခြင်းဆိုးခြင်းကိုသိမြင်မှတ်သားလိုက်နာ

ဆောင်ရွက်နိုင်စေရန်ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည၎င်းလင်္ကာမှာ၁အရှေ့တောင်ခွင်၊တောင်ပို့ထင်၊မီးလျှင်လောင်တတ်စွ၂အနောက်ပေါက်ငြား၊အောက်လူများနာ

ဖျားဘေးဒဏ်ရ၃အနောက်တောင်တွင်၊တောင်ပို့မြင်၊သူလျှင် ခိုးတတ်လှ၊၄ကြင်းငါးရပ်မှာ၊ပေါက်ရောက်လာ၊မှန်စွာချမ်းကြည်မြ၊၅မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်း

လေကြ၊၆။ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ဖြစ်သည်။အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိရာ၁အရှေ့မြောက်အရပ်၊၂အရှေ့အရပ်၊၃အရှေ့တောင်အရပ်၊၄တောင်အရပ်၊

၅အနောက်တောင်အရပ်၊၆အနောက်အရပ်၊၇အနောက် မြောက်အရပ်၊၈မြောက်အရပ်ဟူ၍ဖြစ်လေသည်အိမ်အတွင်း၊ခြံဝင်းအတွင်းတောင်ပို့ပေါက်သောအရပ်သည်မည်သည့်

အရပ်၌ဖြစ်သည်ကိုတိကျစွာသတ်မှတ်ရပါမည်။ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သောကဗျာလင်္ကာအရတောင်ပို့ပေါက်သောအရပ်သည်အရှေ့တောင်ထောင့်အရပ်ဖြစ်ပါကအိမ်ကို

မီးလောင်တတ်သည်အနောက်အရပ်တွင်ဖြစ်ပါကလူငယ်လူရွယ်များနာဖျားတတ်သည်။ဘေးရန်သင့်တတ်သည်အနောက်တောင်အရပ်တွင်ဖြစ်ပါကနေအိမ်တွင်သူခိုးခိုးခံ

ရတတ်သည်။ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါကစည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟုဆိုလိုပေသည်မကောင်းသောအရပ်တွင်တောင်ပို့ပေါက်လျှင်မည်သို့

ပြုလုပ်ရမည်ကိုရှေးဗေဒကဝိတို့ကယတြာထားခဲ့ကြသည်။၎င်းယတြာမှာမိမိအိမ်သောက်ရေအိုးထဲမှရေကိုခပ်၍မကောင်းသောဘေးအန္တရာယ်များပပျောက်ပါဟေုဆုတောင်း

ကာပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်။နေအိမ်(သို့မဟုတ်)ခြံဝင်းထဲ၌တောင်ပို့ပေါက်ပါကအမှုမဲ့အမှတ်မဲ့မနေဘဲကောင်းကျိုးလား၊မကောင်းကျိုးလား

ဆိုသည်ကိုအထက်ပါလင်္ကာအရဆန်းစစ်ကာမကောင်းကျိုးဖြစ်ပါကယတြာချေရုံသာရှိပါတော့သတည်းဝင်းဇော်သုံးဆယ်ရွှေပေါက်ဆိန်ဂျာနယ်အတွဲ(၃)၊အမှတ်၆၀တွင်ဖေါ်ပြပြီးဖြစ်ပါသည်)credit;eainshinma.com

Unicode

Leave a Reply

Your email address will not be published. Required fields are marked *