လက်သည်းခွံပေါ်က အဖြူရောင်လခြမ်းလေးတွေရဲ့ အဓိပ္ပါယ်…

Zawgyi

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံ အရင်းနေရာ ကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍာန်လေးတွေကို သတိပြုမိ ပါသလား။တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေ ကတဆင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို အများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်။

တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေကို လေဖိအားတိုင်း ကိရိယာလိုပဲ ကျန်းမာရေးကိုတိုင်းတဲ့ ကိရိယာတစ်ခု အနေနဲ့ မှတ်ယူ ပါတယ်။ လခြမ်းရဲ့ အခြေအနေက သင့်ကျန်းမာရေး သင်္ကေတပါ။

ကျန်းမာရေးချွတ်ယွင်း လာတဲ့အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာတတ်ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်းအားလုံးပေါ်မှာအထိ လခြမ်းတွေ ရှိနေမယ် ဆိုရင် ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေတာကို ပြပါတယ်။ လခြမ်းက ပိုဖြူလေ ကျန်းမာရေး ပိုကောင်းလေပဲ ဖြစ်ပါတယ်။

လခြမ်းတွေကို ၈ ချောင်းအောက် ပိုနည်းပြီးတွေ့ရမယ် ဆိုရင် စွမ်းအင် ပိုနည်းသွားပြီး ခုခံအားစနစ်လည်း အားနည်းနေတာကို ပြတာဖြစ် ပါတယ်။ လက်မ နှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေ ရှိတယ် ဆိုရင်တော့ အလွယ်တကူ နာမကျန်းဖြစ် နိုင်တယ် ဆိုတာကို သိထားရပါမယ်။

လေ့လာမှု တစ်ခုအရ လက်သည်းခွံ အားလုံးမှာ လခြမ်းတွေ လုံးဝ မရှိဘူး ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေ အများကြီးဖြစ်နေ တာကို ပြတာပဲဖြစ် ပါတယ်။

သိုင်းရွိုက်ဂလင်း၊ သံဓာတ် အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ် တတ်ပါ တယ်။ သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေးကြည့်သင့် ပါတယ်။ သိုင်းရိုွက် အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

Credit to Trend Myanmar

Unicode

Leave a Reply

Your email address will not be published. Required fields are marked *