ဘိလပ္ေျမအိတ္ေတြထမ္း အလုပ္ၾကမ္းလုပ္ၿပီး သမီးျဖစ္သူဘြဲ႕ရတဲ့အထိ အားသြန္ခြန္စိုက္ႀကိဳးစားခဲ့တဲ့အေဖ

Zawgyiျဖင့္ဖတ္ရန္

ကမာၻေပၚမွာသားသမီးအတြက္ အလုပ္ႀကိဳးစားဆုံး၊အနစ္နာခံႏိုင္ဆုံးေသာသူေတြဆိုတာ မိဘႏွစ္ပါးျဖစ္ေၾကာင္း ျငင္းလို႔မရပါဘူး။ မိဘေတြက သားသမီးေတြရဲ႕ဘဝေအာင္ျမင္တိုးတက္ဖို႔အတြက္ သူတို႔ရဲ႕ရွိသမွ်ခြန္အားေတြနဲ႔ အေကာင္းဆုံးပံ့ပိုးကူညီေပးၾကတာပါ။ဖိလစ္ပိုင္ႏိုင္ငံက ဖခင္တစ္ေယာက္ဟာလည္း ဆင္းရဲႏြမ္းပါးေပမဲ့ သူ႔ရဲ႕သမီးဘြဲ႕ရတဲ့အခ်ိန္ထိ ဘိလပ္ေျမအိတ္ေတြထမ္းသယ္ကာ ေငြေၾကးရွာေဖြပံ့ပိုးေပးခဲ့တယ္လို႔သိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊Sultan Kudarat ျပည္နယ္တကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ Mailyn Esquelito Akoy ဆိုတဲ့မိန္းကေလးဟာ သူမရဲ႕အေဖေက်းဇူးေၾကာင့္အခုဆိုရင္ဘြဲ႕ရသြားခဲ့ပါၿပီ။သူမရဲ႕ေအာင္ျမင္မႈေတြအားလုံးက သူမရဲ႕အလုပ္ႀကိဳးစားတဲ့အေဖေၾကာင့္ပါပဲတဲ့။သူမတို႔ဘဝအေၾကာင္းကိုလည္း အခုလိုပဲေျပာျပခဲ့ပါတယ္။”Akoy လူမွန္းသိတတ္စအ႐ြယ္တည္းက သူမတို႔မိသားစုက ဆင္းဆင္းရဲရဲေနလာခဲ့ရတာပါ။ဆင္းရဲတဲ့အျပင္ အိမ္ကမီးေလာင္တဲ့အထဲပါသြားခဲ့တာေၾကာင့္ပိုၿပီးခက္ခဲခဲ့ပါတယ္။

အိမ္လည္းမျပင္ႏိုင္ခဲ့လို႔ မိုးေတြ႐ြာတဲ့အခ်ိန္မွာသူမတို႔အိမ္ထဲက ပစၥည္းေတာ္ေတာ္မ်ားမ်ားဟာ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။ဒါက သူမတို႔ဘဝ ရဲ႕အခက္ခဲဆုံးအခ်ိန္မဟုတ္သးပါဘူး။သူမရဲ႕အစ္ကိုအႀကီးဆုံးဟာ ေနမေကာင္းေပမဲ့ေဆး႐ုံမပို႔ႏိုင္တာေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ဒီလိုေငြေၾကးခ်ိဳ႕တဲ့မႈေၾကာင့္ဘဝက ခက္ခဲေပမဲ့ Akoy ရဲ႕အေဖကေတာ့ အေကာင္းျမင္စိတ္သာထားရွိၿပီး သူ႔ရဲ႕သမီးျဖစ္သူ Akoy အတြက္အလုပ္ႀကိဳးစားၿပီးေက်ာင္းထားေပးခဲ့ပါတယ္။Akoy ရဲ႕အေဖက ဘိလပ္ေျမအိတ္သယ္ပို႔တဲ့အလုပ္ကို သူမဘြဲ႕ရတဲ့အထိတိုင္ေအာင္ ႏွစ္ေပါင္းမ်ားစြာလုပ္ၿပီးေငြေၾကး ရွာေဖြေပးခဲ့တာျဖစ္တယ္”လို႔ေျပာျပခဲ့ပါတယ္။

အခုေတာ့ Akoy က တကၠသိုလ္ ကေန ဘြဲ႕တစ္ခုရရွိခဲ့ပါၿပီ။သူမရဲ႕အေဖက အတန္းေဖာ္ေတြရဲ႕အေဖလို ရဲသား၊သေဘၤာသား၊ဆရာဝန္၊ေက်ာင္းဆရာေတြမဟုတ္ပဲ ဘိလပ္ေျမ သယ္ပို႔တဲ့သူတစ္ေယာက္ျဖစ္တာကို သူမကမရွက္တဲ့အျပင္ ဂုဏ္ယူတယ္လို႔လည္းေျပာခဲ့ပါတယ္။သူမဟာ သူမ အေဖ ရဲ႕႐ိုး သားႀကိဳးစားမႈအတြက္ ကဗ်ာေလးတစ္ပုဒ္ေရးခဲ့ၿပီးေဖ့ဘြတ္ခ္မွာေတာင္တင္ခဲ့ပါေသးတယ္။သူမရဲ႕စာကိုဖတ္ရတဲ့သူတိုင္းက သူမရဲ႕အေဖကိုေရာ၊ဆင္းရဲႏြမ္းပါးေပမဲ့ပညာႀကိဳးစားတဲ့သူမကိုပါ ဂုဏ္ယူခ်ီးက်ဴးစကားေတြမ်ားစြာေျပာခဲ့ၾက တယ္လို႔သိရပါတယ္။

Credit : Buzzy

Unicodeဖြင့်ဖတ်ရန်

ဘိလပ်မြေအိတ်တွေထမ်း ၊ အလုပ်ကြမ်းလုပ်ပြီး သမီးဖြစ်သူဘွဲ့ရတဲ့အထိ အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့အဖေ

ကမ္ဘာပေါ်မှာသားသမီးအတွက် အလုပ်ကြိုးစားဆုံး၊အနစ်နာခံနိုင်ဆုံးသောသူတွေဆိုတာ မိဘနှစ်ပါးဖြစ်ကြောင်း ငြင်းလို့မရပါဘူး။ မိဘတွေက သားသမီးတွေရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက် သူတို့ရဲ့ရှိသမျှခွန်အားတွေနဲ့ အကောင်းဆုံးပံ့ပိုးကူညီပေးကြတာပါ။ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ယောက်ဟာလည်း ဆင်းရဲနွမ်းပါးပေမဲ့ သူ့ရဲ့သမီးဘွဲ့ရတဲ့အချိန်ထိ ဘိလပ်မြေအိတ်တွေထမ်းသယ်ကာ ငွေကြေးရှာဖွေပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊Sultan Kudarat ပြည်နယ်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ Mailyn Esquelito Akoy ဆိုတဲ့မိန်းကလေးဟာ သူမရဲ့အဖေကျေးဇူးကြောင့်အခုဆိုရင်ဘွဲ့ရသွားခဲ့ပါပြီ။သူမရဲ့အောင်မြင်မှုတွေအားလုံးက သူမရဲ့အလုပ်ကြိုးစားတဲ့အဖေကြောင့်ပါပဲတဲ့။သူမတို့ဘဝအကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။”Akoy လူမှန်းသိတတ်စအရွယ်တည်းက သူမတို့မိသားစုက ဆင်းဆင်းရဲရဲနေလာခဲ့ရတာပါ။ဆင်းရဲတဲ့အပြင် အိမ်ကမီးလောင်တဲ့အထဲပါသွားခဲ့တာကြောင့်ပိုပြီးခက်ခဲခဲ့ပါတယ်။

အိမ်လည်းမပြင်နိုင်ခဲ့လို့ မိုးတွေရွာတဲ့အချိန်မှာသူမတို့အိမ်ထဲက ပစ္စည်းတော်တော်များများဟာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ဒါက သူမတို့ဘဝ ရဲ့အခက်ခဲဆုံးအချိန်မဟုတ်သးပါဘူး။သူမရဲ့အစ်ကိုအကြီးဆုံးဟာ နေမကောင်းပေမဲ့ဆေးရုံမပို့နိုင်တာကြောင့် သေဆုံးခဲ့ရပါတယ်။ဒီလိုငွေကြေးချို့တဲ့မှုကြောင့်ဘဝက ခက်ခဲပေမဲ့ Akoy ရဲ့အဖေကတော့ အကောင်းမြင်စိတ်သာထားရှိပြီး သူ့ရဲ့သမီးဖြစ်သူ Akoy အတွက်အလုပ်ကြိုးစားပြီးကျောင်းထားပေးခဲ့ပါတယ်။Akoy ရဲ့အဖေက ဘိလပ်မြေအိတ်သယ်ပို့တဲ့အလုပ်ကို သူမဘွဲ့ရတဲ့အထိတိုင်အောင် နှစ်ပေါင်းများစွာလုပ်ပြီးငွေကြေး ရှာဖွေပေးခဲ့တာဖြစ်တယ်”လို့ပြောပြခဲ့ပါတယ်။

အခုတော့ Akoy က တက္ကသိုလ် ကနေ ဘွဲ့တစ်ခုရရှိခဲ့ပါပြီ။သူမရဲ့အဖေက အတန်းဖော်တွေရဲ့အဖေလို ရဲသား၊သင်္ဘောသား၊ဆရာဝန်၊ကျောင်းဆရာတွေမဟုတ်ပဲ ဘိလပ်မြေ သယ်ပို့တဲ့သူတစ်ယောက်ဖြစ်တာကို သူမကမရှက်တဲ့အပြင် ဂုဏ်ယူတယ်လို့လည်းပြောခဲ့ပါတယ်။သူမဟာ သူမ အဖေ ရဲ့ရိုး သားကြိုးစားမှုအတွက် ကဗျာလေးတစ်ပုဒ်ရေးခဲ့ပြီးဖေ့ဘွတ်ခ်မှာတောင်တင်ခဲ့ပါသေးတယ်။သူမရဲ့စာကိုဖတ်ရတဲ့သူတိုင်းက သူမရဲ့အဖေကိုရော၊ဆင်းရဲနွမ်းပါးပေမဲ့ပညာကြိုးစားတဲ့သူမကိုပါ ဂုဏ်ယူချီးကျူးစကားတွေများစွာပြောခဲ့ကြ တယ်လို့သိရပါတယ်။

Credit : Buzzy

Leave a Reply

Your email address will not be published. Required fields are marked *