Zawgyiဖြင့်ဖတ်ရန်
Aung Bwa
Credit:MyanmarNote
Unicodeဖြင့်ဖတ်ရန်
မင်းသားကြီး ကိနူးရိဗ်နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၇)ချက်
ကိနူးရိဗ်ကိုတော့ မြန်မာမှာ မက်ထရစ်မင်းသား၊ ဂျွန်ဝစ်၊ ကွန်စတန်တင်အဖြစ်နဲ့ လူသိများကြပါတယ်။ သူ့ရဲ့ လေးစားဖို့ အကောင်းဆုံး အချက်က သာမန်လူတစ်ယောက်လို အမြဲနေထိုင်ပြီး ဘတ်စ်ကားစီး၊ မြေအောက်ရထားစီးပြီး ဈေးဆိုင်တွေမှာ တန်းစီပြီး မုန့်ဝယ်နေတဲ့ ကမ္ဘာကျော်ပါ။ သူနဲ့ပတ်သက်ပြီး တော်တော်များများ သိကြပေမယ့် MyanmarNote ပရိသတ်ကြီး မသိလောက်သေးတဲ့ အချက်တွေကို ရှာရှာဖွေဖွေတင်ဆက်ပေးလိုက်ရပါတယ်။
(၁)ကိနူးရိဗ်ဟာ လက်ဘရွန်နိုင်ငံမှာမွေးပြီး သူဟာ အင်္ဂလိပ်၊ တရုတ်၊ အိုင်းရစ်၊ ပေါ်တူဂီ၊ ဟာဝေရီယန် သွေးတွေနှောတဲ့ လူမျိုးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ကနေဒါနိုင်ငံသား ခံယူထားပါတယ်။
(၂)သူရဲ့ နာမည်က ကီနူးက မြန်မာလိုဆိုရင် တောင်တန်းတွေပေါ်က ဖြတ်ပြေးနေသော လေပြေအေးလေး လို့ အဓိပ္ပာယ်ရပြီး သူ့ရဲ့ဘကြီးနာမည် ကီဝါဟီဝူလူကနေ မှည့်ယူထားတာဖြစ်ပါတယ်။
(၃)အမေက ဒီဇိုင်နာဖြစ်ပြီး အဖေကတော့ မူးယစ်ဆေးရောင်းတဲ့သူပါ။
(၄)ငယ်စဉ်အခါ ကနေဒါနိုင်ငံမှာ ဟော်ကီကစားစဉ်က ဂိုးစောင့်ရပါတယ်။ ကောင်းလွန်းလို့သူကို သူငယ်ချင်းတွေက ‘နံရံကြီး’လို့ နာမည်ပြောင်ပေးခဲ့ရတဲ့အထိ တော်ပါတယ်။ ဒါပေမဲ့ နိုင်ငံအတွက် ကစားပေးချင်တဲ့ သူ့အိမ်မက်တွေဟာ ဒဏ်ရာရအပြီးမှာ စွန့်လွှတ်လိုက်ရပါတယ်။
(၅)ကိနူးရိဗ်က ပျော်ရွှင်မှုဆိုတာ သူ့အတွက် ဟာသတ်သတ်ပဲ ဖြစ်တဲ့အကြောင်းကို ‘An Ode to Happiness’ ဆိုတဲ့ ကဗျာစာအုပ်လေးထုတ်ခဲ့ပါတယ်။ အဲ့စာအုပ်မှာ ဆန်းဒွစ်ချ်လေးကိုက်ပြီး ခုံလေးပေါ်မှာထိုင်နေတဲ့ သူ့ပုံလေးနဲ့ ထိထိမိမိ ပုံဖော်ခဲ့တာပဲ ဖြစ်ပါတယ်။
(၆)သူ့မိန်းမနဲ့ ရတဲ့ကလေးလေးဟာ (၂၀၀၀)ခုနှစ်မှာ ဆုံးသွားပြီးနောက် သူ့မိန်းမ (၂၀၀၁)ခုနှစ်မှာ ဆုံးသွားချိန်ဟာ ကြားထဲ စုစုပေါင်း (၁၅)လပဲ ကြာပါတယ်။
(၇)ကိနူးရိဗ်ဟာ The Matrix Reloaded နဲ့ The Matrix Revolutions ဇာတ်ကား နှစ်ကားပေါင်းကနေ ဝင်ငွေ ဒေါ်လာ (၁၅၆)မီလျံရခဲ့ပြီး ဒါဟာ သရုပ်ဆောင်ကြေးရရှိမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့အများဆုံး စာရင်းဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ အောင်မြင်မှုအပေါ် ငွေထပ်ဝင်ပြီး ရတဲ့သဘောပါ။
Aung Bwa
Credit:MyanmarNote
Leave a Reply