Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အသက် ၂၀ ကျော် ကောင်လေးက အသက် ၈၀ ကျော် အဖွားအို ကို လက်ထပ်လိုက်တဲ့ အကြောင်းရင်း
ပရိတ်သတ်ကြီးရေ လောကမှာ လူလှဖို့ ထက် စိတ်လှဖို့က ပိုအရေးကြီးတယ်ဆိုတာ လက်ခံကြမယ်ထင်ပါတယ်။ လူတွေဟာ ဘယ်လောက်ပင် ချောမောနေပါစေ တစ်ခါတစ်ရံမှာ စိတ်ထားယုတ်ညံ့လူတွေ ရှိတတ်ကြပါတယ်။ သို့ပေမယ့်လည်း ရုပ်ရည်ပါ ချောမောပြီး စိတ်ထားလှသူတွေလည်း ရှိတတ်ကြပြန်ပါတယ်။ အခု တင်ဆက်ပေးမယ့်သတင်းလေးကတော့ ရုပ်ရည်ချောမောတဲ့အပြင် စိတ်ထားပါ လှပနေတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Luu လို့ခေါ်ပါတယ်။ မြန်မာလို ဆိုရင်လည်း လူပေ့ါ။ တကယ့်ကို လူသားတစ်ယောက်ပါပဲ။ သူဟာ အသက် ၈၇ နှစ်အရွယ်အဖွားအိုကို ပြုစုစောင့်ရှောက်ခြင်တာကြောင့် လက်ထက်ခဲ့ပါတယ်။ သူဟာ အသက် ၂၀ သာရှိသေးတဲ့ လူငယ်ချောချောလေးတစ်ယောက်ဖြစ်ပါတယ်။
အဆိုပါ Luu ဆိုတဲ့ အမျိုးသားဟာ ကားအက်စီဒင့်ကြောင့် ခြေတစ်ဖက်ကို ဆုံးရှုံးထားခဲ့ရပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ ရုပ်သွင်ပြင်ဟာ ချောမောတာကြောင့် သူ့ကို လက်ထပ်ချင်တဲ့ အမျိုးသမီးတွေက များပါတယ်။ သို့ပေမယ့်လည်း သူဟာ အသက် ၈၇ နှစ်အရွယ် အဖွားအိုကို လက်ထပ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သူမကို စောင့်ရှောက်ချင်တဲ့ စိတ်ကြောင့်လို့ ဆိုပါတယ်။
အဖွားအိုဟာ အကူအညီမဲ့နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Luu ဟာလည်း ဒီလို အကူညီမဲ့နေတဲ့ အဖွားအိုကို စောင့်ရှောက်ချင်တဲ့ စိတ်က ပြင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ Luu ဟာ အဖွားအို အကြောင်းကို စုံစမ်းတဲ့အခါမှာတော့ အဖွားအိုဟာ တစ်ခါမှ လက်မထပ်ရသေးတဲ့ အပျိုကြီး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒ့ါကြောင့် အဖွားအိုကို စောင့်ရှောက်ချင်တဲ့ စိတ်အပြင် ပျော်ရွှင်စေချင်တဲ့ စိတ်ကြောင့် သူမကို လက်ထပ်ခဲ့တာလို့ ဆိုပါတယ်။
Luu ဟာ အဖွားအိုရဲ့အကြောင်းကို သတင်းတစ်ခုကနေ သိရှိခဲ့တာဖြစ်ပြီး၊ အမြဲတမ်းကူညီတတ်သူဖြစ်တာကြောင့် အဖွားအိုကို ကူညီခဲ့ပါတယ်။ ဒ့ါအပြင် အဖွားအိုက လက်မထပ်ဖူးသေးတဲ့ အပျိုးကြီးဖြစ်တာကြောင့် ဘဝမှာ လက်ထပ်တဲ့ ပျော်ရွှင်မှုကို ခံစားစေချင်တာကြောင့် လက်ထပ်ခဲ့တာလို့ သိရပါတယ်။ ဘယ်လောက်တောင် စိတ်ထားမြင့်မြတ်လိုက်သလဲနော်…………။ လူကလည်း ချောမောယုံသာမက စိတ်ထားကပါ မြင့်မြတ်တာကြောင့် Luu ကို ချီးကျူးတဲ့ လူတွေက အများကြီးဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ လူလှဖို့ထက် စိတ်လှဖို့က အရေးကြီးပါတယ်နော်။
Writer– ME(Shwe Yaung Lan)
Leave a Reply
Your email address will not be published. Required fields are marked *