
Zawgyi ဖြင့်ဖတ်ရန်







Credit Orange Pie

Unicode ဖြင့်ဖတ်ရန်

ဧည့်သည်တွေကို ရွာက အမျိုးသမီးတွေနဲ့အိပ်ခိုင်းတဲ့ အာဖရိက်တိုက်လူမျိုးတစ်စုရဲ့ ထူးဆန်းတဲ့ ဓလေ့

Namibia နိုင်ငံက Himba လူမျိုးစုမှာ အလွန်ထူးဆန်းတဲ့ ဓလေ့တစ်ခုရှိပါတယ်။ သူတို့ကို အနီးအနားဝန်းကျင်က ရွာတွေက Ovahimba လူမျိုးလို့သိကြပါတယ်။

သူတို့မှာ နှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းလာခဲ့တဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေရှိကြပါတယ်။ ပြီးတော့ ခေတ်ပေါ် အယူအဆလွှမ်းမိုးမှုတွေကို လုံးဝလက်မခံကြပါဘူးတဲ့။

သူတို့လူမျိုးစုရဲ့ထုံးတမ်းစဉ်လာတွေက ခေတ်နဲ့မလျှော်ညီတော့ပေမယ့် ဒီ Himba လူမျိုးစုကတော့ ခေါင်းမာမာနဲ့ဆက်လက် ဆုပ်ကိုင်ထားတုန်းပါပဲ။

Himba လူမျိုးတွေက Okujepisa Omukazendu လို့ခေါ်တဲ့ ဓလေ့တစ်ခုရှိပါတယ်။ အဲ့တာကတော့ အိမ်ကို လာလည်တဲ့ သူတွေကို သူတို့ဇနီးမယားတွေနဲ့အိပ်ခိုင်းတာပါ။ အဲ့တာကြောင့် မတော်တဆများ Himba လူမျိုးတစ်ယောက်နဲ့အိမ်ထောင်ပြုခဲ့ရမယ်ဆို တော်တော် သတိထားသင့်ပါတယ်။ အကယ်၍များ သူတို့အိမ်ကို သွားလည်မယ်ဆိုရင် ယောက်ျားဖြစ်သူက ဧည့်ဝတ်ကျေပွန်တဲ့အနေနဲ့တခြား တဲတစ်လုံးမှာ သွားအိပ်ပြီး ဧည့်သည်ကို သူတို့ဇနီးဖြစ်သူနဲ့အိမ်ခိုင်းပါတယ်တဲ့။ အဲ့အတွက် သင်ဟာ အိမ်ရှင်ယောက်ျားကို အားနာစရာတာ့မလိုပါဘူးတဲ့။

ဒါပေမယ့် သင့်အနေနဲ့ခဏခဏသွားမလည်မိဖို့တော့ လိုအပ်ပါတယ်။ အကြောင်းက သူတို့လူမျိုးက ရေမချိုးကြလို့ပါ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာရာသီဥတု ကြမ်းတမ်းပြီး ရေရှားတဲ့အတွက် ရေမချိုးကြပဲ သန့်ရှင်းရေးအတွက် နေ့တိုင်းမီးလှုံပြီး ရွှံ့နီတွေ လူးကြပါတယ်တဲ့။

သူတို့လူမျိုးဟာ ထူးထူးခြားခြားကို ဖော်ရွေပြီး ဧည့်သည်တွေကို ဂရုစိုက် ဧည့်ဝတ်ကျေပွန်လို့နာမည်ကြီးပေမယ့် သူတို့ဓလေ့တွေမှာ ဝင်ရောက်စွက်ဖက်တာကိုတော့ လုံး၀ ခွင့်မပြုပါဘူး တဲ့။

Credit Orange Pie

Leave a Reply

Your email address will not be published. Required fields are marked *