ပက္ဆီကိုေရလိုေသာက္ခဲ့တဲ့ဘ၀မွ မမွတ္မိႏိုင္ေအာင္ ေျပာင္းလဲသြားခဲ့တဲ့ သူမ

Zawgyiျဖင့္ဖတ္ရန္

ဘက္ခ္ေဂါ့ဒန္ရဲ႕ စားေသာက္ေနထိုင္ပုံဟာ သူမငယ္ငယ္ေလးကတည္းက ပံုစံမက်ခဲ့ပါဘူး။ မိဘေတြကုိယ္တိုင္က ဟင္းသီးဟင္းရြက္စားတတ္ေအာင္ သင္ေပးတာမ်ိဳး မလုပ္တဲ့အျပင္ ပက္ပ္စီ မက္စ္အခ်ိုရည္ကို ေရလိုေသာက္တတ္တဲ့ အိမ္က ျဖစ္ပါတယ္။ သူမ ေက်ာင္းတက္တုန္းကေတာ့ တင္းနစ္ေလ့က်င့္ေရးဆင္းရလို႔ စားသမွ် အစားအေသာက္နဲ႔ ကာမိေအာင္ ကယ္လိုရီေတြ ေလ်ာ့ခ်ႏိုင္ခဲ့ေပမယ့္ ေက်ာင္းက ထြက္တဲ့အခါမွာေတာ့ ေလ့က်င့္ခန္းေတြ မလုပ္ႏုိင္ေတာ့ပါဘူး။

သူမဟာ တစ္ခါတည္း ၀လာလိုက္တာ အသက္(၂၂) ႏွစ္မွာ (၁၁၆) ကီလို ထိေအာင္ ေရာက္တဲ့အထိပါပဲ။ တီဗီေရွ႕မွာ အၾကာၾကီးထိုင္ၿပီး အခ်ိဳ၊ေခ်ာကလက္ေတြနဲ႔ မုန္႔ပဲသြားေရစာေတြကို ႏွစ္ႏွစ္ၿခိဳက္ျခိဳက္စားလာခဲ့ရာမွာ ေနာက္ဆံုး မတရား၀လာၿပီး ေသြးေပါင္ခ်ိန္ေတြ တိုးတဲ့ထိေအာင္ ျဖစ္လာပါတယ္။

သူမက “ကြ်န္မဘ၀ရဲ႕ အလွည့္အေျပာင္းက ေသြးတိုးေရာဂါရွိမွန္း သိတာက စတာပဲ။ ကြ်န္မကိုယ္ကြ်န္မ ၀ိတ္ခ်မွ ရေတာ့မယ္။ မျဖစ္ေတာ့ဘူးလို႔ သတိထားမိလာတယ္။ အဲဒါနဲ႔ပဲ ပံုမွန္ ေလ့က်င့္ခန္းလုပ္ၿပီး အစားကို မွ်တေအာင္ စားတယ္။ ဒါေပမယ့္ ဒီနည္းက မထိေရာက္ဘူး…” လို႔ ဆိုပါတယ္။

ဆရာ၀န္ သြားျပတဲ့အခါမွာေတာ့ သူမမွာ ရွိတဲ့ ေသြးတိုးေၾကာင့္ ေလ့က်င့္ခန္းေတြ ျပင္းျပင္းထန္ထန္လုပ္လို႔ မရေၾကာင္း၊ ႏုိ႔မို႔ရင္ေတာ့ ႏွလံုးကိုသြားၿပီး ဖိအားေပးသလို ျဖစ္လိမ့္မယ္လို႔ ေျပာပါတယ္။ အရမ္း၀လြန္းလို႔ ကိုယ္အေလးခ်ိန္ ျမန္ျမန္က်ခ်င္လို႔ဆိုၿပီး ေလ့က်င့္ခန္းေတြ ဖိလုပ္ရင္ ႏွလံုးေရွာ့ခ္ရႏိုင္တာကိုလည္း သူမက သိပါတယ္။ ငယ္ငယ္ကတည္းက ကယ္လိုရီစာေတြကို အလြန္အကြ်ြံစားသံုးလာခဲ့တဲ့ သူမအဖို႔ diet plan ေတြကလည္း အဆင္မေျပခဲ့ပါဘူး။

ေနာက္ဆံုးေတာ့ ဘက္ခ္က သူမအတြက္ အေကာင္းဆံုးျဖစ္မယ့္ နည္းလမ္းတစ္ခုကို သြားေတြ႔ပါတယ္။ အဲဒါကေတာ့ အစာအိမ္ကို ျဖတ္ထုတ္လိုက္တာပါ။ ျဖတ္ေတာက္ပစ္ရတဲ့ အစာအိမ္ပမာဏကလည္း မနည္းမေနာပဲ (၈၀) ရာခိုင္ႏႉန္းေလာက္ ျဖစ္ပါတယ္။ သူမကေတာ့ အစာအိမ္ျဖတ္ထုတ္တာနဲ႔ ပတ္သက္လို႔ “ကြ်န္မ အရမ္း၀ေနသူေတြကို ေျပာလိုပါတယ္။ တကယ္လို႔ ကုိယ္က အျခားနည္းလမ္းေတြ ကိုလုပ္ၾကည့္ၿပီးၿပီ။ ဘာတစ္ခုမွ ကိုယ္နဲ႔ အဆင္မေျပဘူးဆိုမွ ဒီလိုခြဲစိတ္တဲ့နည္းကို သံုးပါ။ ကြ်န္မကေတာ့ အျခားနည္းေတြလည္း လုပ္ၿပီးၿပီ။ ဘယ္လိုလုပ္လုပ္ ကိုယ္အေလးခ်ိန္မက်တာမို႔လို႔ ခြဲစိတ္ခဲ့ရတာပါ။ ကြ်န္မရဲ႕ ေရာဂါေၾကာင့္ ဒီထက္သာ ပို၀ခဲ့ရင္ ကြ်န္မက်န္းမာေရး ပုိဆိုးလာမွာစိုးရိမ္လို႔ပါ…” အခုလို ဆိုပါတယ္။

Ref: Dailymail

Credit:လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

ပက်ဆီကိုရေလိုသောက်ခဲ့တဲ့ဘဝမှ မမှတ်မိနိုင်အောင် ပြောင်းလဲသွားခဲ့တဲ့ သူမ

ဘက်ခ်ဂေါ့ဒန်ရဲ့ စားသောက်နေထိုင်ပုံဟာ သူမငယ်ငယ်လေးကတည်းက ပုံစံမကျခဲ့ပါဘူး။ မိဘတွေကိုယ်တိုင်က ဟင်းသီးဟင်းရွက်စားတတ်အောင် သင်ပေးတာမျိုး မလုပ်တဲ့အပြင် ပက်ပ်စီ မက်စ်အချိုရည်ကို ရေလိုသောက်တတ်တဲ့ အိမ်က ဖြစ်ပါတယ်။ သူမ ကျောင်းတက်တုန်းကတော့ တင်းနစ်လေ့ကျင့်ရေးဆင်းရလို့ စားသမျှ အစားအသောက်နဲ့ ကာမိအောင် ကယ်လိုရီတွေ လျော့ချနိုင်ခဲ့ပေမယ့် ကျောင်းက ထွက်တဲ့အခါမှာတော့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်တော့ပါဘူး။

သူမဟာ တစ်ခါတည်း ဝလာလိုက်တာ အသက်(၂၂) နှစ်မှာ (၁၁၆) ကီလို ထိအောင် ရောက်တဲ့အထိပါပဲ။ တီဗီရှေ့မှာ အကြာကြီးထိုင်ပြီး အချို၊ချောကလက်တွေနဲ့ မုန့်ပဲသွားရေစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားလာခဲ့ရာမှာ နောက်ဆုံး မတရားဝလာပြီး သွေးပေါင်ချိန်တွေ တိုးတဲ့ထိအောင် ဖြစ်လာပါတယ်။

သူမက “ကျွန်မဘဝရဲ့ အလှည့်အပြောင်းက သွေးတိုးရောဂါရှိမှန်း သိတာက စတာပဲ။ ကျွန်မကိုယ်ကျွန်မ ဝိတ်ချမှ ရတော့မယ်။ မဖြစ်တော့ဘူးလို့ သတိထားမိလာတယ်။ အဲဒါနဲ့ပဲ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး အစားကို မျှတအောင် စားတယ်။ ဒါပေမယ့် ဒီနည်းက မထိရောက်ဘူး…” လို့ ဆိုပါတယ်။

ဆရာဝန် သွားပြတဲ့အခါမှာတော့ သူမမှာ ရှိတဲ့ သွေးတိုးကြောင့် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်လို့ မရကြောင်း၊ နို့မို့ရင်တော့ နှလုံးကိုသွားပြီး ဖိအားပေးသလို ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ အရမ်းဝလွန်းလို့ ကိုယ်အလေးချိန် မြန်မြန်ကျချင်လို့ဆိုပြီး လေ့ကျင့်ခန်းတွေ ဖိလုပ်ရင် နှလုံးရှော့ခ်ရနိုင်တာကိုလည်း သူမက သိပါတယ်။ ငယ်ငယ်ကတည်းက ကယ်လိုရီစာတွေကို အလွန်အကျွံစားသုံးလာခဲ့တဲ့ သူမအဖို့ diet plan တွေကလည်း အဆင်မပြေခဲ့ပါဘူး။

နောက်ဆုံးတော့ ဘက်ခ်က သူမအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ အစာအိမ်ကို ဖြတ်ထုတ်လိုက်တာပါ။ ဖြတ်တောက်ပစ်ရတဲ့ အစာအိမ်ပမာဏကလည်း မနည်းမနောပဲ (၈၀) ရာခိုင်နှူန်းလောက် ဖြစ်ပါတယ်။ သူမကတော့ အစာအိမ်ဖြတ်ထုတ်တာနဲ့ ပတ်သက်လို့ “ကျွန်မ အရမ်းဝနေသူတွေကို ပြောလိုပါတယ်။ တကယ်လို့ ကိုယ်က အခြားနည်းလမ်းတွေ ကိုလုပ်ကြည့်ပြီးပြီ။ ဘာတစ်ခုမှ ကိုယ်နဲ့ အဆင်မပြေဘူးဆိုမှ ဒီလိုခွဲစိတ်တဲ့နည်းကို သုံးပါ။ ကျွန်မကတော့ အခြားနည်းတွေလည်း လုပ်ပြီးပြီ။ ဘယ်လိုလုပ်လုပ် ကိုယ်အလေးချိန်မကျတာမို့လို့ ခွဲစိတ်ခဲ့ရတာပါ။ ကျွန်မရဲ့ ရောဂါကြောင့် ဒီထက်သာ ပိုဝခဲ့ရင် ကျွန်မကျန်းမာရေး ပိုဆိုးလာမှာစိုးရိမ်လို့ပါ…” အခုလို ဆိုပါတယ်။

Ref: Dailymail

Credit:လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *