လစာအျပဳတ္ခံၿပီး ဂိမ္းစက္ဝယ္ေပးခဲ့တဲ့ ဦးေလးကို (၁၅)ႏွစ္အၾကာမွာ ေက်းဇူးျပန္ဆပ္ခဲ့တဲ့သူ

Zawgyiျဖင့္ဖတ္ရန္

လြန္ခဲ့တဲ့ (၁၅)နွစ္ေလာက္တုန္းက နည္းပညာျမင့္ ပစၥည္းေတြဟာ ေတာ္႐ုံလူ လက္လွမ္းႏုိင္တဲ့ ပစၥည္းမ်ိဳးေတြ မဟုတ္ပါဘူး။ သာမန္အားျဖင့္ လက္လုပ္လက္စားေတြဟာ ဂိမ္းစက္၊ ဗြီဒီယုိၾကည့္စက္၊ ကြန္ပ်ဴဳတာ စတဲ့ ပစၥည္းေတြကို လက္လွမ္းဖုိ႔မေျပာနဲ႔၊ ေကာင္းေကာင္းျမင္ဖူးသူေတာင္ ရွားပါးခဲ့တဲ့ေခတ္ပါ။

တခ်ိဳ႕ေသာ နည္းပညာပစၥည္းေတြဟာ လူကုံထံအသုိင္းအဝုိင္းကုိပဲ ဦးတည္တာျဖစ္ၿပီး၊ အလုံးေရ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္ေရာင္းခ်ၾကပါတယ္။ အခုလည္း ဦးေလးတစ္ေယာက္ဟာ လြန္ခဲ့တဲ့ (၁၅)ႏွစ္က သူ ခ်စ္ျမတ္ႏုိးရတဲ့ တူေလးကစားဖုိ႔ PS2 ဂိမ္းစက္ ဝယ္ေပးခဲ့ပါတယ္။

ဂိမ္းစက္တန္ဖုိးက ဘယ္ေလာက္မွ မရွိေပမယ့္၊ ဒီစက္ကေလးကိုရဖုိ႔ ဦးေလးျဖစ္သူဟာ တစ္လစာထုတ္ထားတဲ့ေငြ အကုန္ သုံးခဲ့ရတာပါ။ တူျဖစ္သူရဲ႕အမည္ကေတာ့ Steven Elliot ျဖစ္ၿပီး၊ ေနာင္(၁၅)ႏွစ္ၾကာတဲ့အခါ သူဟာ Elliot Havok လုပ္ငန္းစုကုိ တည္ေထာင္သူ ျဖစ္လာပါတယ္။ အဲဒီလုပ္ငန္းဟာ နာရီေတြ၊ ပုိက္ဆံအိတ္ေတြ ျဖန္႔ျဖဴးေရာင္းခ်ေနတဲ့ လုပ္ငန္းျဖစ္ပါတယ္။

သူ႕ဆီမွာ တကယ့္ ဒိတ္ဒိတ္ႀကဲေတြမွ ကိုင္ႏုိင္တဲ့ အေကာင္းစား နာရီအမ်ိဳးအစားေတြကိုလည္း ရႏုိင္သလုိ၊ သာမန္လူေတြအတြက္လည္း ရႏုိင္ပါသတဲ့။ Steven ဟာ ငယ္ငယ္က ဆင္းရဲခဲ့သူျဖစ္ၿပီး၊ သူမ်ားေတြလုိ ဂိမ္းစက္ေတြအစား အ႐ုပ္ကေလးေတြနဲ႔ ကစားခဲ့ရတာပါ။

ဦးေလးျဖစ္သူက အလုပ္ရလွ်င္ရခ်င္းပဲ Steven နဲ႔ သူရဲ႕အစ္ကုိတုိ႔အတြက္ ေဒၚလာ (၄၀၀) အကုန္အက်ခံၿပီး PS2 ဂိမ္းစက္ကို ရက္ရက္ေရာေရာ ဝယ္ေပးခဲ့တာလုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ Steven ဟာ သူကုိယ္တုိင္ ေအာင္ျမင္လာခ်ိန္မွာ ဦးေလးကို ထင္မွတ္မထားတဲ့ လက္ေဆာင္ေပးခဲ့ပါတယ္။ အဲဒါကေတာ့ ေမာ္ဒယ္ျမင့္ SUV ကားျဖစ္ပါတယ္။

ဒီကားကို အစ္ကုိျဖစ္သူနဲ႔ စပ္တူဝယ္ေပးခဲ့တာပါ။ ဦးေလးျဖစ္သူမွာ ဘယ္လုိမွ မေမွ်ာ္လင့္ထားတဲ့ လက္ေဆာင္မ်ိဳး ရခဲ့တာဆုိေပမယ့္ Forbes မဂၢဇင္းရဲ႕ (၂၀၁၈)ခုႏွစ္ “30 under 30”စာရင္း ဝင္ေရာက္ႏုိင္ခဲ့တဲ့ Steven အဖုိ႔ေတာ့ ဒီလုိ လက္ေဆာင္မ်ိဳးက အေသးအဖြဲသာ ျဖစ္ပါလိမ့္မယ္။

လင္းသုတ

Source : rechfeed , getrichslowly

Credit : Shwemom

Unicodeဖြင့်ဖတ်ရန်

လစာအပြုတ်ခံပြီး ဂိမ်းစက်ဝယ်ပေးခဲ့တဲ့ ဦးလေးကို (၁၅)နှစ်အကြာမှာ ကျေးဇူးပြန်ဆပ်ခဲ့တဲ့သူ

လွန်ခဲ့တဲ့ (၁၅)နှစ်လောက်တုန်းက နည်းပညာမြင့် ပစ္စည်းတွေဟာ တော်ရုံလူ လက်လှမ်းနိုင်တဲ့ ပစ္စည်းမျိုးတွေ မဟုတ်ပါဘူး။ သာမန်အားဖြင့် လက်လုပ်လက်စားတွေဟာ ဂိမ်းစက်၊ ဗွီဒီယိုကြည့်စက်၊ ကွန်ပျူုတာ စတဲ့ ပစ္စည်းတွေကို လက်လှမ်းဖို့မပြောနဲ့၊ ကောင်းကောင်းမြင်ဖူးသူတောင် ရှားပါးခဲ့တဲ့ခေတ်ပါ။

တချို့သော နည်းပညာပစ္စည်းတွေဟာ လူကုံထံအသိုင်းအဝိုင်းကိုပဲ ဦးတည်တာဖြစ်ပြီး၊ အလုံးရေ အကန့်အသတ်နဲ့သာ ထုတ်လုပ်ရောင်းချကြပါတယ်။ အခုလည်း ဦးလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁၅)နှစ်က သူ ချစ်မြတ်နိုးရတဲ့ တူလေးကစားဖို့ PS2 ဂိမ်းစက် ဝယ်ပေးခဲ့ပါတယ်။

ဂိမ်းစက်တန်ဖိုးက ဘယ်လောက်မှ မရှိပေမယ့်၊ ဒီစက်ကလေးကိုရဖို့ ဦးလေးဖြစ်သူဟာ တစ်လစာထုတ်ထားတဲ့ငွေ အကုန် သုံးခဲ့ရတာပါ။ တူဖြစ်သူရဲ့အမည်ကတော့ Steven Elliot ဖြစ်ပြီး၊ နောင်(၁၅)နှစ်ကြာတဲ့အခါ သူဟာ Elliot Havok လုပ်ငန်းစုကို တည်ထောင်သူ ဖြစ်လာပါတယ်။ အဲဒီလုပ်ငန်းဟာ နာရီတွေ၊ ပိုက်ဆံအိတ်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။

သူ့ဆီမှာ တကယ့် ဒိတ်ဒိတ်ကြဲတွေမှ ကိုင်နိုင်တဲ့ အကောင်းစား နာရီအမျိုးအစားတွေကိုလည်း ရနိုင်သလို၊ သာမန်လူတွေအတွက်လည်း ရနိုင်ပါသတဲ့။ Steven ဟာ ငယ်ငယ်က ဆင်းရဲခဲ့သူဖြစ်ပြီး၊ သူများတွေလို ဂိမ်းစက်တွေအစား အရုပ်ကလေးတွေနဲ့ ကစားခဲ့ရတာပါ။

ဦးလေးဖြစ်သူက အလုပ်ရလျှင်ရချင်းပဲ Steven နဲ့ သူရဲ့အစ်ကိုတို့အတွက် ဒေါ်လာ (၄၀၀) အကုန်အကျခံပြီး PS2 ဂိမ်းစက်ကို ရက်ရက်ရောရော ဝယ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် Steven ဟာ သူကိုယ်တိုင် အောင်မြင်လာချိန်မှာ ဦးလေးကို ထင်မှတ်မထားတဲ့ လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒါကတော့ မော်ဒယ်မြင့် SUV ကားဖြစ်ပါတယ်။

ဒီကားကို အစ်ကိုဖြစ်သူနဲ့ စပ်တူဝယ်ပေးခဲ့တာပါ။ ဦးလေးဖြစ်သူမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ လက်ဆောင်မျိုး ရခဲ့တာဆိုပေမယ့် Forbes မဂ္ဂဇင်းရဲ့ (၂၀၁၈)ခုနှစ် “30 under 30”စာရင်း ဝင်ရောက်နိုင်ခဲ့တဲ့ Steven အဖို့တော့ ဒီလို လက်ဆောင်မျိုးက အသေးအဖွဲသာ ဖြစ်ပါလိမ့်မယ်။

လင်းသုတ

Source : rechfeed , getrichslowly

Credit : Shwemom

Leave a Reply

Your email address will not be published. Required fields are marked *