သားျဖစ္သူကို ဖိနပ္၀ယ္ေပးခ်င္လြန္းလို႔ ႏွစ္ေပါက္ေအာင္ ေငြစုေနခဲ့တဲ့ အမ်ိဳးသားၾကီး

Zawgyiျဖင့္ဖတ္ရန္

သားသမီးအတြက္ဆိုရင္ ဘာပဲလုပ္ရလုပ္ရဆိုတဲ့ ေမတၱာၾကီးမားတဲ့ မိဘေတြဟာ လက္ေတြ႔ေလာကမွာ အမ်ားၾကီးပါပဲ။ ကေလးေတြနဲ႔ ယွဥ္လာတဲ့အခါ မိဘေကာင္းေတြဟာ ကိုယ့္အလိုဆႏၵထက္ ကေလးကို ဦးစားေပးေလ့ရွိပါတယ္။ မိဘေတြရဲ႕ ဂုဏ္ေက်းဇူးနဲ႔ ပတ္သက္လို႔ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ပံု၀တၳဳေတာ္ေတာ္မ်ားမ်ားကိုလည္း ၾကားဖူးၿပီးျဖစ္မွာပါ။

အခုအခါမွာလည္း ဖိလစ္ပိုင္ႏို္င္ငံေန ဖခင္တစ္ဦးက သူ႔ရဲ႕ မရွိမဲ့ရွိမဲ့ေခြ်းနည္းစာကေလးနဲ႔ သားျဖစ္သူဖို႔ ဖိနပ္၀ယ္ေပးေနခဲ့တာကို worldofbuzz သတင္းကေန ေတြ႔ျမင္ခဲ့ရပါတယ္။ အဆိုပါအမ်ိဳးသားၾကီးဆီမွာ ပိုက္ဆံအိတ္ေတာင္ မရွိရွာပါဘူး။ ပိုက္ဆံအိတ္အစား သူက ေသတၱာတစ္လံုးကိုပဲ ယူေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

ေသတၱာထဲမွာေတာ့ သူ ႏွစ္နဲ႔ခ်ီၿပီး စုေဆာင္းထားခဲ့တဲ့ ေငြအေၾကြေတြရွိိပါတယ္။ အမ်ိဳးသားၾကီးဟာ အေၾကြေတြကို တစ္ေစ့ခ်င္းစီ ေရတြက္ခဲ့ပါတယ္။ ေနာက္ဆံုး အေၾကြေတြက သားျဖစ္သူကို ဖိနပ္၀ယ္ေပးဖို႔ ပိုက္ဆံေလာက္တာလည္းသိေရာ အမ်ိဳးသားၾကီးရဲ႕ မ်က္ႏွာက ရႊင္ပ်သြားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေလးကိုေတာ့ Philippine trends and news ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ဓာတ္ပံုေတြနဲ႔အတူ မွ်ေ၀ထားခဲ့တာပါ။ ဓာတ္ပံုေတြထဲမွာေတာ့ ႏြမ္းပါးပံုရတဲ့ အမ်ိဳးသားၾကီးတစ္ဦးကို ေဘးနားမွာ သူ႔ရဲ႕သားျဖစ္သူနဲ႔ အတူေတြ႔ရမွာ ျဖစ္ၿပီး သူတို႔က ဖိနပ္လာ၀ယ္ၾကတာ ျဖစ္ပါတယ္။ ကိုယ့္မွာ ရွိရွိ၊ မရွိရွိ သားသမီးလိုခ်င္တဲ့ အရာကို အတတ္ႏိုင္ဆံုး ျဖည့္ဆည္းေပးတတ္တဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို အခုျဖစ္ရပ္ေလးက သက္ေသခံေနပါေတာ့တယ္။

Credit :လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

သားဖြစ်သူကို ဖိနပ်ဝယ်ပေးချင်လွန်းလို့ နှစ်ပေါက်အောင် ငွေစုနေခဲ့တဲ့ အမျိုးသားကြီး

သားသမီးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ မေတ္တာကြီးမားတဲ့ မိဘတွေဟာ လက်တွေ့လောကမှာ အများကြီးပါပဲ။ ကလေးတွေနဲ့ ယှဉ်လာတဲ့အခါ မိဘကောင်းတွေဟာ ကိုယ့်အလိုဆန္ဒထက် ကလေးကို ဦးစားပေးလေ့ရှိပါတယ်။ မိဘတွေရဲ့ ဂုဏ်ကျေးဇူးနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံဝတ္ထုတော်တော်များများကိုလည်း ကြားဖူးပြီးဖြစ်မှာပါ။

အခုအခါမှာလည်း ဖိလစ်ပိုင်နိုင်ငံနေ ဖခင်တစ်ဦးက သူ့ရဲ့ မရှိမဲ့ရှိမဲ့ချွေးနည်းစာကလေးနဲ့ သားဖြစ်သူဖို့ ဖိနပ်ဝယ်ပေးနေခဲ့တာကို worldofbuzz သတင်းကနေ တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါအမျိုးသားကြီးဆီမှာ ပိုက်ဆံအိတ်တောင် မရှိရှာပါဘူး။ ပိုက်ဆံအိတ်အစား သူက သေတ္တာတစ်လုံးကိုပဲ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

သေတ္တာထဲမှာတော့ သူ နှစ်နဲ့ချီပြီး စုဆောင်းထားခဲ့တဲ့ ငွေအကြွေတွေရှိပါတယ်။ အမျိုးသားကြီးဟာ အကြွေတွေကို တစ်စေ့ချင်းစီ ရေတွက်ခဲ့ပါတယ်။ နောက်ဆုံး အကြွေတွေက သားဖြစ်သူကို ဖိနပ်ဝယ်ပေးဖို့ ပိုက်ဆံလောက်တာလည်းသိရော အမျိုးသားကြီးရဲ့ မျက်နှာက ရွှင်ပျသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးကိုတော့ Philippine trends and news ဖေ့စ်ဘုတ်စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားခဲ့တာပါ။ ဓာတ်ပုံတွေထဲမှာတော့ နွမ်းပါးပုံရတဲ့ အမျိုးသားကြီးတစ်ဦးကို ဘေးနားမှာ သူ့ရဲ့သားဖြစ်သူနဲ့ အတူတွေ့ရမှာ ဖြစ်ပြီး သူတို့က ဖိနပ်လာဝယ်ကြတာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရှိရှိ၊ မရှိရှိ သားသမီးလိုချင်တဲ့ အရာကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အခုဖြစ်ရပ်လေးက သက်သေခံနေပါတော့တယ်။

Credit :လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *