ႏွစ္(၃၀)ၾကာမယ့္အထိ Mobile Legend Acc Ban ခံရလုိ႔ ငိုေၾကြးေနတဲ့ကေလးငယ္

Zawgyiျဖင့္ဖတ္ရန္

လူငယ္ထုအၾကားမွာ ေရပန္းစားေနတဲ့ ဂိမ္းတစ္ခုကေတာ့ Mobile Legends ဂိမ္းျဖစ္ပါတယ္။ ဒီဂိမ္းကုိ လူငယ္ေတြ စြဲလန္းလြန္းလုိ႔ တစ္ခ်ိဳ႕ေသာႏုိင္ငံေတြမွာေတာ့ ႏုိင္ငံအတြင္း ေဆာ့ကစားခြင့္ကိုေတာင္ ပိတ္ပင္မယ္လုိ႔ ဆုိေနၾကပါတယ္။ ဒီသတင္းဟာ Mobile Legends သမားေတြအတြက္ေတာ့ စုိးရိမ္စရာ မေက်နပ္စရာပါ။

တစ္ရက္ေလာက္ အBan ခံရရင္ေတာင္၊ ေနာက္မထိထုိင္မသာ ျဖစ္ေလ့ရွိတဲ့ Gamer ေတြဘဝမွာ တစ္ခါတေလ အေကာင့္ကုိ ရာသက္ပန္နီးပါး Ban တာမ်ိဳးေတာင္ ရွိတယ္လုိ႔ သိရပါတယ္။ ဆုိရရင္ ကစားသူဘက္က ခြင့္မလႊတ္ႏုိင္တဲ့အမွားမိ်ဳး က်ဴးလြန္ရင္ ႏွစ္ေပါင္းခ်ီၿပီး ပိတ္ပင္ခံရတတ္ပါတယ္တဲ့။

အခုလည္း အဲဒီလုိအျဖစ္မ်ိဳး ရင္ဆုိင္ေနရတဲ့ ဖိလစ္ပိုင္က ကေလးငယ္ေလးဟာ သူရဲ႕ Mobile Legends Account ကို ႏွစ္ေပါင္း (၃၀)အထိ Ban ခံလုိက္ရလုိ႔ ဝမ္းနည္းစြာ ငုိေၾကြးေနတာကို ဖခင္ျဖစ္သူက ဗြီဒီယိုမွတ္တမ္း ရယူခဲ့ပါတယ္။

အဆုိပါ ေကာင္ေလးရဲ႕ Mobile Legends Account ဟာ (၁၀၉၄၉)ရက္၊ (၁)နာရီ၊ (၂၃)မိနစ္ၾကာသည္အထိ ပိတ္ပင္ခံရတဲ့ အေနအထားပါ။ ဒါဟာ ႏွစ္ေပါင္း(၃၀)နီးပါး ပိတ္ပင္ခံရတဲ့ သေဘာမုိ႔၊ ဒီေကာင္ေလးအေနနဲ႔ သူ႕အသက္ (၄၅)ႏွစ္ေလာက္မွာ ဒီဂိမ္းကို ျပန္ေဆာ့ရေတာ့မယ့္သေဘာ ျဖစ္ေနပါတယ္။

ဒီအေၾကာင္းကို ဖခင္ Mark Samonte က လူမႈကြန္ရက္မွာ ျဖန္႔ေဝခဲ့တာပါ။ ေကာင္ေလးကို ဘာေၾကာင့္ Ban တယ္ဆုိတာ မသိရေပးမယ့္၊ မွတ္ခ်က္ေရးသူေတြရဲ႕ စကားအရ သူဟာ အႀကံအဖန္လုပ္ထားတဲ့ Code ေတြကုိ သုံးခဲ့တဲ့အတြက္ အခုလုိ Ban ခံထိတာလုိ႔ သိရပါတယ္။

Credit:လင္းသုတ (Shwemom)

Unicodeဖြင့်ဖတ်ရန်

နှစ်(၃၀)ကြာမယ့်အထိ Mobile Legends Acc Ban ခံရလို့ ငိုကြွေးနေတဲ့ကလေးငယ်

လူငယ်ထုအကြားမှာ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုကတော့ Mobile Legends ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို လူငယ်တွေ စွဲလန်းလွန်းလို့ တစ်ချို့သောနိုင်ငံတွေမှာတော့ နိုင်ငံအတွင်း ဆော့ကစားခွင့်ကိုတောင် ပိတ်ပင်မယ်လို့ ဆိုနေကြပါတယ်။ ဒီသတင်းဟာ Mobile Legends သမားတွေအတွက်တော့ စိုးရိမ်စရာ မကျေနပ်စရာပါ။

တစ်ရက်လောက် အBan ခံရရင်တောင်၊ နောက်မထိထိုင်မသာ ဖြစ်လေ့ရှိတဲ့ Gamer တွေဘဝမှာ တစ်ခါတလေ အကောင့်ကို ရာသက်ပန်နီးပါး Ban တာမျိုးတောင် ရှိတယ်လို့ သိရပါတယ်။ ဆိုရရင် ကစားသူဘက်က ခွင့်မလွှတ်နိုင်တဲ့အမှားမျိုး ကျူးလွန်ရင် နှစ်ပေါင်းချီပြီး ပိတ်ပင်ခံရတတ်ပါတယ်တဲ့။

အခုလည်း အဲဒီလိုအဖြစ်မျိုး ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်က ကလေးငယ်လေးဟာ သူရဲ့ Mobile Legends Account ကို နှစ်ပေါင်း (၃၀)အထိ Ban ခံလိုက်ရလို့ ဝမ်းနည်းစွာ ငိုကြွေးနေတာကို ဖခင်ဖြစ်သူက ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။

အဆိုပါ ကောင်လေးရဲ့ Mobile Legends Account ဟာ (၁၀၉၄၉)ရက်၊ (၁)နာရီ၊ (၂၃)မိနစ်ကြာသည်အထိ ပိတ်ပင်ခံရတဲ့ အနေအထားပါ။ ဒါဟာ နှစ်ပေါင်း(၃၀)နီးပါး ပိတ်ပင်ခံရတဲ့ သဘောမို့၊ ဒီကောင်လေးအနေနဲ့ သူ့အသက် (၄၅)နှစ်လောက်မှာ ဒီဂိမ်းကို ပြန်ဆော့ရတော့မယ့်သဘော ဖြစ်နေပါတယ်။

ဒီအကြောင်းကို ဖခင် Mark Samonte က လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တာပါ။ ကောင်လေးကို ဘာကြောင့် Ban တယ်ဆိုတာ မသိရပေးမယ့်၊ မှတ်ချက်ရေးသူတွေရဲ့ စကားအရ သူဟာ အကြံအဖန်လုပ်ထားတဲ့ Code တွေကို သုံးခဲ့တဲ့အတွက် အခုလို Ban ခံထိတာလို့ သိရပါတယ်။

Credit:လင်းသုတ (Shwemom)

Leave a Reply

Your email address will not be published. Required fields are marked *