မိန္းမနဲ႔ ရည္းစားေပါင္း ၁၀၀ ေက်ာ္ ရွိၿပီး တစ္ေနရာတည္း အတူထားတဲ့ တ႐ုတ္ အိမ္ၿခံေျမလုပ္ငန္းရွင္

Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံက ေျမယာစီမံခန႔္ခြဲမႈ ကုမၸဏီတစ္ခုရဲ႕ ဥကၠ႒ေဟာင္းတစ္ဦးဟာ အက်င့္ပ်က္ျခစားမႈနဲ႔ ဖမ္းဆီးခံထားရၿပီး သူရဲ႕ ႁမြာေပြမႈဟာ ႏိုင္ငံအတြင္း ေျပာစမွတ္တြင္ေနပါတယ္။ဘာေၾကာင့္လည္းဆိုေတာ့ သူ႔မွာ ဇနီးမယားနဲ႔ ခ်စ္သူရည္းစား အမ်ိဳးသမီးေပါင္း ၁၀၀ ေက်ာ္နဲ႔ ေပါင္းသင္းခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

အသက္ ၅၇ ႏွစ္ရွိ လိုက္ေရွာက္မင္းဆိုတဲ့ အႏွီပုဂၢိဳလ္ဟာ သူ႔ရဲ႕ ဇနီးမယားနဲ႔ ခ်စ္သူမိန္းကေလးေတြကို က်ဴဟိုင္ၿမိဳ႕က စီရင္စုတစ္ခုတည္းမွာပဲ အိမ္တစ္ေဆာင္မီးတေျပာင္စီနဲ႔ အသီးသီး ထားထားတာ ျဖစ္ၿပီး တ႐ုတ္က လူမႈမီဒီယာမွာ သူ႔အေၾကာင္းက ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္ေနပါတယ္။

အဲဒီလို သူ႔ရဲ႕ ဇနီးေတြ၊ ခ်စ္သူေတြနဲ႔ ကေလးေတြကို တစ္ေနရာတည္းမွာ ထားထားတာ ျဖစ္ေပမယ့္ ျပႆနာလည္း ျဖစ္ၾကပုံ မရပါဘူး။ ဒါအျပင္ ေရွာက္မင္းဟာ သူရဲ႕ ကုမၸဏီေတြမွာ သူ႔ မိန္းမနဲ႔ ရည္းစားေတြကို မန္ေနဂ်ာ၊ အမႈေဆာင္နဲ႔ ဒါ႐ိုက္တာရာထူးေတြလည္း အသီးသီး ခန႔္အပ္ထားျပန္တာပါ။

ေမာင္းမမိႆံ တရာေက်ာ္နဲ႔ ေရွာက္မင္းကို ဧၿပီလအတြင္းက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ဖမ္းဆီးခ်ိန္မွာ ေရွာက္မင္းဟာ သူ႔ နာမည္နဲ႔ အိမ္ၿခံေျမေပါင္း ၁၀၀ ေက်ာ္ထက္မနည္း ပိုင္ဆိုင္ထားၿပီး အေလးခ်ိန္ သုံးတန္ရွိတဲ့ ယြမ္ သန္း ၂၇၀ ေငြသားေတြကိုလည္း သိမ္းဆည္းရမိပါတယ္။

စုံစမ္းစစ္ေဆးသူေတြ ေတြ႕ရွိခ်က္ေတြအရ ေရွာက္မင္းရဲ႕ တရားမဝင္ပိုင္ဆိုင္မႈေပါင္းဟာ ယြမ္ ႏွစ္ဘီလီယံေက်ာ္ထက္မနည္း ရွိမယ္ ခန႔္မွန္းထားပါတယ္။ေရွာက္မင္းဟာ ၂၀၁၃ ကေန ၂၀၁၈ အထိ အမ်ိဳးသားျပည္သူ႔လႊတ္ေတာ္မွာ တ႐ုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္ ျဖစ္ခဲ့သူပါ။

ပါတီကေန ထုတ္ပယ္ခံရၿပီး သူဟာ၂၀၁၇ ေနာက္ပိုင္း အိမ္ေထာင္ရွိရက္ ေနာက္အိမ္ေထာင္ျပဳျခင္းေၾကာင့္ တရားစြဲဆိုခံရတဲ့ ပထမဆုံး ပါတီေခါင္းေဆာင္လည္း ျဖစ္ခဲ့သူ ျဖစ္ပါတယ္။

Writer_ ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

မိန်းမနဲ့ ရည်းစားပေါင်း ၁၀၀ ကျော် ရှိပြီး တစ်နေရာတည်း အတူထားတဲ့ တရုတ် အိမ်ခြံမြေလုပ်ငန်းရှင်

တရုတ်နိုင်ငံက မြေယာစီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဟာ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခံထားရပြီး သူရဲ့ မြွာပွေမှုဟာ နိုင်ငံအတွင်း ပြောစမှတ်တွင်နေပါတယ်။
ဘာကြောင့်လည်းဆိုတော့ သူ့မှာ ဇနီးမယားနဲ့ ချစ်သူရည်းစား အမျိုးသမီးပေါင်း ၁၀၀ ကျော်နဲ့ ပေါင်းသင်းခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အသက် ၅၇ နှစ်ရှိ လိုက်ရှောက်မင်းဆိုတဲ့ အနှီပုဂ္ဂိုလ်ဟာ သူ့ရဲ့ ဇနီးမယားနဲ့ ချစ်သူမိန်းကလေးတွေကို ကျူဟိုင်မြို့က စီရင်စုတစ်ခုတည်းမှာပဲ အိမ်တစ်ဆောင်မီးတပြောင်စီနဲ့ အသီးသီး ထားထားတာ ဖြစ်ပြီး တရုတ်က လူမှုမီဒီယာမှာ သူ့အကြောင်းက ဟိုးလေးတကျော်ကျော် ဖြစ်နေပါတယ်။

အဲဒီလို သူ့ရဲ့ ဇနီးတွေ၊ ချစ်သူတွေနဲ့ ကလေးတွေကို တစ်နေရာတည်းမှာ ထားထားတာ ဖြစ်ပေမယ့် ပြဿနာလည်း ဖြစ်ကြပုံ မရပါဘူး။ ဒါအပြင် ရှောက်မင်းဟာ သူရဲ့ ကုမ္ပဏီတွေမှာ သူ့ မိန်းမနဲ့ ရည်းစားတွေကို မန်နေဂျာ၊ အမှုဆောင်နဲ့ ဒါရိုက်တာရာထူးတွေလည်း အသီးသီး ခန့်အပ်ထားပြန်တာပါ။

မောင်းမမိဿံ တရာကျော်နဲ့ ရှောက်မင်းကို ဧပြီလအတွင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးချိန်မှာ ရှောက်မင်းဟာ သူ့ နာမည်နဲ့ အိမ်ခြံမြေပေါင်း ၁၀၀ ကျော်ထက်မနည်း ပိုင်ဆိုင်ထားပြီး အလေးချိန် သုံးတန်ရှိတဲ့ ယွမ် သန်း ၂၇၀ ငွေသားတွေကိုလည်း သိမ်းဆည်းရမိပါတယ်။

စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိချက်တွေအရ ရှောက်မင်းရဲ့ တရားမဝင်ပိုင်ဆိုင်မှုပေါင်းဟာ ယွမ် နှစ်ဘီလီယံကျော်ထက်မနည်း ရှိမယ် ခန့်မှန်းထားပါတယ်။
ရှောက်မင်းဟာ ၂၀၁၃ ကနေ ၂၀၁၈ အထိ အမျိုးသားပြည်သူ့လွှတ်တော်မှာ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် ဖြစ်ခဲ့သူပါ။

ပါတီကနေ ထုတ်ပယ်ခံရပြီး သူဟာ၂၀၁၇ နောက်ပိုင်း အိမ်ထောင်ရှိရက် နောက်အိမ်ထောင်ပြုခြင်းကြောင့် တရားစွဲဆိုခံရတဲ့ ပထမဆုံး ပါတီခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

Leave a Reply

Your email address will not be published. Required fields are marked *