သင္ဒါဖတ္ၿပီးရင္ ေထာပတ္သီးအေစ့ကို လႊင့္ပစ္မွာ မဟုတ္ေတာ့ဘူး…

ေထာပတ္သီးကို အေစ့ပါစားဖို႔ ေတြးၾကည့္ဖူးလား ? ေျပာရင္ သင္ယုံပါ့မလားေတာ့မသိဘူး။ ေထာပတ္သီးတစ္လုံးမွာ အသားထက္စာရင္ အေစ့မွာ အာဟာရေတြ ပိုလို႔ေတာင္ပါဝင္ေနပါသတဲ့။

ေထာပတ္သီးဟာ အာဟာရျပည့္ဝတဲ့အသီးအႏွံတစ္မ်ိဳးျဖစ္ေပမယ့္ ေထာပတ္သီးမွာပါရွိတဲ့ အမိုင္ႏိုအက္စစ္ ၇၀ ရာခိုင္ႏႈန္းကို အေစ့မွာေတြ႕ရွိရပါတယ္။ ေထာပတ္သီးအေစ့က သူ႔ရဲ႕ေဆးဖက္ဝင္အာနိသင္ေတြေၾကာင့္ အရသာခါးသက္ၿပီး အနံ႔ျပင္းပါတယ္။ေထာပတ္သီးေစ့ကိုစားသုံးမယ္ဆိုရင္ စားလို႔ေတာ့ရပါတယ္။

ေထာပတ္သီးအေစ့ကို စားသုံးမယ္ဆိုရင္ေတာ့ ေအာက္ပါအက်ိဳးေက်းဇူး (၅)မ်ိဳး ရရွိႏိုင္ပါတယ္။

၁။ ကင္ဆာကို ကာကြယ္ေပးႏိုင္တယ္

ေထာပတ္သီးအေစ့ဟာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တယ္လို႔လည္း ေတြ႕ရွိထားပါတယ္။ P r o c y a n i d i n T r i m m e r s A, 3-O – c a f f e o y l q u i n i c a c i d နဲ႔ 3-op – c o u m a r o y l q u i n i c a c i d ေတြေၾကာင့္ ကင္ဆာေရာဂါ နဲ႔ အသည္းေရာဂါ ေတြမွာ အထူးေကာင္းမြန္တယ္လို႔ သိရပါတယ္။

၂။ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္

ေရာင္ရမ္းမႈေတြဆိုတာ ခႏၶာကိုယ္ရဲ႕ ေနရာအႏွံ႔မွာ အခ်ိန္နဲ႔အမွ်ျဖစ္ေနတတ္တဲ့ ျပႆနာပါ။ ေရာင္ရမ္းမႈဆိုတဲ့ေနရာမွာ အေရျပား အေပၚယံေရာင္ရမ္းမႈေတြကေန ခႏၶာကိုယ္ရဲ႕အတြင္းပိုင္းမွာရွိေနတဲ့ ကိုယ္တြင္းအဂၤါ ကလီစာေတြအထိ ေနရာအႏွံ႔ျဖစ္ႏိုင္ပါတယ္။ ေရာင္ရမ္းမႈဟာ ျပင္းထန္တဲ့အခါ နာမက်န္းျဖစ္တာေတြကေန ႏွလုံးေရာဂါနဲ႔ ေလျဖတ္တာေတြအျပင္ ကင္ဆာအထိေတာင္မွ ျဖစ္ႏိုင္ပါတယ္။ ေထာပတ္သီးအေစ့မွာပါဝင္တဲ့ p r o c y a n d i n s နဲ႔ c a t e c h i n s ေတြဟာ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္တဲ့ အေကာင္းဆုံး a n t i o x i d a n t ေတြပဲျဖစ္ပါတယ္။

၃။ အစာေျခစနစ္ကို ေထာက္ပံ့ေပးတယ္

ေထာပတ္သီးအေစ့မွာ အုတ္ဂ်ဳံထက္ေတာင္မွ ပိုမ်ားတဲ့ ေပ်ာ္ဝင္ အမွ်င္ဓာတ္ေတြ ပါဝင္ေနလို႔ သင့္ရဲ႕ အစာေျခစနစ္ကို ေကာင္းေကာင္း ေထာက္ပံ့ေပးႏိုင္ပါတယ္။ P h e n o l i c c o m p o u n d s ေတြ အမ်ားႀကီးပါလို႔ အစာအိမ္ အနာေတြ မျဖစ္ေအာင္ နဲ႔ ဘတ္တီးရီးယား၊ ဗိုင္းရပ္၊ မႈိ ေရာဂါေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

၄။ အသားအေရကို G l o w လာေစမယ္

လူေတာ္ေတာ္မ်ားမ်ားက ေထာပတ္သီးအသား ကိုပဲ အသားအေရအတြက္ ေကာင္းတယ္လို႔ သိထားၾကတာမ်ားပါတယ္ ။ ေထာပတ္သီးရဲ႕ အေစ့မွာ ပါဝင္တဲ့ ေကာ္လာဂ်င္ေတြနဲ႔ a n t i o x i d a n t ေတြက အေရျပား တစ္သွ်ဴးေတြကို ပိုအက်ိဳးရွိေစလို႔ အသားအေရတြန႔္တာေတြကို ကာကြယ္ေပးၿပီး ႏုပ်ိဳေတာက္ပေစပါလိမ့္မယ္။

၅။ အဆီက်ၿပီး သြယ္လ်ေစတယ္

အကယ္၍သင့္အေနနဲ႔ gym မွာ အခ်ိန္မ်ားစြာအကုန္ခံၿပီး ပင္ပင္ပန္းပန္းႀကိဳးစားေနတာေတာင္မွ ဝိတ္မက်ဘူးဆိုရင္ေတာ့ ေထာပတ္သီးအေစ့ကို စားသုံးၾကည့္ဖို႔ စဥ္းစားသင့္ပါတယ္။ ေထာပတ္သီးအေစ့မွာ ပါဝင္တဲ့ ေျမာက္မ်ားလွစြာေသာ f i b e r ေတြက သင့္ကို ဗိုက္ျပည့္တင္းေနသလို ခံစားရေစမွာျဖစ္ၿပီး အူလမ္းေၾကာင္းကိုလည္း က်န္းမာေစတဲ့အတြက္ သင့္ကိုအဆီက်ၿပီး သြယ္လ်လာေစမွာပါ။

ဒါဆိုရင္ေတာ့ အနံ႔ျပင္းၿပီး ခါးသက္တဲ့ ေထာပတ္သီးအေစ့ကို ဘယ္လို စားသုံးမလဲဆိုတာေလးေျပာျပပါ့မယ္။

ေထာပတ္သီးအေစ့ကို ဓားနဲ႔ ၄ စိတ္ စိတ္ပီး B l e n d e r ထဲ ထည့္ႀကိတ္ပီး အမႈန႔္ျပဳလုပ္လိုက္ပါ။ b l e n d e r မရွိရင္ အေစ့ကို ပလက္စတစ္အိတ္ထဲထည့္ၿပီး တူနဲ႔ ထုပစ္လိုက္လည္း ရပါတယ္။ ရလာတဲ့ အမႈန႔္ကိုမွ ေဖ်ာ္ရည္ထဲ၊ ဟင္းရည္ေတြထဲ ျဖဴးပီးေသာက္လို႔ရပါတယ္။

ခ်က္ခ်င္း မသုံးခ်င္ေသးရင္ေတာ့ အေစ့ကို ေနလွန္းအေျခာက္ခံၿပီးမွ အမႈန႔္ႀကိတ္ပါ။

ဒါေပမဲ့ ဒီနည္းက အနံ႔ေတာ္ေတာ္ ျပင္းလို႔ အခ်ိဳ႕ေတြက မခံႏိုင္ၾကပါဘူး။ အဲ့လိုဆိုရင္ေတာ့ ေထာပတ္သီးအေစ့နဲ႔အတူ ေထာပတ္သီး အသားပါထည့္ၿပီး အနံ႔ အရသာ ျပင္းရွတဲ့ ဘယ္ရီသီး၊ ဟင္းႏုနယ္႐ြက္၊ နာနတ္သီး စတာေတြ နဲ႔အတူ ေရာေဖ်ာ္ေသာက္လို႔လည္းရပါတယ္။ ငွက္ေပ်ာသီး၊ ကီဝီသီး၊ သစ္ေတာ္သီး၊

ပန္းသီး၊ စြံပလြံသီး၊ စပ်စ္သီး၊ အုန္းႏို႔၊ ဂ်င္း စတာေတြ ထည့္ၿပီးေတာ့လည္း အေစ့ရဲ႕ ျပင္းထန္တဲ့ အနံ႔အရသာကို ေပ်ာက္ေအာင္ ေရာေဖ်ာ္ႏိုင္ပါေသးတယ္။

ဒီေလာက္ဆိုရင္ ေထာပတ္သီးစားတဲ့အခါ အေစ့ကို လုံးဝလႊင့္မပစ္သင့္ဘူးဆိုတာ သိေလာက္ၿပီထင္ပါတယ္။ တကယ္ေတာ့ ေထာပတ္သီးတစ္လုံးရဲ႕ ရတနာဟာ ေထာပတ္သီးအေစ့သာ ျဖစ္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

June Nine Aung ေလးစားစြာျဖင့္ ခရက္ဒစ္ ဝီမီဒီယာ

Unicode ဖြင့်ဖတ်ရန်

သင်ဒါဖတ်ပြီးရင် ထောပတ်သီးအစေ့ကို လွှင့်ပစ်မှာ မဟုတ်တော့ဘူး

ထောပတ်သီးကို အစေ့ပါစားဖို့ တွေးကြည့်ဖူးလား ? ပြောရင် သင်ယုံပါ့မလားတော့မသိဘူး။ ထောပတ်သီးတစ်လုံးမှာ အသားထက်စာရင် အစေ့မှာ အာဟာရတွေ ပိုလို့တောင်ပါဝင်နေပါသတဲ့။

ထောပတ်သီးဟာ အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာတွေ့ရှိရပါတယ်။ ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။

ထောပတ်သီးအစေ့ကို စားသုံးမယ်ဆိုရင်တော့ အောက်ပါအကျိုးကျေးဇူး (၅)မျိုး ရရှိနိုင်ပါတယ်။

၁။ ကင်ဆာကို ကာကွယ်ပေးနိုင်တယ်

ထောပတ်သီးအစေ့ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။ P r o c y a n i d i n T r i m m e r s A, 3-O – c a f f e o y l q u i n i c a c i d နဲ့ 3-op – c o u m a r o y l q u i n i c a c i d တွေကြောင့် ကင်ဆာရောဂါ နဲ့ အသည်းရောဂါ တွေမှာ အထူးကောင်းမွန်တယ်လို့ သိရပါတယ်။

၂။ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်

ရောင်ရမ်းမှုတွေဆိုတာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ အချိန်နဲ့အမျှဖြစ်နေတတ်တဲ့ ပြဿနာပါ။ ရောင်ရမ်းမှုဆိုတဲ့နေရာမှာ အရေပြား အပေါ်ယံရောင်ရမ်းမှုတွေကနေ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာရှိနေတဲ့ ကိုယ်တွင်းအင်္ဂါ ကလီစာတွေအထိ နေရာအနှံ့ဖြစ်နိုင်ပါတယ်။ ရောင်ရမ်းမှုဟာ ပြင်းထန်တဲ့အခါ နာမကျန်းဖြစ်တာတွေကနေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေအပြင် ကင်ဆာအထိတောင်မှ ဖြစ်နိုင်ပါတယ်။ ထောပတ်သီးအစေ့မှာပါဝင်တဲ့ p r o c y a n d i n s နဲ့ c a t e c h i n s တွေဟာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံး a n t i o x i d a n t တွေပဲဖြစ်ပါတယ်။

၃။ အစာခြေစနစ်ကို ထောက်ပံ့ပေးတယ်

ထောပတ်သီးအစေ့မှာ အုတ်ဂျုံထက်တောင်မှ ပိုများတဲ့ ပျော်ဝင် အမျှင်ဓာတ်တွေ ပါဝင်နေလို့ သင့်ရဲ့ အစာခြေစနစ်ကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပါတယ်။ P h e n o l i c c o m p o u n d s တွေ အများကြီးပါလို့ အစာအိမ် အနာတွေ မဖြစ်အောင် နဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှို ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

၄။ အသားအရေကို G l o w လာစေမယ်

လူတော်တော်များများက ထောပတ်သီးအသား ကိုပဲ အသားအရေအတွက် ကောင်းတယ်လို့ သိထားကြတာများပါတယ် ။ ထောပတ်သီးရဲ့ အစေ့မှာ ပါဝင်တဲ့ ကော်လာဂျင်တွေနဲ့ a n t i o x i d a n t တွေက အရေပြား တစ်သျှူးတွေကို ပိုအကျိုးရှိစေလို့ အသားအရေတွန့်တာတွေကို ကာကွယ်ပေးပြီး နုပျိုတောက်ပစေပါလိမ့်မယ်။

၅။ အဆီကျပြီး သွယ်လျစေတယ်

အကယ်၍သင့်အနေနဲ့ gym မှာ အချိန်များစွာအကုန်ခံပြီး ပင်ပင်ပန်းပန်းကြိုးစားနေတာတောင်မှ ဝိတ်မကျဘူးဆိုရင်တော့ ထောပတ်သီးအစေ့ကို စားသုံးကြည့်ဖို့ စဉ်းစားသင့်ပါတယ်။ ထောပတ်သီးအစေ့မှာ ပါဝင်တဲ့ မြောက်များလှစွာသော f i b e r တွေက သင့်ကို ဗိုက်ပြည့်တင်းနေသလို ခံစားရစေမှာဖြစ်ပြီး အူလမ်းကြောင်းကိုလည်း ကျန်းမာစေတဲ့အတွက် သင့်ကိုအဆီကျပြီး သွယ်လျလာစေမှာပါ။

ဒါဆိုရင်တော့ အနံ့ပြင်းပြီး ခါးသက်တဲ့ ထောပတ်သီးအစေ့ကို ဘယ်လို စားသုံးမလဲဆိုတာလေးပြောပြပါ့မယ်။

ထောပတ်သီးအစေ့ကို ဓားနဲ့ ၄ စိတ် စိတ်ပီး B l e n d e r ထဲ ထည့်ကြိတ်ပီး အမှုန့်ပြုလုပ်လိုက်ပါ။ b l e n d e r မရှိရင် အစေ့ကို ပလက်စတစ်အိတ်ထဲထည့်ပြီး တူနဲ့ ထုပစ်လိုက်လည်း ရပါတယ်။ ရလာတဲ့ အမှုန့်ကိုမှ ဖျော်ရည်ထဲ၊ ဟင်းရည်တွေထဲ ဖြူးပီးသောက်လို့ရပါတယ်။

ချက်ချင်း မသုံးချင်သေးရင်တော့ အစေ့ကို နေလှန်းအခြောက်ခံပြီးမှ အမှုန့်ကြိတ်ပါ။

ဒါပေမဲ့ ဒီနည်းက အနံ့တော်တော် ပြင်းလို့ အချို့တွေက မခံနိုင်ကြပါဘူး။ အဲ့လိုဆိုရင်တော့ ထောပတ်သီးအစေ့နဲ့အတူ ထောပတ်သီး အသားပါထည့်ပြီး အနံ့ အရသာ ပြင်းရှတဲ့ ဘယ်ရီသီး၊ ဟင်းနုနယ်ရွက်၊ နာနတ်သီး စတာတွေ နဲ့အတူ ရောဖျော်သောက်လို့လည်းရပါတယ်။ ငှက်ပျောသီး၊ ကီဝီသီး၊ သစ်တော်သီး၊

ပန်းသီး၊ စွံပလွံသီး၊ စပျစ်သီး၊ အုန်းနို့၊ ဂျင်း စတာတွေ ထည့်ပြီးတော့လည်း အစေ့ရဲ့ ပြင်းထန်တဲ့ အနံ့အရသာကို ပျောက်အောင် ရောဖျော်နိုင်ပါသေးတယ်။

ဒီလောက်ဆိုရင် ထောပတ်သီးစားတဲ့အခါ အစေ့ကို လုံးဝလွှင့်မပစ်သင့်ဘူးဆိုတာ သိလောက်ပြီထင်ပါတယ်။ တကယ်တော့ ထောပတ်သီးတစ်လုံးရဲ့ ရတနာဟာ ထောပတ်သီးအစေ့သာ ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

June Nine Aung လေးစားစွာဖြင့် ခရက်ဒစ် ဝီမီဒီယာ

Leave a Reply

Your email address will not be published. Required fields are marked *