
Zawgyi ဖြင့်ဖတ်ရန်



ဂင်းနစ်စံချိန်မှာ အိမ်သာ အကြာဆုံးတက်သူဆိုပြီး ဖော်ပြတာမျိုး မရှိသေးပေမယ့် သူကတော့ အကောင်းဆုံး စံချိန်ကို ချိုြး
ပထားတာ ဖြစ်တယ်လို့ ဖရန်နီက ဆိုပါတယ်။




Unicode ဖြင့်ဖတ်ရန်

၁၁၆ နာရီ အီးပန်းအောင်လုပ်ပြီး ဂင်းနစ်မှတ်တမ်း ဝင်အောင် ကြိုးစားသူ

ကမ္ဘာ့အကြာဆုံး အိမ်သာတက်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်အောင် ဘယ်ဂျီယံနိုင်ငံက အမျိုးသားတစ်ဦးဟာ
ဘားဆိုင်တစ်ဆိုင်မှာ လေးရက်ကြာ ဆက်တိုက်၊ နာရီအားဖြင့် ၁၁၆ နာရီအကြာ တစ်ထိုင်တည်း အိမ်သာတက်ပြီး
ကြိုးစားခဲ့ပါတယ်။

အော့စတန်အရပ်က ဘားဆိုင်ရဲ့ မိန်းခန်းမက အိမ်သာမှာ ထိုင်ရင်း ဂျင်မီဒီဖရန်နီက သူဟာ ရေလောင်း၊ ရေဆေး
ခြင်းလည်း မလုပ်ဘဲ တစ်ဆက်တည်း အိမ်သာတက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂင်းနစ်စံချိန်မှာ အိမ်သာ အကြာဆုံးတက်သူဆိုပြီး ဖော်ပြတာမျိုး မရှိသေးပေမယ့် သူကတော့ အကောင်းဆုံး စံချိန်ကို
ချိုးပြထားတာ ဖြစ်တယ်လို့ ဖရန်နီက ဆိုပါတယ်။

သူဟာ နာရီပေါင်း ၁၆၅ နာရီ အိမ်သာတက်ဖို့ ကြိုးစားတာ ဖြစ်ပေမယ့် အိပ်ရေးပျက်တာကြောင့် ၁၁၆ နာရီပဲ ဆ
က်တိုက် ထိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခြေဆန့်လက်ဆန့် လုပ်ဖို့နဲ့ တကယ် အိမ်သာတက်ဖို့အတွက် တစ်နာရီတိုင်း ငါးမိနစ် ဖရန်နီကို နားခွင့် ပေးခဲ့တာ
ဖြစ်ပါတယ်။

ခုလို ကြိုးစားမှုရဲ့ ရလဒ်တွေကို တရားဝင် စဉ်းစားသုံးသပ်နိုင်ဖို့ ဂင်းနစ်မှတ်တမ်းအဖွဲ့ဆီ တင်ပြထားပြီလည်း ဖြစ်ပါ
တယ်။

Writer_မောင်သံဆင့် ( XYZ News )

Leave a Reply

Your email address will not be published. Required fields are marked *