ညစ္တီးညစ္ပတ္ ေနထုိင္မွန္းသိၿပီးေနာက္ ေကာင္မေလးကုိ ရည္းစားကျဖတ္

Zawgyiျဖင့္ဖတ္ရန္

အမ်ိဳးသမီးေတြရဲ႕ ပင္ကုိယ္သဘာ၀အရ အသန္႔အျပန္႔ အလြန္ႀကိဳက္ေလ့ရွိပါတယ္။ ကိုယ္တုိင္က သန္႔သန္႔ျပန္႔ျပန္႔ ေနတတ္သလုိ၊ သူတုိ႔နဲ႔ေနတဲ့သူေတြကုိလည္း သန္႔ျပန္႔ေနမွ သေဘာက်ၾကတာပါ။ ဒါေပမယ့္ အရာရာတုိင္းမွာ ခၽြင္းခ်က္ ေတာ့ ရွိစၿမဲပါဘဲ။ တစ္ခ်ိဳ႕က လူပုံစံက သန္႔ျပန္႔ေနေပမယ့္ စုတ္တီးစုတ္ျပတ္ေနထုိင္တတ္ၾကပါတယ္။

တစ္ခ်ိဳ႕က ေရေတာင္ ပုံမွန္ေအာင္မခ်ိဳးပဲ၊ အျပင္ထြက္ကာနီးမွ အ၀တ္ကေလးေကာက္လဲ ၊ ေရေမႊးေလး ပရွစ္ပရွစ္ဆုိ ဆြတ္ၿပီး၊ တုိ႔ပတ္ကေလး တစ္ခ်က္ႏွစ္ခ်က္ေလာက္ ပါးေပၚ႐ုိက္တတ္သူေတြလည္း ရွိပါတယ္။ ဒါမ်ိဳးကို လူကေတာ့ သန္႔ေပမယ့္ ေျခသလုံးက ေသးစည္းေၾကာင္း မေျပာဘူးလုိ႔ ေရွးလူရႊင္ေတာ္ေတြက ဟာသလုပ္ၾကပါတယ္။

အခုလည္း အဲဒီအမ်ိဳးသမီးေတြထက္ေတာင္ ပုိညစ္ပတ္တဲ့ မိန္းမလွေလးကုိ သူ႕ရဲ႕အေၾကာင္းကို ဂဃဏန သိသြားတဲ့ ခ်စ္သူက ရွက္လြန္းလုိ႔ဆုိၿပီး အဆက္ျဖတ္သြားတဲ့ သတင္းတစ္ပုဒ္ ထြက္ေပၚလာပါတယ္။ ဒီေကာင္မေလးက ေတာ့ ေစာေစာက ေျပာသလုိ လူက ေက်ာ့ေနေအာင္ လွေပမယ့္ သူမရဲ႕အခန္းဟာ ငွက္သုိက္တစ္ခုထက္ေတာင္ ပုိၿပီး႐ႈပ္ေထြး ညစ္ပတ္တယ္လုိ႔ သတင္းစာေတြက ခ်ီးက်ဴးတာ ခံရတဲ့အထိပါ။

သူမနဲ႔ ခ်စ္သူေဟာင္းျဖစ္သူ ေကာင္ေလးဟာ ထုိင္၀မ္လူမ်ိဳးေတြ ျဖစ္ၾကပါတယ္။ သူမရဲ႕ အေၾကာင္းကို သိလုိ႔ ဘယ္ေတာ့မွ ေကာင္ေလးကုိ သူမရဲ႕အခန္းထဲ အ၀င္မခံပါဘူးတဲ့။ ခ်စ္သူျဖစ္တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ေကာင္ေလးဟာ သူမရဲဲ႕အ ခန္းထဲကုိ ဘယ္တုန္းကမွ ၀င္ခြင့္မရခဲ့ဘဲ၊ ဘာျဖစ္လုိ႔ပါလိမ့္ဆုိတဲ့ ပေဟဠိကသာ စုိးမုိးလာေစခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီလုိ မ၀င္ေရာက္ဖုိ႔ကုိလည္း ေကာင္မေလးက ျပင္းထန္တဲ့စည္းကမ္းခ်က္ဆုိၿပီး ျပ႒ာန္းထားပါတယ္တဲ့။

ဒါေပမယ့္ ေကာင္မေလးရဲ႕လွည့္စားမႈဟာ မိခင္အရင္းျဖစ္သူေၾကာင့္ ေပၚသြားခဲ့ပါတယ္။ ထုိစဥ္က ေကာင္ေလးက ခ်စ္သူနဲ႔ အျပင္သြားလည္ဖုိ႔ ေကာင္မေလး အိမ္ကို ေရာက္လာခဲ့ပါတယ္။ ေကာင္မေလးက ေရခ်ိဳးေနလုိ႔ စည္းကမ္းအရ ဧည့္ခန္းထဲ မွာ ထုိင္ေနတယ္ဆုိပါေတာ့။

ဒီအခ်ိန္မွာပဲ သူ႕ရဲ႕ မေတာ္လုိက္ရတဲ့ ေယာကၡမေလာင္းႀကီးက ေကာင္မေလးရဲ႕ အခန္းထဲမွာ ၀တ္စုံအသစ္တစ္ခုရွိေၾကာင္း၊ ေကာင္ေလးကို သြားယူေပးဖုိ႔ အကူအညီေတာင္းခဲ့ပါတယ္။ ေကာင္ေလးကလည္း သူရဲ႕ ေယာကၡမေလာင္းႀကီးက ခုိင္းတာမုိ႔ မျငင္းရဲပဲ ေကာင္မေလးအခန္းထဲကို ဇြတ္တင္းၿပီး၀င္လုိက္ပါတယ္။ ျမင္လုိက္ရတဲ့ ျမင္ကြင္းကို အေတာ္အံ့ၾသ သြားၿပီး မ်က္လုံးထဲမွာေတာင္ မုိက္ကနဲျဖစ္သြားမယ္ ထင္ပါတယ္။

အဲဒီေနာက္ ခ်စ္သူ ေကာင္မေလးကုိ သူ လုံး၀လက္မခံႏုိင္တဲ့ ညစ္တီးညစ္ပတ္ေနထိုင္မႈေၾကာင့္ အဆက္ျဖတ္ပစ္ခဲ့တာပါ။ ေကာင္မေလးရဲ႕ အခန္းထဲမွာ မေလွ်ာ္ဘဲ ပုံထားတဲ့အ၀တ္ေတြဟာ ေတာင္ပုံယာပုံပါဘဲ။ ေနာက္ အမႈိက္သ႐ုိက္ေတြ၊ ဘာရယ္လုိ႔ တိတိက်က်ခြဲျခားလုိ႔မရတဲ့ အရာ၀တၳဳေတြ၊ မြစာက်ဲေနတဲ့ ပစၥည္းပစၥယေတြဟာ သူ႕အတြက္ အေတာ္စိတ္နာစ ရာ လွည့္ကြက္ေတြလုိ႔ သူက ျမင္သြားလုိ႔ျဖစ္ပါလိမ့္မယ္။

သူအခန္းထဲက မအီမသာ၊ ေဒါသနီျမန္းေနတဲ့ မ်က္ႏွာႀကီးကို ျမင္လုိက္ရကတည္းက ေကာင္မေလးက မ်က္စိမ်က္ႏွာပ်က္ ေနပါၿပီ။ ဒီလုိနဲ႔ပဲ မိန္းမေလးနဲ႔ သူမရဲ႕ခ်စ္သူေကာင္ေလးဟာ 3 ႏွစ္အၾကာမွာပဲ အမႈိက္ပုံေတြၾကားမွာ တုိက္တုိက္ဆုိင္ဆုိင္ လမ္းခြဲလုိက္ရတာ ျဖစ္ပါတယ္။

Credit:နတ္စည္ေတာ္ (auntymay)

source : viral4real.com

Unicodeဖြင့်ဖတ်ရန်

ညစ်တီးညစ်ပတ် နေထိုင်မှန်းသိပြီးနောက် ကောင်မလေးကို ရည်းစားကဖြတ်

အမျိုးသမီးတွေရဲ့ ပင်ကိုယ်သဘာဝအရ အသန့်အပြန့် အလွန်ကြိုက်လေ့ရှိပါတယ်။ ကိုယ်တိုင်က သန့်သန့်ပြန့်ပြန့် နေတတ်သလို၊ သူတို့နဲ့နေတဲ့သူတွေကိုလည်း သန့်ပြန့်နေမှ သဘောကျကြတာပါ။ ဒါပေမယ့် အရာရာတိုင်းမှာ ချွင်းချက် တော့ ရှိစမြဲပါဘဲ။ တစ်ချို့က လူပုံစံက သန့်ပြန့်နေပေမယ့် စုတ်တီးစုတ်ပြတ်နေထိုင်တတ်ကြပါတယ်။

တစ်ချို့က ရေတောင် ပုံမှန်အောင်မချိုးပဲ၊ အပြင်ထွက်ကာနီးမှ အဝတ်ကလေးကောက်လဲ ၊ ရေမွှေးလေး ပရှစ်ပရှစ်ဆို ဆွတ်ပြီး၊ တို့ပတ်ကလေး တစ်ချက်နှစ်ချက်လောက် ပါးပေါ်ရိုက်တတ်သူတွေလည်း ရှိပါတယ်။ ဒါမျိုးကို လူကတော့ သန့်ပေမယ့် ခြေသလုံးက သေးစည်းကြောင်း မပြောဘူးလို့ ရှေးလူရွှင်တော်တွေက ဟာသလုပ်ကြပါတယ်။

အခုလည်း အဲဒီအမျိုးသမီးတွေထက်တောင် ပိုညစ်ပတ်တဲ့ မိန်းမလှလေးကို သူ့ရဲ့အကြောင်းကို ဂဃဏန သိသွားတဲ့ ချစ်သူက ရှက်လွန်းလို့ဆိုပြီး အဆက်ဖြတ်သွားတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ ဒီကောင်မလေးက တော့ စောစောက ပြောသလို လူက ကျော့နေအောင် လှပေမယ့် သူမရဲ့အခန်းဟာ ငှက်သိုက်တစ်ခုထက်တောင် ပိုပြီးရှုပ်ထွေး ညစ်ပတ်တယ်လို့ သတင်းစာတွေက ချီးကျူးတာ ခံရတဲ့အထိပါ။

သူမနဲ့ ချစ်သူဟောင်းဖြစ်သူ ကောင်လေးဟာ ထိုင်ဝမ်လူမျိုးတွေ ဖြစ်ကြပါတယ်။ သူမရဲ့ အကြောင်းကို သိလို့ ဘယ်တော့မှ ကောင်လေးကို သူမရဲ့အခန်းထဲ အဝင်မခံပါဘူးတဲ့။ ချစ်သူဖြစ်တဲ့ သက်တမ်းတစ်လျှောက်မှာ ကောင်လေးဟာ သူမရဲ့အ ခန်းထဲကို ဘယ်တုန်းကမှ ဝင်ခွင့်မရခဲ့ဘဲ၊ ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ ပဟေဠိကသာ စိုးမိုးလာစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို မဝင်ရောက်ဖို့ကိုလည်း ကောင်မလေးက ပြင်းထန်တဲ့စည်းကမ်းချက်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်တဲ့။

ဒါပေမယ့် ကောင်မလေးရဲ့လှည့်စားမှုဟာ မိခင်အရင်းဖြစ်သူကြောင့် ပေါ်သွားခဲ့ပါတယ်။ ထိုစဉ်က ကောင်လေးက ချစ်သူနဲ့ အပြင်သွားလည်ဖို့ ကောင်မလေး အိမ်ကို ရောက်လာခဲ့ပါတယ်။ ကောင်မလေးက ရေချိုးနေလို့ စည်းကမ်းအရ ဧည့်ခန်းထဲ မှာ ထိုင်နေတယ်ဆိုပါတော့။

ဒီအချိန်မှာပဲ သူ့ရဲ့ မတော်လိုက်ရတဲ့ ယောက္ခမလောင်းကြီးက ကောင်မလေးရဲ့ အခန်းထဲမှာ ဝတ်စုံအသစ်တစ်ခုရှိကြောင်း၊ ကောင်လေးကို သွားယူပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ကောင်လေးကလည်း သူရဲ့ ယောက္ခမလောင်းကြီးက ခိုင်းတာမို့ မငြင်းရဲပဲ ကောင်မလေးအခန်းထဲကို ဇွတ်တင်းပြီးဝင်လိုက်ပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကို အတော်အံ့သြ သွားပြီး မျက်လုံးထဲမှာတောင် မိုက်ကနဲဖြစ်သွားမယ် ထင်ပါတယ်။

အဲဒီနောက် ချစ်သူ ကောင်မလေးကို သူ လုံးဝလက်မခံနိုင်တဲ့ ညစ်တီးညစ်ပတ်နေထိုင်မှုကြောင့် အဆက်ဖြတ်ပစ်ခဲ့တာပါ။ ကောင်မလေးရဲ့ အခန်းထဲမှာ မလျှော်ဘဲ ပုံထားတဲ့အဝတ်တွေဟာ တောင်ပုံယာပုံပါဘဲ။ နောက် အမှိုက်သရိုက်တွေ၊ ဘာရယ်လို့ တိတိကျကျခွဲခြားလို့မရတဲ့ အရာဝတ္ထုတွေ၊ မွစာကျဲနေတဲ့ ပစ္စည်းပစ္စယတွေဟာ သူ့အတွက် အတော်စိတ်နာစ ရာ လှည့်ကွက်တွေလို့ သူက မြင်သွားလို့ဖြစ်ပါလိမ့်မယ်။

သူအခန်းထဲက မအီမသာ၊ ဒေါသနီမြန်းနေတဲ့ မျက်နှာကြီးကို မြင်လိုက်ရကတည်းက ကောင်မလေးက မျက်စိမျက်နှာပျက် နေပါပြီ။ ဒီလိုနဲ့ပဲ မိန်းမလေးနဲ့ သူမရဲ့ချစ်သူကောင်လေးဟာ 3 နှစ်အကြာမှာပဲ အမှိုက်ပုံတွေကြားမှာ တိုက်တိုက်ဆိုင်ဆိုင် လမ်းခွဲလိုက်ရတာ ဖြစ်ပါတယ်။

Credit:နတ်စည်တော် (auntymay)

source : viral4real.com

Leave a Reply

Your email address will not be published. Required fields are marked *