တစ္ေန႔ကို(၁၀) နာရီေက်ာ္ၾကာ ဖုန္းသံုးၿပီး color blind ျဖစ္သြားခဲ့တဲ့ ေကာင္မေလး

Zawgyiျဖင့္ဖတ္ရန္

စမတ္ဖုန္းကို အခ်ိန္အၾကာၾကီး အသံုးျပဳတာဟာ က်န္းမာေရးအတြက္ မေကာင္းတဲ့အေၾကာင္း ပညာရွင္ေတြက အၾကိမ္္ေပါင္းမ်ားစြာ ေျပာေနပါတယ္။ ဒါေပမယ့္လည္္း လူဆိုတဲ့အမ်ိဳးက သိေတာ့သိေပမယ့္ တကယ္တမ္း လက္ေတြ႔လိုက္နာဖို႔က ခက္ခဲေနတတ္ပါတယ္။ အခုတစ္ၾကိမ္မွာလည္း စမတ္ဖုန္း ႏွစ္သက္လြန္းလို႔ မ်က္လံုးဒုကၡေရာက္ခဲ့ရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းကို worldofbuzz ကေနတဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ (၁၄) ရက္တုန္းက ထိုင္၀မ္ေန အသက္(၁၆) ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ဟာ အားလပ္ရက္ခရီးထြက္ေနခ်ိန္အတြင္း ဖုန္းအရမ္းသံုးခဲ့တာေၾကာင့္ အျမင္အာရံုခ်ိဳ႕ယြင္းသြားခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ေကာင္မေလးဟာ ခရီးထြက္ေနတဲ့အခ်ိန္ တစ္ေန႔ကို (၁၀) နာရီေက်ာ္ ဖုန္းသံုးခဲ့တာ ျဖစ္ပါတယ္။ သူမကို ေဆးကုသေပးခဲ့တဲ့ ေဒါက္တာဟြမ္ခ်ီတင္းရဲ႕ အဆုိအရေတာ့ စမတ္ဖုန္းစခရင္ကလာတဲ့ အျပာေရာင္အလင္းအားေၾကာင့္ ေကာင္မေလးမ်က္လံုးမွာရွိတဲ့ ဆဲလ္ေတြဟာ ပ်က္စီးခဲ့တာျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။ ဖုန္းအသံုးမ်ားတဲ့ အက်ိဳးဆက္အေနနဲ႔ ေကာင္မေလးဟာ အနီနဲ႔ အစိမ္းေရာင္ေတြကို မျမင္ရေတာ့တဲ့ color blind ေရာဂါျဖစ္သြားခဲ့တာပါ။

တရုတ္ဘာသာနဲ႔ ေရးသားထားတဲ့ Liberty Times သတင္းစာမွာေတာ့ ေဒါက္တာဟြမ္ခ်ီတင္းက အခုလို ဖုန္းကို အလြန္အကြ်ံအသံုးျပဳလို႔ color blind ေရာဂါျဖစ္ပြားတာဟာ ပထမဆံုးအၾကိ္မ္အျဖစ္ ေတြ႔ခဲ့ရတာပါလို႔ ဆိုပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ အဆုိပါဆယ္ေက်ာ္သက္ေကာင္မေလးဟာ စျဖစ္ျဖစ္ခ်င္း အဆင့္မွာတင္ အခ်ိန္မွီေဆး၀ါးကုသမႉခံယူခဲ့တာေၾကာင့္ သူမရဲ႕color blind ေရာဂါဟာ ယာယီသာျဖစ္ပြားခဲ့ၿပီး အခုဆိုရင္ေတာ့ မ်က္လံုးျပန္ေကာင္းသြားပါၿပီ။

ေဒါက္တာဟြမ္ခ်ီတင္းကေတာ့ ေကာင္မေလးဟာ စမတ္ဖုန္းကို ေန႔တစ္၀က္နီးနီးအခ်ိန္ၾကာ ေတာက္ေလွ်ာက္သံုးတဲ့အျပင္ အေမွာင္ထဲမွာလည္း ဖုန္းသံုးတာေၾကာင့္ အခုလို color blind ျဖစ္သြားတယ္လို႔ ယူဆခဲ့ပါတယ္။ ၄င္းဆယ္ေက်ာ္သက္ေကာင္မေလးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းကမွ သူမရဲ႕ အျမင္အာရံုေတြဟာ ပံုမွန္မဟုတ္ေတာ့မွန္း ရိပ္မိခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီတုန္းက သူမဟာ ကားလမ္းျဖတ္ကူးဖုိ႔လုပ္ေနတုန္း ပိြဳင့္စိမ္းေနတာကို လမ္းျဖတ္ကူးခဲ့တာေၾကာင့္ ယာဥ္မေတာ္တဆျဖစ္လုနီးနီးထိ ၾကံဳေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ေဆးရံုသြားျဖစ္ခဲ့တာပါ။

သူမရဲ႕ အျဖစ္အပ်က္အၿပီးမွာေတာ့ ေဒါက္တာဟြမ္ခ်ီတင္းက ၄င္းေကာင္မေလးနဲ႔ အျခားေသာ လူေတြကိုလည္း အေမွာင္ထဲမွာ စမတ္ဖုန္းမသံုးၾကဖို႔၊ စမတ္ဖုန္းကို တစ္ေန႔(၅) နာရီထက္ ပိုမသံုးၾကဖို႔ကို သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ ကြန္ျပဴတာစခရင္ေတြ၊ ဖုန္းစခရင္ေတြကို မိနစ္(၃၀) ၾကာ ၾကည့္ၿပီးတိုင္းလည္း (၁၀) မိနစ္ေလာက္ မ်က္လံုးကို အနားေပးဖို႔လည္း ေျပာျပခဲ့ပါေသးတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

တစ်နေ့ကို(၁၀) နာရီကျော်ကြာ ဖုန်းသုံးပြီး color blind ဖြစ်သွားခဲ့တဲ့ ကောင်မလေး

စမတ်ဖုန်းကို အချိန်အကြာကြီး အသုံးပြုတာဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အကြောင်း ပညာရှင်တွေက အကြိမ်ပေါင်းများစွာ ပြောနေပါတယ်။ ဒါပေမယ့်လည်း လူဆိုတဲ့အမျိုးက သိတော့သိပေမယ့် တကယ်တမ်း လက်တွေ့လိုက်နာဖို့က ခက်ခဲနေတတ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း စမတ်ဖုန်း နှစ်သက်လွန်းလို့ မျက်လုံးဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို worldofbuzz ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၄) ရက်တုန်းက ထိုင်ဝမ်နေ အသက်(၁၆) နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ အားလပ်ရက်ခရီးထွက်နေချိန်အတွင်း ဖုန်းအရမ်းသုံးခဲ့တာကြောင့် အမြင်အာရုံချို့ယွင်းသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကောင်မလေးဟာ ခရီးထွက်နေတဲ့အချိန် တစ်နေ့ကို (၁၀) နာရီကျော် ဖုန်းသုံးခဲ့တာ ဖြစ်ပါတယ်။ သူမကို ဆေးကုသပေးခဲ့တဲ့ ဒေါက်တာဟွမ်ချီတင်းရဲ့ အဆိုအရတော့ စမတ်ဖုန်းစခရင်ကလာတဲ့ အပြာရောင်အလင်းအားကြောင့် ကောင်မလေးမျက်လုံးမှာရှိတဲ့ ဆဲလ်တွေဟာ ပျက်စီးခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဖုန်းအသုံးများတဲ့ အကျိုးဆက်အနေနဲ့ ကောင်မလေးဟာ အနီနဲ့ အစိမ်းရောင်တွေကို မမြင်ရတော့တဲ့ color blind ရောဂါဖြစ်သွားခဲ့တာပါ။

တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ Liberty Times သတင်းစာမှာတော့ ဒေါက်တာဟွမ်ချီတင်းက အခုလို ဖုန်းကို အလွန်အကျွံအသုံးပြုလို့ color blind ရောဂါဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရတာပါလို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဆိုပါဆယ်ကျော်သက်ကောင်မလေးဟာ စဖြစ်ဖြစ်ချင်း အဆင့်မှာတင် အချိန်မှီဆေးဝါးကုသမှူခံယူခဲ့တာကြောင့် သူမရဲ့color blind ရောဂါဟာ ယာယီသာဖြစ်ပွားခဲ့ပြီး အခုဆိုရင်တော့ မျက်လုံးပြန်ကောင်းသွားပါပြီ။

ဒေါက်တာဟွမ်ချီတင်းကတော့ ကောင်မလေးဟာ စမတ်ဖုန်းကို နေ့တစ်ဝက်နီးနီးအချိန်ကြာ တောက်လျှောက်သုံးတဲ့အပြင် အမှောင်ထဲမှာလည်း ဖုန်းသုံးတာကြောင့် အခုလို color blind ဖြစ်သွားတယ်လို့ ယူဆခဲ့ပါတယ်။ ၎င်းဆယ်ကျော်သက်ကောင်မလေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ သူမရဲ့ အမြင်အာရုံတွေဟာ ပုံမှန်မဟုတ်တော့မှန်း ရိပ်မိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက သူမဟာ ကားလမ်းဖြတ်ကူးဖို့လုပ်နေတုန်း ပွိုင့်စိမ်းနေတာကို လမ်းဖြတ်ကူးခဲ့တာကြောင့် ယာဉ်မတော်တဆဖြစ်လုနီးနီးထိ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဆေးရုံသွားဖြစ်ခဲ့တာပါ။

သူမရဲ့ အဖြစ်အပျက်အပြီးမှာတော့ ဒေါက်တာဟွမ်ချီတင်းက ၎င်းကောင်မလေးနဲ့ အခြားသော လူတွေကိုလည်း အမှောင်ထဲမှာ စမတ်ဖုန်းမသုံးကြဖို့၊ စမတ်ဖုန်းကို တစ်နေ့(၅) နာရီထက် ပိုမသုံးကြဖို့ကို သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကွန်ပြူတာစခရင်တွေ၊ ဖုန်းစခရင်တွေကို မိနစ်(၃၀) ကြာ ကြည့်ပြီးတိုင်းလည်း (၁၀) မိနစ်လောက် မျက်လုံးကို အနားပေးဖို့လည်း ပြောပြခဲ့ပါသေးတယ်။

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *