လက္က်န္ ပိုက္ဆံနဲ႔ ထိုးလိုက္တဲ့ ထီေၾကာင့္ ဘဝတစ္ခုလုံး ေျပာင္းလဲသြားခဲ့သူ….

Zawgyiျဖင့္ဖတ္ရန္

လူတစ္ေယာက္ရဲ႕ကံဆိုတာအၿမဲတမ္းေျပာင္းလဲေနပါတယ္။ကံဆိုးလိုက္တာ ဆိုၿပီး ထိုင္မႈိင္ ေနဖို႔ မ လိုပါဘူး။႐ုတ္တရက္ႀကီး ကံေကာင္းၿပီး ဘဝႀကီးတိုးတက္ေျပာင္း သြားတဲ့လူေတြ လည္း အမ်ား ႀကီး ရွိပါတယ္။အဲ့ဒီထဲကမွ ကေနဒါႏိုင္ငံက အသက္(၄၂)ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္တဲ့ Vicky Mitchell ဆိုတဲ့အမ်ိဳးသမီးကလည္း တစ္ေယာက္ အပါအဝင္ပါ။သူမရဲ႕ ကံေကာင္းမႈႀကီးကေတာ့ တက ယ့္ ကို အံ့မခန္းပါပဲ။သူမရဲ႕ အြန္လိုင္း အေကာင့္ထဲမွာရွိတဲ့ ေနာက္ဆုံးက်န္တဲ့ ေငြ ေပါင္(1.50 )နဲ႔ ထိုးလိုက္ တဲ့ ထီ လက္မွတ္တစ္ေစာင္က ထီဆုႀကီး ေပါက္ခဲ့တာပါ။

ထီဆုကလည္း နဲနဲေနာေနာမဟုတ္ဘဲ လစဥ္လတိုင္း သူမဘဏ္အေကာင့္ထဲကို ေပါင္(၁၀,၀၀၀)စီ အႏွစ္သုံးဆယ္စာ ရရွိသြားမယ့္ထီဆုႀကီးပါ။ကေလးႏွစ္ေယာက္အေမျဖစ္တဲ့ Vicky Mitchell ဟာ ေအာင္ဘာေလထီဂဏန္းငါးလုံး ကိုတြဲထိုးခဲ့တာျဖစ္ၿပီး၊ သူမကေတာ့ အခုလက္ရွိမွာ ထိပ္တန္း ထီ ဆုႀကီး ေပါက္တဲ့ငါးဦးထဲကတစ္ဦး ျဖစ္လာခဲ့ပါတယ္။သူမအေနနဲ႔ (£5 ) ေလာက္သာေပါက္ဖို႔ရည္ ႐ြယ္ၿပီး ထိုးခဲ့ေပမယ့္ လည္း အဲ့ထက္အဆေပါင္းမ်ားစြာမ်ားတဲ့ေငြပမာဏကို ႏွစ္သုံးဆယ္စာရ ရွိသြားတာလို႔ဆိုပါတယ္။

ပိုက္ဆံေတြကို ဘယ္လိုသုံးသြားမယ္ဆိုတာနဲ႔ပတ္သက္ၿပီး Vickyက ကြၽန္မအရင္ကတည္းက စီစဥ္ထားတဲ့ စပိန္ ကို အလည္အပတ္ခရီးသြားမယ္။ သစ္ပင္ပန္းပင္ေတြနဲ႔လွပတဲ့ၿခံက်ယ္က်ယ္နဲ႔ အိမ္ႀကီးႀကီး တစ္ခု ကိုေျပာင္းမယ္။ၿပီးေတာ့အငယ္ဆုံးသားေလး.သူေဘာလုံး ကန္ဖို႔ၿခံက်ယ္ က် ယ္ေလးလိုခ်င္ေနေတာ့ မၾကာခင္တစ္ေနရာရာမွာ လိုက္ရွာဖို႔စီစဥ္ထားတယ္လို႔ဆိုပါတယ္။ လက္ ရွိမွာ အခုလိုထီဆုႀကီးကို ကံထူးခဲ့သူ ငါးဦးရွိခဲ့ပါၿပီ။ ဒီလအေစာပိုင္းကလည္း အဂၤလန္ႏိုင္ငံ Peter borough ၿမိဳ႕က Dean Weymes ဆိုတဲ့ အမ်ိဳးသားဟာ တစ္လကို ေပါင္(၁၀,၀၀၀)နဲ႔ တစ္ႏွစ္စာ ထီေပါက္တဲ့ သတင္းကို ေဝမွ်ခဲ့ပါတယ္။အဲ့ဒီလို တစ္လကို ေပါင္(၁၀,၀၀၀)နဲ႔ တစ္ႏွစ္စာ ထီဆုေပါက္သူဦးေရဟာ (၅၆)ဦးထိရွိတယ္လို႔သိရပါတယ္။

Source:thesun

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

လက်ကျန် ပိုက်ဆံနဲ့ ထိုးလိုက်တဲ့ ထီကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့သူ

လူတစ်ယောက်ရဲ့ကံဆိုတာအမြဲတမ်းပြောင်းလဲနေပါတယ်။ကံဆိုးလိုက်တာ ဆိုပြီး ထိုင်မှိုင် နေဖို့ မ လိုပါဘူး။ရုတ်တရက်ကြီး ကံကောင်းပြီး ဘဝကြီးတိုးတက်ပြောင်း သွားတဲ့လူတွေ လည်း အများ ကြီး ရှိပါတယ်။အဲ့ဒီထဲကမှ ကနေဒါနိုင်ငံက အသက်(၄၂)နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ Vicky Mitchell ဆိုတဲ့အမျိုးသမီးကလည်း တစ်ယောက် အပါအဝင်ပါ။သူမရဲ့ ကံကောင်းမှုကြီးကတော့ တက ယ့် ကို အံ့မခန်းပါပဲ။သူမရဲ့ အွန်လိုင်း အကောင့်ထဲမှာရှိတဲ့ နောက်ဆုံးကျန်တဲ့ ငွေ ပေါင်(1.50 )နဲ့ ထိုးလိုက် တဲ့ ထီ လက်မှတ်တစ်စောင်က ထီဆုကြီး ပေါက်ခဲ့တာပါ။

ထီဆုကလည်း နဲနဲနောနောမဟုတ်ဘဲ လစဉ်လတိုင်း သူမဘဏ်အကောင့်ထဲကို ပေါင်(၁၀,၀၀၀)စီ အနှစ်သုံးဆယ်စာ ရရှိသွားမယ့်ထီဆုကြီးပါ။ကလေးနှစ်ယောက်အမေဖြစ်တဲ့ Vicky Mitchell ဟာ အောင်ဘာလေထီဂဏန်းငါးလုံး ကိုတွဲထိုးခဲ့တာဖြစ်ပြီး၊ သူမကတော့ အခုလက်ရှိမှာ ထိပ်တန်း ထီ ဆုကြီး ပေါက်တဲ့ငါးဦးထဲကတစ်ဦး ဖြစ်လာခဲ့ပါတယ်။သူမအနေနဲ့ (£5 ) လောက်သာပေါက်ဖို့ရည် ရွယ်ပြီး ထိုးခဲ့ပေမယ့် လည်း အဲ့ထက်အဆပေါင်းများစွာများတဲ့ငွေပမာဏကို နှစ်သုံးဆယ်စာရ ရှိသွားတာလို့ဆိုပါတယ်။

ပိုက်ဆံတွေကို ဘယ်လိုသုံးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး Vickyက ကျွန်မအရင်ကတည်းက စီစဉ်ထားတဲ့ စပိန် ကို အလည်အပတ်ခရီးသွားမယ်။ သစ်ပင်ပန်းပင်တွေနဲ့လှပတဲ့ခြံကျယ်ကျယ်နဲ့ အိမ်ကြီးကြီး တစ်ခု ကိုပြောင်းမယ်။ပြီးတော့အငယ်ဆုံးသားလေး.သူဘောလုံး ကန်ဖို့ခြံကျယ် ကျ ယ်လေးလိုချင်နေတော့ မကြာခင်တစ်နေရာရာမှာ လိုက်ရှာဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ လက် ရှိမှာ အခုလိုထီဆုကြီးကို ကံထူးခဲ့သူ ငါးဦးရှိခဲ့ပါပြီ။ ဒီလအစောပိုင်းကလည်း အင်္ဂလန်နိုင်ငံ Peter borough မြို့က Dean Weymes ဆိုတဲ့ အမျိုးသားဟာ တစ်လကို ပေါင်(၁၀,၀၀၀)နဲ့ တစ်နှစ်စာ ထီပေါက်တဲ့ သတင်းကို ဝေမျှခဲ့ပါတယ်။အဲ့ဒီလို တစ်လကို ပေါင်(၁၀,၀၀၀)နဲ့ တစ်နှစ်စာ ထီဆုပေါက်သူဦးရေဟာ (၅၆)ဦးထိရှိတယ်လို့သိရပါတယ်။

Source:thesun

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *