အိမ္ေထာင္သက္ ၈၂ ျပည့္ပြဲကို အတူဆင္ႏႊဲခဲ့ၾကတဲ့ အသက္ ၁၀၀ ေက်ာ္ ဇနီးေမာင္ႏွံ

Zawgyiျဖင့္ဖတ္ရန္

လူတိုင္းဟာ ကိုယ့္ရဲ႕လက္တြဲေဖာ္အစစ္ကို ေတြ႕ခ်င္ၾကသူခ်ည္းပါပဲ။ တခ်ိဳ႕ေတြက လက္တြဲေဖာ္အစစ္ကို ျမန္ျမန္ ရွာေတြ႕သြားၾကေပမဲ့ တခ်ိဳ႕ကေတာ့ လက္တြဲေဖာ္အစစ္ကို ရွာေဖြရင္းနဲ႔၊ သံသရာလည္ေနၾကသူေတြ လည္း အမ်ားႀကီးပါပဲ။ ကိုယ့္ရဲ႕ေရွ႕အနာဂတ္ကို မျမင္ႏိုင္တာေၾကာင့္ ကိုယ္နဲ႔ေတြ႕ဆုံမိသူဟာ လက္တြဲေဖာ္အ စစ္ ဟုတ္၊ မဟုတ္ ႀကိဳမသိႏိုင္ပါဘူး။ ကိုယ့္ရဲ႕ လက္တြဲေဖာ္အစစ္ကို ေတြ႕ၿပီး ေသတပန္သက္တစ္ဆုံး မခြဲအတူ ေနထိုင္သြားရတာေလာက္ ဘဝသုခနဲ႔ ျပည့္စုံတာ မရွိပါဘူး။

အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကာ႐ိုလိုင္းနားက ဒီဒဗလ်ဴဝီလီယမ္စ္နဲ႔ ဇနီးျဖစ္သူ ဝီလီကေတာ့ အဲဒီလို ဘဝသုခနဲ႔ ျပည့္စုံၿပီး အိမ္ေထာင္ေရးကံေကာင္းၾကသူ ေတြ ျဖစ္ပါတယ္။ အသက္ ၁၀၃ ႏွစ္အ႐ြယ္ D.W နဲ႔ အသက္ ၁၀၀ အ႐ြယ္ ဝီလီတို႔ ဇနီးေမာင္ႏွံဟာ အခု ၂၀၁၉ ခုႏွစ္မွာလည္း သူတို႔ႏွစ္ဦးရဲ႕ ေမြးေန႔ကို အတူ က်င္းပႏိုင္ခဲ့ျပန္ပါၿပီ။ သူတို႔ႏွစ္ေယာက္ဟာ အသက္အေနနဲ႔ သုံးႏွစ္ကြာၿပီး ေမြးေန႔ကေတာ့ ခုနစ္ရက္သာ ကြာျခားပါတယ္။

သူတို႔ဇနီးေမာင္ႏွံဟာ ၁၉၃၅ ခုႏွစ္က ေတာင္ကာ႐ိုလိုင္းနားျပည္နယ္၊ Newberry မွာ ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ၿပီး ၁၉၃၇ ခုႏွစ္မွာ ထိမ္းျမားလက္ထပ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္မွာ သမီးတစ္ယာက္နဲ႔ ေျမးမေလး တစ္ေယာက္ပဲ ရွိပါတယ္။ သူတို႔ႏွစ္ဦးဟာ ဘဝရဲ႕အခ်ိန္ေတြကို အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ အ႐ိုးရွင္းဆုံး ျဖတ္သန္းခဲ့ၾကတာပါ။ အနီးဝန္းက်င္မွာရွိတဲ့ လူတိုင္းက အားက်အတုယူရတဲ့ စုံတြဲလည္း ျဖစ္ပါတယ္။

ဝီလီယမ္စ္ေမာင္ႏွံဟာ ျငင္းခုန္ရန္ျဖစ္ျခင္း မရွိခဲ့ဘဲ၊ နားလည္မႈလြဲစရာတစ္ခုခု ရွိခဲ့ရင္ေတာင္ ထုတ္ေျပာၿပီး ေျပေျပလည္လည္ ေျဖရွင္းၾကတယ္လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၄ ခုႏွစ္တုန္းက ေျမာက္ကာ႐ိုလိုင္းနား ရဲ႕ သက္တမ္းအရွည္ဆုံးဇနီးေမာင္ႏွံဆုကို ရရွိခဲ့ပါတယ္။ ဝီလီယမ္စ္ဟာ ျပဳျပင္ထိန္းသိမ္းေရလုပ္သားေဟာင္း တစ္ေယာက္ျဖစ္ၿပီး ဝီလီကေတာ့ သူနာျပဳေဟာင္းတစ္ေယာက္ ျဖစ္ပါတယ္။

WSOC_TV ရဲ႕အဆိုအရ သူတို႔ရဲ႕ေျမးျဖစ္သူ ဘီေဂ် ဝီလီယမ္စ္-ဂရီင္းန္က ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္၊ Charlotte က First Mayfield Memorial Baptist မွာ အသက္ရာေက်ာ္စုံတြဲအတြက္ ပါတီပြဲႀကီးတစ္ခု က်င္းပ ျပဳလုပ္ေပးခဲ့ပါတယ္။ “ဒီလိုအသက္အ႐ြယ္မွာ အတူျမင္ႏိုင္ဖို႔နဲ႔ အသက္ရွည္က်န္းမာေနဖို႔ဆိုတာ သူတို႔ရရွိထား တဲ့ ေကာင္းခ်ီးမဂၤလာပါပဲ” လို႔လည္း ဝီလီယမ္-ဂရီင္းန္က ဆိုပါတယ္။

ေခတ္အဆက္ဆက္၊ စစ္ပြဲအသီးသီးကို အတူတူေက်ာ္ျဖတ္လာခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးဟာ အခုဆိုရင္ အိမ္ေထာင္သက္ ၈၂ ႏွစ္လည္း ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ အတူတူအိုမင္းသြားဖို႔၊ အသက္ရာေက်ာ္အထိ အတူေနသြားဖို႔ဆိုတာ ေတာ္႐ုံကံေကာင္းတာေတာ့ မဟုတ္ပါဘူး။ အဲဒီအျပင္ အခုခ်ိန္အထိ အသက္ရွည္ က်န္းမာၿပီး ခ်စ္ေနဖို႔ဆိုတာကလည္း ေတာ္႐ုံ ကုသိုလ္ကံမ်ိဳး၊ ေတာ္႐ုံ ေမတၱာသက္ဝင္မႈမ်ိဳးလည္း မဟုတ္ပါဘူး။

ဆယ္စုႏွစ္ေပါင္းမ်ားစြာကို အတူတူ ခ်စ္ခင္ၾကင္နာစြာ ျဖတ္ေက်ာ္လာခဲ့တဲ့ သူတို႔ႏွစ္ဦးမွာ ထူးထူးျခားျခား လွ်ိဳ႕ဝွက္ခ်က္ရယ္လို႔ေတာ့ မရွိပါဘူး။ သူတို႔ရဲ႕အဆိုအရ တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ၾကင္ၾကင္နာနာ ဆက္ဆံတာပါပဲလို႔ ဆိုပါတယ္။ သူတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ သူငယ္ခ်င္းေကာင္းေတြ လည္း ျဖစ္ၾကတယ္လို႔ ေျမးျဖစ္သူ ဂရီးင္းန္က ဆိုပါတယ္။

ရာစုႏွစ္တစ္ခုနီးပါးၾကာေအာင္ အတူတကြရွိခဲ့ၾကတဲ့ ဝီလီယမ္စ္နဲ႔ ဝီလီတို႔ ဇနီးေမာင္ႏွံဟာ စုံတြဲတိုင္း လိုခ်င္ အားက်ရတဲ့ ဘဝသုခကို ပိုင္ဆိုင္ထားၾကၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးလွ်ိဳ႕ဝွက္ခ်က္ေလးကလည္း တကယ္ကို ႐ိုးရွင္းလွပါတယ္။

by Cherry Mon

Ref; BHG, Yahoo, MSN

Credit:we media

Unicodeဖြင့်ဖတ်ရန်

အိမ်ထောင်သက် ၈၂ ပြည့်ပွဲကို အတူဆင်နွှဲခဲ့ကြတဲ့ အသက် ၁၀၀ ကျော် ဇနီးမောင်နှံ

လူတိုင်းဟာ ကိုယ့်ရဲ့လက်တွဲဖော်အစစ်ကို တွေ့ချင်ကြသူချည်းပါပဲ။ တချို့တွေက လက်တွဲဖော်အစစ်ကို မြန်မြန် ရှာတွေ့သွားကြပေမဲ့ တချို့ကတော့ လက်တွဲဖော်အစစ်ကို ရှာဖွေရင်းနဲ့၊ သံသရာလည်နေကြသူတွေ လည်း အများကြီးပါပဲ။ ကိုယ့်ရဲ့ရှေ့အနာဂတ်ကို မမြင်နိုင်တာကြောင့် ကိုယ်နဲ့တွေ့ဆုံမိသူဟာ လက်တွဲဖော်အ စစ် ဟုတ်၊ မဟုတ် ကြိုမသိနိုင်ပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်အစစ်ကို တွေ့ပြီး သေတပန်သက်တစ်ဆုံး မခွဲအတူ နေထိုင်သွားရတာလောက် ဘဝသုခနဲ့ ပြည့်စုံတာ မရှိပါဘူး။

အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားက ဒီဒဗလျူဝီလီယမ်စ်နဲ့ ဇနီးဖြစ်သူ ဝီလီကတော့ အဲဒီလို ဘဝသုခနဲ့ ပြည့်စုံပြီး အိမ်ထောင်ရေးကံကောင်းကြသူ တွေ ဖြစ်ပါတယ်။ အသက် ၁၀၃ နှစ်အရွယ် D.W နဲ့ အသက် ၁၀၀ အရွယ် ဝီလီတို့ ဇနီးမောင်နှံဟာ အခု ၂၀၁၉ ခုနှစ်မှာလည်း သူတို့နှစ်ဦးရဲ့ မွေးနေ့ကို အတူ ကျင်းပနိုင်ခဲ့ပြန်ပါပြီ။ သူတို့နှစ်ယောက်ဟာ အသက်အနေနဲ့ သုံးနှစ်ကွာပြီး မွေးနေ့ကတော့ ခုနစ်ရက်သာ ကွာခြားပါတယ်။

သူတို့ဇနီးမောင်နှံဟာ ၁၉၃၅ ခုနှစ်က တောင်ကာရိုလိုင်းနားပြည်နယ်၊ Newberry မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ၁၉၃၇ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်မှာ သမီးတစ်ယာက်နဲ့ မြေးမလေး တစ်ယောက်ပဲ ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဘဝရဲ့အချိန်တွေကို အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အရိုးရှင်းဆုံး ဖြတ်သန်းခဲ့ကြတာပါ။ အနီးဝန်းကျင်မှာရှိတဲ့ လူတိုင်းက အားကျအတုယူရတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

ဝီလီယမ်စ်မောင်နှံဟာ ငြင်းခုန်ရန်ဖြစ်ခြင်း မရှိခဲ့ဘဲ၊ နားလည်မှုလွဲစရာတစ်ခုခု ရှိခဲ့ရင်တောင် ထုတ်ပြောပြီး ပြေပြေလည်လည် ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်တုန်းက မြောက်ကာရိုလိုင်းနား ရဲ့ သက်တမ်းအရှည်ဆုံးဇနီးမောင်နှံဆုကို ရရှိခဲ့ပါတယ်။ ဝီလီယမ်စ်ဟာ ပြုပြင်ထိန်းသိမ်းရေလုပ်သားဟောင်း တစ်ယောက်ဖြစ်ပြီး ဝီလီကတော့ သူနာပြုဟောင်းတစ်ယောက် ဖြစ်ပါတယ်။

WSOC_TV ရဲ့အဆိုအရ သူတို့ရဲ့မြေးဖြစ်သူ ဘီဂျေ ဝီလီယမ်စ်-ဂရီင်းန်က မြောက်ကာရိုလိုင်းနားပြည်နယ်၊ Charlotte က First Mayfield Memorial Baptist မှာ အသက်ရာကျော်စုံတွဲအတွက် ပါတီပွဲကြီးတစ်ခု ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။ “ဒီလိုအသက်အရွယ်မှာ အတူမြင်နိုင်ဖို့နဲ့ အသက်ရှည်ကျန်းမာနေဖို့ဆိုတာ သူတို့ရရှိထား တဲ့ ကောင်းချီးမင်္ဂလာပါပဲ” လို့လည်း ဝီလီယမ်-ဂရီင်းန်က ဆိုပါတယ်။

ခေတ်အဆက်ဆက်၊ စစ်ပွဲအသီးသီးကို အတူတူကျော်ဖြတ်လာခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ အခုဆိုရင် အိမ်ထောင်သက် ၈၂ နှစ်လည်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အတူတူအိုမင်းသွားဖို့၊ အသက်ရာကျော်အထိ အတူနေသွားဖို့ဆိုတာ တော်ရုံကံကောင်းတာတော့ မဟုတ်ပါဘူး။ အဲဒီအပြင် အခုချိန်အထိ အသက်ရှည် ကျန်းမာပြီး ချစ်နေဖို့ဆိုတာကလည်း တော်ရုံ ကုသိုလ်ကံမျိုး၊ တော်ရုံ မေတ္တာသက်ဝင်မှုမျိုးလည်း မဟုတ်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာကို အတူတူ ချစ်ခင်ကြင်နာစွာ ဖြတ်ကျော်လာခဲ့တဲ့ သူတို့နှစ်ဦးမှာ ထူးထူးခြားခြား လျှို့ဝှက်ချက်ရယ်လို့တော့ မရှိပါဘူး။ သူတို့ရဲ့အဆိုအရ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် ကြင်ကြင်နာနာ ဆက်ဆံတာပါပဲလို့ ဆိုပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေ လည်း ဖြစ်ကြတယ်လို့ မြေးဖြစ်သူ ဂရီးင်းန်က ဆိုပါတယ်။

ရာစုနှစ်တစ်ခုနီးပါးကြာအောင် အတူတကွရှိခဲ့ကြတဲ့ ဝီလီယမ်စ်နဲ့ ဝီလီတို့ ဇနီးမောင်နှံဟာ စုံတွဲတိုင်း လိုချင် အားကျရတဲ့ ဘဝသုခကို ပိုင်ဆိုင်ထားကြပြီး သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလျှို့ဝှက်ချက်လေးကလည်း တကယ်ကို ရိုးရှင်းလှပါတယ်။

by Cherry Mon

Ref; BHG, Yahoo, MSN

Credit:we media

Leave a Reply

Your email address will not be published. Required fields are marked *