ကမာၻ႕ကေလးအေမြးႏုိင္ဆုံး အမ်ိဳးသမီး၊ ထပ္မေမြးဖုိ႔ တားျမစ္ခံရ

Zawgyiျဖင့္ဖတ္ရန္

ယူဂန္ဒါႏုိင္ငံက အသက္(၄၀)အရြယ္ အမ်ိဳးသမီးဟာ မ်ိဳးဗီဇဆုိင္ရာေရာဂါတစ္မ်ိဳးေၾကာင့္ ကေလးေမြးလုိက္တုိင္း အျမြာေတြခ်ည္း ေမြးဖြားခဲ့ပါတယ္။ အသက္(၁၃)ႏွစ္ကတည္းက ကေလးစေမြးခဲ့တဲ့ အဲဒီအမိ်ဳးသမီးဟာ ေနာက္ထပ္ အျမြာေတြခ်ည္း ထပ္ေမြးခဲ့တာပါ။ သူမ ခံစားေနရတဲ့ ေရာဂါကေတာ့ Abnormally large ovaries ဆုိတဲ့ ေရာဂါပါတဲ့။

YouTube ဗြီဒီယုိဖုိင္တစ္ခုမွာ ေဖာ္ျပခ်က္အရေတာ့ သူမဟာ ကေလးစုစုေပါင္း (၄၄)ေယာက္ ေမြးခဲ့ၿပီး၊ (၃၉)ေယာက္ကေတာ့ လက္ရွိအခ်ိန္ထိ အသက္ရွင္က်န္ရစ္ေနဆဲလုိ႔ ေျပာပါတယ္။ သူမရဲ႕အမည္ကေတာ့ Mariam Nabatanzi ျဖစ္ၿပီး၊ ေမြးတဲ့ကေလးေတြထဲမွာ (၄)ျမြာပူး၊ (၃)ျမြားပူး၊ (၂)ျမြာပူးေတြ အႀကိမ္မ်ားစြာ ပါဝင္ခဲ့ပါတယ္။

အသက္(၃၆)မွာ ကေလး (၄၄)ေယာက္ ေမြးခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ သူမ အသက္(၃၆)ႏွစ္မွာပဲ ခင္ပြန္းျဖစ္သူက ထားရစ္တာကို ခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူမဟာ ကေလး(၃၉)ေယာက္နဲ႔ ဘဝကို ႐ုန္းကန္ေနရၿပီး။ ႀကီးမားလွတဲ့ စားစရိတ္ေသာက္စရိတ္ကုိ ဘယ္ဆီကမွ ရရွိထားျခင္းမရွိဘဲ၊ သူမဘာသာ ျဖစ္သလုိ လည္ပတ္ေနရရွာတာပါ။

သက္ဆုိင္ရာကေတာ့ သူမကို ကေလးေမြးဖြားခြင့္ မေပးေတာ့ဘဲ သားေၾကာျဖတ္ေပးထားရပါတယ္။ Mariam ေမြးခဲ့တဲ့ ကေလးအေရအတြက္ကေတာ့ (၂)ျမြာ (၆)ႀကိမ္၊ (၃)ျမြာ (၄)ႀကိမ္၊ (၄)ျမြာ (၅)ႀကိမ္တုိ႔ ျဖစ္ပါတယ္။ စုစုေပါင္း (၁၂+၁၂+၂၀=၄၄)ျဖစ္ပါတယ္။ Mariam ဟာ မ်ိဳးဗီဇေရာဂါေၾကာင့္ အခုလုိ ကေလးေတြ အမ်ားႀကီး ေမြးရျခင္းျဖစ္ပါတယ္။

သူမဟာ အသက္(၁၂)အရြယ္မွာ သူမထက္ (၂၈)နွစ္ပုိႀကီးတဲ့ အမ်ိဳးသားနဲ႔ လက္ထပ္ခဲ့ပါတယ္။ ကေလးေတြ အမ်ားႀကီး ေမြးျခင္းမွာ အေဖ့အေမြလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ Mariam ရဲ႕အေဖဟာ မယားမ်ားစြာယူခဲ့ၿပီး၊ ကေလး (၄၅)ေယာက္အထိ ရခဲ့သူျဖစ္ပါတယ္။ သူမဟာ ယခင္တုန္းကတည္းက တားေဆးစားဖုိ႔ ေဒါက္တာေတြနဲ႔တုိင္ပင္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ေဒါက္တာေတြက တားေဆးေတြဟာ သာမန္အမ်ိဳးသမီးေတြအတြက္ ထုတ္လုပ္ထားတာမုိ႔၊ သူမလုိ သားအိမ္ႀကီးမားသူအဖုိ႔ေတာ့ တစ္ျခားအႏၱရာယ္ေတြ ျဖစ္ေစလိမ့္မယ္လုိ႔ သတိေပးခဲ့ပါသတဲ့။ ယူဂန္ဒါမိသားစုေတြဟာ အမ်ားအားျဖင့္ ႀကီးမားတဲ့ မိသားစုကို ပိုင္ဆုိင္ၾကၿပီး၊ ပ်မ္းမွ်အားျဖင့္ ကေလး(၆)ေယာက္အထိ ရွိပါတယ္။

အသက္(၂၃)မွာ ကေလး (၂၅)ေယာက္ပိုင္ဆုိင္ထားတဲ့ Mariam ဟာ ေဒါက္တာေတြနဲ႔ ထပ္မံတုိင္ပင္ခဲ့ရာ၊ ေဒါက္တာေတြက သားဥအေရအတြက္က အလြန္ျမင့္မားလြန္းတဲ့အတြက္ ကေလးမယူဖုိ႔ တုံးတုံးတိတိ မလုပ္သင့္ေၾကာင္း အႀကံေပးခဲ့ပါတယ္တဲ့။ ကေလးေတြအေဖကေတာ့ ဒီေလာက္ကေလးအမ်ားႀကီး ပခုံးေပါက္ေအာင္ လုပ္မေပးႏုိင္ဘူးဆုိကာ ေနအိမ္က ထြက္သြားပါတယ္။

Mariam ဟာ ဆံပင္ညႇပ္သူ၊ ေနအိမ္အလွဆင္သူ၊ သံတုိသံစ ေရာင္းဝယ္သူအျဖစ္ ဝင္ေငြရွာကာ မိသားစုကုိ ေကၽြးေမြးေနပါတယ္။ တစ္ခ်ိဳ႕ကေလးေတြက အရြယ္ေရာက္ေနၿပီျဖစ္ၿပီး၊ အသီးသီး ေငြရွာႏုိင္ေနၾကလုိ႔သာ သူမအေနနဲ႔ ဒီမိသားစုဝန္ကို သိပ္အပင္အပန္းမရွိ ထမ္းေဆာင္ေနႏုိင္တာပါ။

ေနာက္ၿပီး သူမဟာ Gin အရက္ဆုိင္ဖြင့္ထားၿပီး၊ ေဆးဘက္ဝင္ သစ္ဥသစ္ဖုေတြနဲ႔ တြဲစပ္ေရာင္းခ်ပါေသးတယ္။ Mariam ဟာ ေမြးခ်င္းေမာင္ႏွမ (၅)ေယာက္ရွိခဲ့ၿပီး၊ သူမရဲ႕ဖခင္က ေနာက္မိန္းမ ယူခ်ိန္မွာ မိေထြးနဲ႔ ေနခဲ့ရပါတယ္။ မိေထြးက လင္ပါသားသမီးေတြအကနု္လုံးကို အစာထဲမွာ အဆိပ္ခတ္ၿပီး သတ္ခဲ့တဲ့အတြက္ Mariam ကလြဲရင္ က်န္တဲ့ေမြးခ်င္းေမာင္ႏွစ္မေတြ အကုန္လုံး ေသဆုံးကုန္ၾကပါေတာ့တယ္။ ထုိစဥ္က Mariam ဟာ တစ္ျခားရြာက အမ်ိဳးအိမ္ကုိ သြားလည္ေနလုိ႔သာ ေသေဘးက လြတ္ေျမာက္ခဲ့တာပါ။

ထုိစဥ္က သူမ (၇)ႏွစ္သာ ရွိပါေသးတယ္။ လက္ရွိအခ်ိန္ထိေတာ့ သူမဟာ ဘုရားသခင္ေပးခဲတဲ့ အသက္နဲ႔ မိသားစုအတြက္ တာဝန္ေက်စြာ ခရီးဆက္ေနဆဲပါ။ သူမကေတာ့ မိသားစုအတြက္ဆုိ ဘယ္ေတာ့မွ မညည္းညဴဘဲ အလြန္သတၱိေကာင္းစြာ၊ ေရွ႕တန္းကေန မားမားမက္မက္ ရပ္တည္ၿပီး မိခင္တစ္ေယာက္ရဲ႕ တာဝန္ေက်ပြန္မႈထက္ ပိုလြန္ေအာင္ ႀကိဳးစားေနပါသတဲ့။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ကမ္ဘာ့ကလေးအမွေးနိုင်ဆုံး အမျိုးသမီး၊ ထပ်မမွေးဖို့ တားမြစ်ခံရ

ယူဂန်ဒါနိုင်ငံက အသက်(၄၀)အရွယ် အမျိုးသမီးဟာ မျိုးဗီဇဆိုင်ရာရောဂါတစ်မျိုးကြောင့် ကလေးမွေးလိုက်တိုင်း အမြွာတွေချည်း မွေးဖွားခဲ့ပါတယ်။ အသက်(၁၃)နှစ်ကတည်းက ကလေးစမွေးခဲ့တဲ့ အဲဒီအမျိုးသမီးဟာ နောက်ထပ် အမြွာတွေချည်း ထပ်မွေးခဲ့တာပါ။ သူမ ခံစားနေရတဲ့ ရောဂါကတော့ Abnormally large ovaries ဆိုတဲ့ ရောဂါပါတဲ့။

YouTube ဗွီဒီယိုဖိုင်တစ်ခုမှာ ဖော်ပြချက်အရတော့ သူမဟာ ကလေးစုစုပေါင်း (၄၄)ယောက် မွေးခဲ့ပြီး၊ (၃၉)ယောက်ကတော့ လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်နေဆဲလို့ ပြောပါတယ်။ သူမရဲ့အမည်ကတော့ Mariam Nabatanzi ဖြစ်ပြီး၊ မွေးတဲ့ကလေးတွေထဲမှာ (၄)မြွာပူး၊ (၃)မြွားပူး၊ (၂)မြွာပူးတွေ အကြိမ်များစွာ ပါဝင်ခဲ့ပါတယ်။

အသက်(၃၆)မှာ ကလေး (၄၄)ယောက် မွေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူမ အသက်(၃၆)နှစ်မှာပဲ ခင်ပွန်းဖြစ်သူက ထားရစ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သူမဟာ ကလေး(၃၉)ယောက်နဲ့ ဘဝကို ရုန်းကန်နေရပြီး။ ကြီးမားလှတဲ့ စားစရိတ်သောက်စရိတ်ကို ဘယ်ဆီကမှ ရရှိထားခြင်းမရှိဘဲ၊ သူမဘာသာ ဖြစ်သလို လည်ပတ်နေရရှာတာပါ။

သက်ဆိုင်ရာကတော့ သူမကို ကလေးမွေးဖွားခွင့် မပေးတော့ဘဲ သားကြောဖြတ်ပေးထားရပါတယ်။ Mariam မွေးခဲ့တဲ့ ကလေးအရေအတွက်ကတော့ (၂)မြွာ (၆)ကြိမ်၊ (၃)မြွာ (၄)ကြိမ်၊ (၄)မြွာ (၅)ကြိမ်တို့ ဖြစ်ပါတယ်။ စုစုပေါင်း (၁၂+၁၂+၂၀=၄၄)ဖြစ်ပါတယ်။ Mariam ဟာ မျိုးဗီဇရောဂါကြောင့် အခုလို ကလေးတွေ အများကြီး မွေးရခြင်းဖြစ်ပါတယ်။

သူမဟာ အသက်(၁၂)အရွယ်မှာ သူမထက် (၂၈)နှစ်ပိုကြီးတဲ့ အမျိုးသားနဲ့ လက်ထပ်ခဲ့ပါတယ်။ ကလေးတွေ အများကြီး မွေးခြင်းမှာ အဖေ့အမွေလို့တောင် ပြောလို့ရပါတယ်။ Mariam ရဲ့အဖေဟာ မယားများစွာယူခဲ့ပြီး၊ ကလေး (၄၅)ယောက်အထိ ရခဲ့သူဖြစ်ပါတယ်။ သူမဟာ ယခင်တုန်းကတည်းက တားဆေးစားဖို့ ဒေါက်တာတွေနဲ့တိုင်ပင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒေါက်တာတွေက တားဆေးတွေဟာ သာမန်အမျိုးသမီးတွေအတွက် ထုတ်လုပ်ထားတာမို့၊ သူမလို သားအိမ်ကြီးမားသူအဖို့တော့ တစ်ခြားအန္တရာယ်တွေ ဖြစ်စေလိမ့်မယ်လို့ သတိပေးခဲ့ပါသတဲ့။ ယူဂန်ဒါမိသားစုတွေဟာ အများအားဖြင့် ကြီးမားတဲ့ မိသားစုကို ပိုင်ဆိုင်ကြပြီး၊ ပျမ်းမျှအားဖြင့် ကလေး(၆)ယောက်အထိ ရှိပါတယ်။

အသက်(၂၃)မှာ ကလေး (၂၅)ယောက်ပိုင်ဆိုင်ထားတဲ့ Mariam ဟာ ဒေါက်တာတွေနဲ့ ထပ်မံတိုင်ပင်ခဲ့ရာ၊ ဒေါက်တာတွေက သားဥအရေအတွက်က အလွန်မြင့်မားလွန်းတဲ့အတွက် ကလေးမယူဖို့ တုံးတုံးတိတိ မလုပ်သင့်ကြောင်း အကြံပေးခဲ့ပါတယ်တဲ့။ ကလေးတွေအဖေကတော့ ဒီလောက်ကလေးအများကြီး ပခုံးပေါက်အောင် လုပ်မပေးနိုင်ဘူးဆိုကာ နေအိမ်က ထွက်သွားပါတယ်။

Mariam ဟာ ဆံပင်ညှပ်သူ၊ နေအိမ်အလှဆင်သူ၊ သံတိုသံစ ရောင်းဝယ်သူအဖြစ် ဝင်ငွေရှာကာ မိသားစုကို ကျွေးမွေးနေပါတယ်။ တစ်ချို့ကလေးတွေက အရွယ်ရောက်နေပြီဖြစ်ပြီး၊ အသီးသီး ငွေရှာနိုင်နေကြလို့သာ သူမအနေနဲ့ ဒီမိသားစုဝန်ကို သိပ်အပင်အပန်းမရှိ ထမ်းဆောင်နေနိုင်တာပါ။

နောက်ပြီး သူမဟာ Gin အရက်ဆိုင်ဖွင့်ထားပြီး၊ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေနဲ့ တွဲစပ်ရောင်းချပါသေးတယ်။ Mariam ဟာ မွေးချင်းမောင်နှမ (၅)ယောက်ရှိခဲ့ပြီး၊ သူမရဲ့ဖခင်က နောက်မိန်းမ ယူချိန်မှာ မိထွေးနဲ့ နေခဲ့ရပါတယ်။ မိထွေးက လင်ပါသားသမီးတွေအကနု်လုံးကို အစာထဲမှာ အဆိပ်ခတ်ပြီး သတ်ခဲ့တဲ့အတွက် Mariam ကလွဲရင် ကျန်တဲ့မွေးချင်းမောင်နှစ်မတွေ အကုန်လုံး သေဆုံးကုန်ကြပါတော့တယ်။ ထိုစဉ်က Mariam ဟာ တစ်ခြားရွာက အမျိုးအိမ်ကို သွားလည်နေလို့သာ သေဘေးက လွတ်မြောက်ခဲ့တာပါ။

ထိုစဉ်က သူမ (၇)နှစ်သာ ရှိပါသေးတယ်။ လက်ရှိအချိန်ထိတော့ သူမဟာ ဘုရားသခင်ပေးခဲတဲ့ အသက်နဲ့ မိသားစုအတွက် တာဝန်ကျေစွာ ခရီးဆက်နေဆဲပါ။ သူမကတော့ မိသားစုအတွက်ဆို ဘယ်တော့မှ မညည်းညူဘဲ အလွန်သတ္တိကောင်းစွာ၊ ရှေ့တန်းကနေ မားမားမက်မက် ရပ်တည်ပြီး မိခင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်မှုထက် ပိုလွန်အောင် ကြိုးစားနေပါသတဲ့။

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *