ခ်စ္သူရွိတဲ့ ေကာင္မေလးေတြ ေစ်းမဝယ္ဖုိ႔ တားျမစ္ခံထားရတဲ့ ေစ်းသည္ေကာင္ေလး

Zawgyiျဖင့္ဖတ္ရန္

လူေခ်ာတစ္ေယာက္ ျဖစ္ရတာ မလြယ္ပါဘူး။ မိန္းကေလးေတြ ဝုိင္းဝုိင္းလည္သေလာက္၊ ေကာင္ေလးေတြ မ်က္စိစပါးေမြး စူးတာကို ခံရတတ္ပါတယ္။ သင္ဟာ ကံေကာင္းလြန္းစြာ ဘဝေပးကုသုိလ္ေၾကာင့္ ဒီဘဝမွာ ႐ုပ္လာေခ်ာတာ မတတ္ႏုိင္ေပမယ့္၊ ကံဆုိးစြာနဲ႔ သင့္ဆီကို အႏၱရာယ္ေတြက မဖိတ္ေခၚဘဲ ေရာက္လာႏုိင္ပါတယ္။

Walter Tay အမည္ရ အမ်ိဳးသားဟာ အားလုံးျမင္တဲ့အတုိင္း ဗလေတာင့္ေတာင့္၊ ႐ူပါေျဖာင့္ေျဖာင့္ပါဘဲ။ ဒါေပမယ့္ ကံဆုိးတာက အလုပ္အကိုင္ အက်ိဳးမေပးတာပါ။ သူဟာ စကၤာပူေလေၾကာင္းလုိင္းတစ္ခုမွာ ေလယာဥ္ေမာင္အျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳခဲ့ေပမယ့္ အလုပ္ကေန ထင္မွတ္မထားဘဲ ထုတ္ခံခဲ့ရပါတယ္။

ဒီလုိနဲ႔ သူဟာ စိတ္ဓာတ္က်မေနအားပဲ MLM နယ္ပယ္ဘက္ကုိ ေျခဦးလွည့္ၿပီး စမ္းၾကည့္ပါတယ္။ အက်ိဳးမေပးတဲ့အလုပ္မုိ႔ သူ ၾကာၾကာ မရပ္တည္ႏုိင္ခဲ့ပါဘူး။ ေနာက္ေတာ့ ကိုရီးယားႏုိင္ငံထုတ္ အလွကုန္ေတြဘက္ကို ဟန္မလားဆုိၿပီး ေျပာင္းၾကည့္ခဲ့ပါတယ္။ ကနဦးေတာ့ ဟုတ္မလုိလုိနဲ႔ နလံမထူႏုိင္ေအာင္ ႐ႈံးခဲ့ျပန္ပါတယ္။

အဲဒီေနာက္ ကာယဗလေမာင္အျဖစ္ ဝင္ၿပိဳင္ဖုိ႔ ႀကိဳးစားခဲ့ေသာ္လည္း သူဟာ ကံဆုိးမႈေတြက ရပ္တန္႔မသြားခဲ့ဘဲ၊ အမ်ိဳးမ်ိဳးေသာ ဖိအားေတြေၾကာင့္ ဒီေလာကမွာလည္း ၾကာၾကာမေနႏုိင္ခဲ့ပါဘူး။ က်႐ႈံးမႈေတြအမ်ားႀကီးေၾကာင့္ သူဟာ စိတ္ဓာတ္အေတာ္ေလး က်ဆင္းခဲ့ပါတယ္။ မိဘေတြက Walter Tay ကို က်႐ႈံးမႈေတြထဲမွာ မနစ္မြန္းေစခ်င္ပါဘူး။

ဒါနဲ႔ သူတုိရဲ႕ စားေသာက္ဆုိင္ကုိ ဝုိင္းၿပီးကူဖုိ႔ အတင္းတုိက္တြန္းခဲ့ပါတယ္။ စကၤာပူမွာပဲ ဖြင့္ထားတဲ့ဆုိင္ပါ။ Tay ဟာ မိဘေတြအလုပ္ကို ကူညီလုပ္ကုိင္ရင္း ေနာက္ဆုံးေတာ့ အလုပ္မွာ ေပ်ာ္လာခဲ့ပါတယ္။ ဒီလုိပဲ သူကိုယ္တုိင္လည္း အစားအစာေတြ သင္ၾကားခ်က္ျပဳတ္ခဲ့သလုိ၊ သူတုိ႔ဆုိင္ဟာ ခရီးသြားေတြၾကားမွာေရာ၊ ၿမိဳ႕သားေတြၾကားမွာပါ ေရပန္းစားလာခဲ့ပါတယ္။

ဒီလုိ နာမည္ႀကီးလာတာနဲ႔အမွ် သူ႕မွာ အခက္အခဲေတြ ွရွိလာခဲ့ပါတယ္။ သူဟာ ႐ုပ္ေခ်ာလြန္းတဲ့အတြက္ ခ်စ္သူရည္းစားရွိတဲ့ ေကာင္မေလးေတြကို ေကာင္ေလးေတြက အဲဒီဆုိင္ကုိ သူတုိ႔မပါဘဲ သြားေရာက္ျခင္းမျပဳဖူိ႔ တားျမစ္ပိတ္ပင္မႈေတြ ရွိလာခဲ့တာပါ။ ဘာပဲျဖစ္ျဖစ္ သူ႕ဆုိင္ေလးကေတာ့ ေရာင္းေကာင္းေနဆဲပါ။

လင္းသူရိန္

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ချစ်သူရှိတဲ့ ကောင်မလေးတွေ ဈေးမဝယ်ဖို့ တားမြစ်ခံထားရတဲ့ ဈေးသည်ကောင်လေး

လူချောတစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး။ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်သလောက်၊ ကောင်လေးတွေ မျက်စိစပါးမွေး စူးတာကို ခံရတတ်ပါတယ်။ သင်ဟာ ကံကောင်းလွန်းစွာ ဘဝပေးကုသိုလ်ကြောင့် ဒီဘဝမှာ ရုပ်လာချောတာ မတတ်နိုင်ပေမယ့်၊ ကံဆိုးစွာနဲ့ သင့်ဆီကို အန္တရာယ်တွေက မဖိတ်ခေါ်ဘဲ ရောက်လာနိုင်ပါတယ်။

Walter Tay အမည်ရ အမျိုးသားဟာ အားလုံးမြင်တဲ့အတိုင်း ဗလတောင့်တောင့်၊ ရူပါဖြောင့်ဖြောင့်ပါဘဲ။ ဒါပေမယ့် ကံဆိုးတာက အလုပ်အကိုင် အကျိုးမပေးတာပါ။ သူဟာ စင်္ကာပူလေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်မောင်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ပေမယ့် အလုပ်ကနေ ထင်မှတ်မထားဘဲ ထုတ်ခံခဲ့ရပါတယ်။

ဒီလိုနဲ့ သူဟာ စိတ်ဓာတ်ကျမနေအားပဲ MLM နယ်ပယ်ဘက်ကို ခြေဦးလှည့်ပြီး စမ်းကြည့်ပါတယ်။ အကျိုးမပေးတဲ့အလုပ်မို့ သူ ကြာကြာ မရပ်တည်နိုင်ခဲ့ပါဘူး။ နောက်တော့ ကိုရီးယားနိုင်ငံထုတ် အလှကုန်တွေဘက်ကို ဟန်မလားဆိုပြီး ပြောင်းကြည့်ခဲ့ပါတယ်။ ကနဦးတော့ ဟုတ်မလိုလိုနဲ့ နလံမထူနိုင်အောင် ရှုံးခဲ့ပြန်ပါတယ်။

အဲဒီနောက် ကာယဗလမောင်အဖြစ် ဝင်ပြိုင်ဖို့ ကြိုးစားခဲ့သော်လည်း သူဟာ ကံဆိုးမှုတွေက ရပ်တန့်မသွားခဲ့ဘဲ၊ အမျိုးမျိုးသော ဖိအားတွေကြောင့် ဒီလောကမှာလည်း ကြာကြာမနေနိုင်ခဲ့ပါဘူး။ ကျရှုံးမှုတွေအများကြီးကြောင့် သူဟာ စိတ်ဓာတ်အတော်လေး ကျဆင်းခဲ့ပါတယ်။ မိဘတွေက Walter Tay ကို ကျရှုံးမှုတွေထဲမှာ မနစ်မွန်းစေချင်ပါဘူး။

ဒါနဲ့ သူတိုရဲ့ စားသောက်ဆိုင်ကို ဝိုင်းပြီးကူဖို့ အတင်းတိုက်တွန်းခဲ့ပါတယ်။ စင်္ကာပူမှာပဲ ဖွင့်ထားတဲ့ဆိုင်ပါ။ Tay ဟာ မိဘတွေအလုပ်ကို ကူညီလုပ်ကိုင်ရင်း နောက်ဆုံးတော့ အလုပ်မှာ ပျော်လာခဲ့ပါတယ်။ ဒီလိုပဲ သူကိုယ်တိုင်လည်း အစားအစာတွေ သင်ကြားချက်ပြုတ်ခဲ့သလို၊ သူတို့ဆိုင်ဟာ ခရီးသွားတွေကြားမှာရော၊ မြို့သားတွေကြားမှာပါ ရေပန်းစားလာခဲ့ပါတယ်။

ဒီလို နာမည်ကြီးလာတာနဲ့အမျှ သူ့မှာ အခက်အခဲတွေ ှရှိလာခဲ့ပါတယ်။ သူဟာ ရုပ်ချောလွန်းတဲ့အတွက် ချစ်သူရည်းစားရှိတဲ့ ကောင်မလေးတွေကို ကောင်လေးတွေက အဲဒီဆိုင်ကို သူတို့မပါဘဲ သွားရောက်ခြင်းမပြုဖိူ့ တားမြစ်ပိတ်ပင်မှုတွေ ရှိလာခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူ့ဆိုင်လေးကတော့ ရောင်းကောင်းနေဆဲပါ။

လင်းသူရိန်

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *