ဘာစာမွမပါတဲ့ စာရြက္တင္ခဲ့ေသာ္လည္း စာေမးပြဲမွာ ပထမဆုရခဲ့တဲ့ ေကာင္မေလး

Zawgyiျဖင့္ဖတ္ရန္

ဘာစာမွမပါတဲ့ စာရြက္ႀကီးတင္တာေတာင္ ကိုယ္ေပ်ာက္အက္ေဆးဆိုၿပီး ဘာေၾကာင့္ ပထမဆုကိုၾကံၾကံဖန္ဖန္ေပးခဲ့သလဲဆိုၿပီး သိခ်င္ေနၾကပါၿပီလား။ အေၾကာင္းအရင္းကေတာ့ ဒီလိုပါတဲ့။

Eimi Haga ဟာ ေက်ာင္းသူဘဝတုန္းက ဂ်ပန္ anime ေတြ၊ ရုပ္ရွင္ေတြကုိၾကည့္ရင္ ဂ်ပန္နုိင္ငံရဲ႕ရိုးရာအေမြအႏွစ္ယာဥ္ေက်းမႈတစ္ခုျဖစ္တဲ့ နင္ဂ်ာေတြကို သိပ္ၿပီး ဂုဏ္ယူအားက်မိခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူမႀကီးလာခဲ့ရင္ နင္ဂ်ာတစ္ေယာက္ျဖစ္ရမယ္ဆိုၿပီး စိတ္ထဲမွာ ေတးထားခဲ့ပါတယ္တဲ့။ တကၠသိုလ္တက္တဲ့အရြယ္လည္းေရာက္လာေရာ Mei တကၠသိုလ္ဝင္ခြင့္ကိုေလွ်ာက္ထားကာ ပထမႏွစ္မွာတင္ နင္ဂ်ာသမုိင္းဘာသာရပ္ကိုယူကာ ပညာသင္ၾကားခဲ့ပါတယ္။

အဲဒီဘာသာရပ္မွာ စာသင္ျပေပးေနသူကေတာ့ ပေရာ္ဖက္ဆာ Yuji Yamada ပါ။ ဆရာဟာ တပည့္ေတြကို ႏွစ္တုိင္းလိုလို ဗဟုသုတနဲ႔ဥာဏ္ပညာေရးရာတို႔မွာ စမ္းသပ္ဖို႔စာေမးပြဲေတြကို ေျဖခိုင္းေလ့ရွိရာ အဲဒီအထဲမွာမွ အက္ေဆးေရးခိုင္းတဲ့နည္းလမ္းကေတာ့ လက္အဝဝင္ဆံုး စမ္းသပ္မႈပါပဲ။ အေၾကာင္းကေတာ့ အက္ေဆးကို ရုိးရိုးတမ္းတမ္းေရးခိုင္းတာမ်ိဳးမဟုတ္ဘဲ သာမန္လူတစ္ေယာက္ ရုတ္တရက္ဖန္လိုက္ရင္ လံုးဝမဖတ္ႏုိင္မယ့္ လွ်ိဳ႕ဝွက္နည္းလမ္းမ်ိဳးေတြနဲ႔ ေရးခိုင္းခဲ့တာပါ။

ဒီလိုစာေမးပြဲစစ္တဲ့အခါ Yuji Yamada ရဲ႕ ေက်ာင္းသားေတြစာ အမ်ိဳးမ်ိဳးေသာ လွ်ိဳ႕ဝွက္စာေတြကိုသံုးၿပီးသာ ေရးၾကတာမ်ားေပမယ့္လို႔ Emi Haga ကေတာ့ ေရွးေဟာင္းနင္ဂ်ာေတြသံုးတဲ့ ရိုးရာနည္းလမ္းတစ္ခုနဲ႔ အက္ေဆးကိုေရးသားခဲ့တာပါ။ နည္းါလမ္းကေတာ့ aburidashi လို႔ေခၚပါတယ္။ ကိုယ္ေပ်ာက္စာသံုးၿပီး အခ်င္းခ်င္းသတင္းပို႔ၾကတာပါ။ ဒီလိုကိုယ္ေပ်ာက္စာျဖစ္ဖို႔အတြက္ အေရးအႀကီးဆံုးကေတာ့ စာေရးတဲ့မင္ပါပဲ။ ကိုယ္ေပ်ာက္မင္ကိုရဖုိ႔အတြက္ ပဲပိစပ္ကို တစ္ညေလာက္ေရစိမ္ကာ ေနာက္တစ္ရက္မွာ ပိတ္ပါးစထဲထည့္ၿပီး အရည္ႏွစ္မွားရေအာင္ ညွစ္ေပးရတာပါတဲ့။ ေနာက္မွာေတာ့ ရလာတဲ့ပဲပိစပ္အရည္နဲ႔ ေရနဲ႔ကို အညႊန္းအတုိင္း တိက်စြာေရာကာ ထပ္ ႏွပ္ထားရပါေသးတယ္။ ဒီအရည္ကို washi လို႔ေခၚတဲ့ ဂ်ပန္စကၠဴပါးေပၚမွာ စုတ္တံနဲ႔ခ်ေရးလိုက္ရံုပါပဲ။ ေရးေရးခ်င္းမွာေတာ့ စာေတြကိုျမင္ေနရမွာျဖစ္ၿပီး အေျခာက္ခံလိုက္တဲ့ခါ စာေတြဟာ စာရြက္ေပၚမွာ လံုးဝအရွင္းေပ်ာက္သြားမွာျဖစ္တာေၾကာင့္ ေတာ္ရံုလံုးဝျမင္ရေတာ့မွာမဟုတ္ေတာ့ပါဘူး။ စာေတြျပန္ေပၚခ်င္တယ္ဆိုရင္ေတာ့ စာရြက္ကို အပူေပးလိုက္မွပါမွာပါ။

Emi Haga ဟာ ဒီနည္းလမ္းအတုိင္း အက္ေဆးကိုတင္ခဲ့ေပမယ့္လို႔ စာေတြဘာမွမပါဘဲ စာရြက္ေပးတယ္ဆိုၿပီး ဆရာရဲ႕အထင္လြဲျခင္းကို ခံရမွာဆိုးတဲ့အတြက္ စာရြက္မွာ ရိုးရိုးမင္နဲ႔ “အပူေပးပါ” လုိ႔ေတာ့ တပ္ခဲ့ပါတယ္တဲ့။ ပါေမကၡ Yuji Yamada ဟာ အိမ္ေရာက္တဲ့အခါ Emi Haga ရဲ႕ စာရြက္ကို ဂတ္စ္မီးဖိုေပၚတင္ၿပီး အပူေပးလိုက္တဲ့အခါမွာေတာ့ စာလံုးေတြကို ၾကည္လင္ျပတ္သားစြာ ထင္ထင္ရွားရွားနဲ႔ျမင္ခဲ့ရပါေတာ့တယ္တဲ့။ သူ႕ရဲ႕သက္တမ္းတစ္ေလွ်ာက္မွာ ဒီလိုအက္ေဆးေတြေရးခိုင္းတုိင္း လွ်ိဳ႕ဝွက္စာေတြကိုပဲ ေဖာ္ၿပီးစာစစ္ေနရတဲ့အေျခအေနထဲကမွ Emi Haga ဟာ ဘယ္သူမွအသံုးေသးတဲ့ နည္းလမ္းနဲ႔ အက္ေဆးတင္ခဲ့တဲ့အတြက္ အမွတ္အေကာင္းဆံုးေပးကာ ပထမအျဖစ္လည္း သတ္မွတ္ခံခဲ့ရတာပဲျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံဟာ ဆာမူရိုင္းနဲ႔ နင္ဂ်ာယာဥ္ေက်းမႈေတြ တစ္ေခတ္တစ္ခါက ႀကီးစုိးခဲ့တဲ့ ႏုိင္ငံျဖစ္ၿပီး ယေန႔ေခတ္္မွာေတ့ တိုက္ခိုက္ေရးပညာေတြမွာ တစ္ဖက္ကမ္းခတ္တတ္ကၽြမ္းတဲ့ ဒီလိုစစ္သည္ေတြမရွိေတာ့ေပမယ့္လည္း သူတုိ႔နဲ႔ပတ္သက္တဲ့ယဥ္ေက်းမႈ၊ ဓေလ့ထံုးတမ္း၊ အစဥ္အလာေတြ၊ သမုိင္းေၾကာင္းေတြ၊ ဗဟုသုတေတြကိုေတာ့ လက္ဆင့္ကမ္းထိန္းသိမး္ေနဆဲပါပဲ။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဘာစာမှမပါတဲ့ စာရွက်တင်ခဲ့သော်လည်း စာမေးပွဲမှာ ပထမဆုရခဲ့တဲ့ ကောင်မလေး

ဘာစာမှမပါတဲ့ စာရွက်ကြီးတင်တာတောင် ကိုယ်ပျောက်အက်ဆေးဆိုပြီး ဘာကြောင့် ပထမဆုကိုကြံကြံဖန်ဖန်ပေးခဲ့သလဲဆိုပြီး သိချင်နေကြပါပြီလား။ အကြောင်းအရင်းကတော့ ဒီလိုပါတဲ့။

Eimi Haga ဟာ ကျောင်းသူဘဝတုန်းက ဂျပန် anime တွေ၊ ရုပ်ရှင်တွေကိုကြည့်ရင် ဂျပန်နိုင်ငံရဲ့ရိုးရာအမွေအနှစ်ယာဉ်ကျေးမှုတစ်ခုဖြစ်တဲ့ နင်ဂျာတွေကို သိပ်ပြီး ဂုဏ်ယူအားကျမိခဲ့ပါတယ်။ ဒါကြောင့်လည်း သူမကြီးလာခဲ့ရင် နင်ဂျာတစ်ယောက်ဖြစ်ရမယ်ဆိုပြီး စိတ်ထဲမှာ တေးထားခဲ့ပါတယ်တဲ့။ တက္ကသိုလ်တက်တဲ့အရွယ်လည်းရောက်လာရော Mei တက္ကသိုလ်ဝင်ခွင့်ကိုလျှောက်ထားကာ ပထမနှစ်မှာတင် နင်ဂျာသမိုင်းဘာသာရပ်ကိုယူကာ ပညာသင်ကြားခဲ့ပါတယ်။

အဲဒီဘာသာရပ်မှာ စာသင်ပြပေးနေသူကတော့ ပရော်ဖက်ဆာ Yuji Yamada ပါ။ ဆရာဟာ တပည့်တွေကို နှစ်တိုင်းလိုလို ဗဟုသုတနဲ့ဉာဏ်ပညာရေးရာတို့မှာ စမ်းသပ်ဖို့စာမေးပွဲတွေကို ဖြေခိုင်းလေ့ရှိရာ အဲဒီအထဲမှာမှ အက်ဆေးရေးခိုင်းတဲ့နည်းလမ်းကတော့ လက်အဝဝင်ဆုံး စမ်းသပ်မှုပါပဲ။ အကြောင်းကတော့ အက်ဆေးကို ရိုးရိုးတမ်းတမ်းရေးခိုင်းတာမျိုးမဟုတ်ဘဲ သာမန်လူတစ်ယောက် ရုတ်တရက်ဖန်လိုက်ရင် လုံးဝမဖတ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းမျိုးတွေနဲ့ ရေးခိုင်းခဲ့တာပါ။

ဒီလိုစာမေးပွဲစစ်တဲ့အခါ Yuji Yamada ရဲ့ ကျောင်းသားတွေစာ အမျိုးမျိုးသော လျှို့ဝှက်စာတွေကိုသုံးပြီးသာ ရေးကြတာများပေမယ့်လို့ Emi Haga ကတော့ ရှေးဟောင်းနင်ဂျာတွေသုံးတဲ့ ရိုးရာနည်းလမ်းတစ်ခုနဲ့ အက်ဆေးကိုရေးသားခဲ့တာပါ။ နည်းါလမ်းကတော့ aburidashi လို့ခေါ်ပါတယ်။ ကိုယ်ပျောက်စာသုံးပြီး အချင်းချင်းသတင်းပို့ကြတာပါ။ ဒီလိုကိုယ်ပျောက်စာဖြစ်ဖို့အတွက် အရေးအကြီးဆုံးကတော့ စာရေးတဲ့မင်ပါပဲ။ ကိုယ်ပျောက်မင်ကိုရဖို့အတွက် ပဲပိစပ်ကို တစ်ညလောက်ရေစိမ်ကာ နောက်တစ်ရက်မှာ ပိတ်ပါးစထဲထည့်ပြီး အရည်နှစ်မှားရအောင် ညှစ်ပေးရတာပါတဲ့။ နောက်မှာတော့ ရလာတဲ့ပဲပိစပ်အရည်နဲ့ ရေနဲ့ကို အညွှန်းအတိုင်း တိကျစွာရောကာ ထပ် နှပ်ထားရပါသေးတယ်။ ဒီအရည်ကို washi လို့ခေါ်တဲ့ ဂျပန်စက္ကူပါးပေါ်မှာ စုတ်တံနဲ့ချရေးလိုက်ရုံပါပဲ။ ရေးရေးချင်းမှာတော့ စာတွေကိုမြင်နေရမှာဖြစ်ပြီး အခြောက်ခံလိုက်တဲ့ခါ စာတွေဟာ စာရွက်ပေါ်မှာ လုံးဝအရှင်းပျောက်သွားမှာဖြစ်တာကြောင့် တော်ရုံလုံးဝမြင်ရတော့မှာမဟုတ်တော့ပါဘူး။ စာတွေပြန်ပေါ်ချင်တယ်ဆိုရင်တော့ စာရွက်ကို အပူပေးလိုက်မှပါမှာပါ။

Emi Haga ဟာ ဒီနည်းလမ်းအတိုင်း အက်ဆေးကိုတင်ခဲ့ပေမယ့်လို့ စာတွေဘာမှမပါဘဲ စာရွက်ပေးတယ်ဆိုပြီး ဆရာရဲ့အထင်လွဲခြင်းကို ခံရမှာဆိုးတဲ့အတွက် စာရွက်မှာ ရိုးရိုးမင်နဲ့ “အပူပေးပါ” လို့တော့ တပ်ခဲ့ပါတယ်တဲ့။ ပါမေက္ခ Yuji Yamada ဟာ အိမ်ရောက်တဲ့အခါ Emi Haga ရဲ့ စာရွက်ကို ဂတ်စ်မီးဖိုပေါ်တင်ပြီး အပူပေးလိုက်တဲ့အခါမှာတော့ စာလုံးတွေကို ကြည်လင်ပြတ်သားစွာ ထင်ထင်ရှားရှားနဲ့မြင်ခဲ့ရပါတော့တယ်တဲ့။ သူ့ရဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုအက်ဆေးတွေရေးခိုင်းတိုင်း လျှို့ဝှက်စာတွေကိုပဲ ဖော်ပြီးစာစစ်နေရတဲ့အခြေအနေထဲကမှ Emi Haga ဟာ ဘယ်သူမှအသုံးသေးတဲ့ နည်းလမ်းနဲ့ အက်ဆေးတင်ခဲ့တဲ့အတွက် အမှတ်အကောင်းဆုံးပေးကာ ပထမအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ဆာမူရိုင်းနဲ့ နင်ဂျာယာဉ်ကျေးမှုတွေ တစ်ခေတ်တစ်ခါက ကြီးစိုးခဲ့တဲ့ နိုင်ငံဖြစ်ပြီး ယနေ့ခေတ်မှာတေ့ တိုက်ခိုက်ရေးပညာတွေမှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းတဲ့ ဒီလိုစစ်သည်တွေမရှိတော့ပေမယ့်လည်း သူတို့နဲ့ပတ်သက်တဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာတွေ၊ သမိုင်းကြောင်းတွေ၊ ဗဟုသုတတွေကိုတော့ လက်ဆင့်ကမ်းထိန်းသိမ်းနေဆဲပါပဲ။

Penny

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *