ဝမွာစုိးလုိ႔ ပိန္ေဆးေသာက္တဲ့ ေကာင္မေလး ႐ုတ္တရက္ႏွလုံးခုန္ရပ္ၿပီး ေသဆုံး…..

Zawgyiျဖင့္ဖတ္ရန္

အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ႐ုရွားႏုိင္ငံသူေလးတစ္ဦးဟာ သူမရဲ႕ လက္ရွိခႏၶာကုိယ္အခ်ိဳးအစားကေန ဝသြားမွာကုိ စုိးရိမ္တဲ့အတြက္ ပိန္ေဆး၊ (တနည္းအားျဖင့္) အစာစားခ်င္စိတ္ကို တားျမစ္တဲ့ေဆးကုိ ပုံမွန္သုံးစြဲခဲ့ရာ၊ ႐ုတ္တရက္ ႏွလုံးခုန္ရပ္တန္႔ၿပီး ေသဆုံးသြားတယ္လုိ႔ သိရပါတယ္။ အဲဒီေကာင္မေလးဟာ ႐ုရွားႏုိင္ငံ၊ Altai Krai ျပည္နယ္၊ Barnaul မွာ ေနထုိင္ပါတယ္။

သူမဟာ မေသဆုံးခင္မွာ သူငယ္ခ်င္းေတြနဲ႔အတူ ညဘက္ထြက္လည္ၿပီး Night Club မွာ ကဲခဲ့တာပါ။ သူမရဲ႕အမည္ကုိေတာ့ Anastasia လုိ႔သာ သတင္းမွာ ေဖာ္ျပထားၿပီး၊ သူငယ္ခ်င္းေတြရဲ႕အဆုိအရ သူမဟာ ဘီယာတစ္ခြက္သာ ေသာက္ရေသးၿပီး၊ ကခုန္ေနခ်ိန္မွာပဲ ႐ုတ္တရက္ လဲက်သြားခဲ့တယ္လုိ႔ သိရပါတယ္။

ဒါေပမယ့္ တစ္ျခားသူငယ္ခ်င္းကေတာ့ Anastasia တစ္ေယာက္ ဘီယာေသာက္တာ၊ အစာအစားတာကို မေတြ႕လုိက္မိဘူးလုိ႔ ေျပာပါတယ္။ သူမ သတိလစ္လဲက်သြားတာနဲ႔ ကလပ္ကို ေရာက္လာသူေတြက သူတုိ႔ တတ္သေလာက္ Anastasia ကုိ ျပဳစုခဲ့ၾကပါတယ္။ လူနာတင္ကား ေရာက္လာဖုိ႔ကိုလည္း မိနစ္(၄၀)ေလာက္ ေစာင့္ခဲ့ရပါတယ္။

ဒါေပမယ့္ ေဒါက္တာေတြက Anastasia အဖုိ႔ ႐ုတ္တရက္ ႏွလုံးရပ္တန္႔ၿပီး၊ ေသဆုံးသြားၿပီျဖစ္ေၾကာင္းကိုသာ အတည္ျပဳႏုိင္ခဲ့ၿပီး၊ သူမရဲ႕အသက္ကို မကယ္တင္ႏုိင္ခဲ့ပါဘူး။ မိသားစုဝင္ေတြရဲ႕အဆုိအရေတာ့ သမီးျဖစ္သူဟာ ဒီျဖစ္ရပ္မတုိင္ခင္ ေန႔ခင္းပိုင္းေလာက္က haemoglobin levels ထုိးက်သြားလုိ႔၊ မူးေမ့လဲက်ခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။

ေဒသခံသတင္းစာေတြကေတာ့ Anastasia ဟာ ဆုိးက်ိဳးအလြန္မ်ားတဲ့ပိန္ေဆးကုိ ေရရွည္သုံးစြဲခဲ့တာက အခုအျဖစ္အပ်က္ကို ဦးတည္ေစခဲ့တာလုိ႔ ေဖာ္ျပခဲ့ၾကပါတယ္။ ေနာက္ၿပီး အဲဒီသတင္းစာေတြထဲမွာ ဒီလုိ ေဆးဝါးေတြဟာ အလြန္အကၽြံသုံးစြဲပါက လူကုိ ေသေစႏုိင္တယ္ဆုိတာကလည္း သတိေပး ေဖာ္ျပခဲ့ပါတယ္။

လင္းေဇာ္ကုိ

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဝမှာစိုးလို့ ပိန်ဆေးသောက်တဲ့ ကောင်မလေး ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံး

အသက်(၁၉)နှစ်သာရှိသေးတဲ့ ရုရှားနိုင်ငံသူလေးတစ်ဦးဟာ သူမရဲ့ လက်ရှိခန္ဓာကိုယ်အချိုးအစားကနေ ဝသွားမှာကို စိုးရိမ်တဲ့အတွက် ပိန်ဆေး၊ (တနည်းအားဖြင့်) အစာစားချင်စိတ်ကို တားမြစ်တဲ့ဆေးကို ပုံမှန်သုံးစွဲခဲ့ရာ၊ ရုတ်တရက် နှလုံးခုန်ရပ်တန့်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီကောင်မလေးဟာ ရုရှားနိုင်ငံ၊ Altai Krai ပြည်နယ်၊ Barnaul မှာ နေထိုင်ပါတယ်။

သူမဟာ မသေဆုံးခင်မှာ သူငယ်ချင်းတွေနဲ့အတူ ညဘက်ထွက်လည်ပြီး Night Club မှာ ကဲခဲ့တာပါ။ သူမရဲ့အမည်ကိုတော့ Anastasia လို့သာ သတင်းမှာ ဖော်ပြထားပြီး၊ သူငယ်ချင်းတွေရဲ့အဆိုအရ သူမဟာ ဘီယာတစ်ခွက်သာ သောက်ရသေးပြီး၊ ကခုန်နေချိန်မှာပဲ ရုတ်တရက် လဲကျသွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် တစ်ခြားသူငယ်ချင်းကတော့ Anastasia တစ်ယောက် ဘီယာသောက်တာ၊ အစာအစားတာကို မတွေ့လိုက်မိဘူးလို့ ပြောပါတယ်။ သူမ သတိလစ်လဲကျသွားတာနဲ့ ကလပ်ကို ရောက်လာသူတွေက သူတို့ တတ်သလောက် Anastasia ကို ပြုစုခဲ့ကြပါတယ်။ လူနာတင်ကား ရောက်လာဖို့ကိုလည်း မိနစ်(၄၀)လောက် စောင့်ခဲ့ရပါတယ်။

ဒါပေမယ့် ဒေါက်တာတွေက Anastasia အဖို့ ရုတ်တရက် နှလုံးရပ်တန့်ပြီး၊ သေဆုံးသွားပြီဖြစ်ကြောင်းကိုသာ အတည်ပြုနိုင်ခဲ့ပြီး၊ သူမရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။ မိသားစုဝင်တွေရဲ့အဆိုအရတော့ သမီးဖြစ်သူဟာ ဒီဖြစ်ရပ်မတိုင်ခင် နေ့ခင်းပိုင်းလောက်က haemoglobin levels ထိုးကျသွားလို့၊ မူးမေ့လဲကျခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒေသခံသတင်းစာတွေကတော့ Anastasia ဟာ ဆိုးကျိုးအလွန်များတဲ့ပိန်ဆေးကို ရေရှည်သုံးစွဲခဲ့တာက အခုအဖြစ်အပျက်ကို ဦးတည်စေခဲ့တာလို့ ဖော်ပြခဲ့ကြပါတယ်။ နောက်ပြီး အဲဒီသတင်းစာတွေထဲမှာ ဒီလို ဆေးဝါးတွေဟာ အလွန်အကျွံသုံးစွဲပါက လူကို သေစေနိုင်တယ်ဆိုတာကလည်း သတိပေး ဖော်ပြခဲ့ပါတယ်။

လင်းဇော်ကို

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *