ေခြးေမြးထားသူေတြက သာမန္လူေတြထက္ပုိၿပီးအသက္ရွည္သတဲ့

Zawgyiျဖင့္ဖတ္ရန္

ေခြးေတြဟာ လူေတြအတြက္ မိတ္ေဆြေကာင္း အေဖာ္ေကာင္းေတြျဖစ္သလို၊ သခင္အႏၱရာယ္ၾကံဳလာရင္လည္း အသက္စြန္႔ကယ္ဆယ္ေပးတတ္ၾကတဲ့ တိရိစာၦန္ေတြပါ။ ဒါ့အျပင္လူေတြရဲ႕က်န္းမာေရးဘက္က္ိုပါ အေထာက္အကူျပဳေစႏိုင္တယ္ဆိုတာကို သိလာရပါျပီ။ သုေတသနပညာရွင္ေတြရဲ႕ေလ့လာစမ္းသပ္မႈေတြအရ ေခြးေမြးတ့ဲလူေတြဟာ အသက္တုိႏႈန္း(၂၄)ရာခို္င္ႏႈန္းေလ်ာ့က်ေစတယ္လု႔ိ ေတြ႔ရွိထားပါတယ္။ ဒါဟာ ႏွစ္(၇၀)နီးပါး ကမာၻတစ္၀န္းသုေတသနစမ္းသပ္ခ်က္တစ္ခုပါ။

သုေတသီေတြက မိတ္ေဆြေတြဆီမွရရွိတဲ့က်န္းမာေရးအက်ိဳးေက်းဇူးေတြနဲ႔ပတ္သက္ျပီး အေမရိကန္၊ ကေနဒါ၊ Scandinavia၊ နယူးုဇီလန္ ၊ၾသစေၾတးလ် နဲ႔ United Kingdomတို႔မွာရွိတဲ့ လူေလးသန္းနီးပါးကို ေလ့လာစမ္းသပ္ၾကည့္ခဲ့တဲ့အခါေခြးပိုင္ရွင္ေတြဟာ ေသဆံုးႏုိင္ေျခ(၂၄)ရာခိုင္ႏႈန္း ေလ်ာ့နည္းေနတာကိုေတြ႔ရွိခဲ့တယ္လုိ႔ Torontoတကၠသိုလ္ရဲ႕ ေဆးဘက္ဆိုင္ရာနဲ႔ဇီ၀ျဖစ္စဥ္ဌာနမွ လက္ေထာက္ပါေမာကၡ Kramer ဆုိပါတယ္။

ႏွလံုးေရာဂါ၊ ေလျဖတ္တာေတြနဲ႔ပတ္သက္ျပီးလည္း က်န္းမာေရးအက်ိဳးေက်းဇူးေကာင္းေတြရွိေၾကာင္း ေလ့လာမႈေတြထဲမွာ ေတြ႔ရွိခဲ့ပါတယ္။

ေခြးေမြးထားသူေတြဟာ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးမႈအႏၲရာယ္ (၃၁)ရာခိုင္ႏႈန္း ေလ်ာ့က်ေစႏိုင္ပါတယ္။

ဆြီဒင္အမ်ိုဳးသားနဲ႔ အမ်ိဳးသမီးသံုးသိန္းေက်ာ္ကို ေလ့လာလိုက္တဲ့အခါ ႏွလံုးေရာဂါနဲ႔ေလျဖတ္တာေတြခံစားခဲ့ရရင္ေတာင္ ေခြးရွိတဲ့သူေတြက က်န္းမာေရးပိုေကာင္းလာၾကတယ္လုိ႔သိရပါတယ္။ အဲဒီထက္ ထူးျခားတာက တစ္ေယာက္ထဲေနတဲ့ေခြးပိုင္ရွင္ေတြက ပိုျပီး အက်ိဳးေက်းဇူးေကာင္းေတြရွိတယ္လုိ႔ဆုိပါတယ္။

ႏွလံုးေရာဂါနဲ႔ေလျဖတ္တာေတြဟာ ကမာၻတစ္၀န္းမွာ ေသဆံုးမႈ အမ်ားဆံုးေရာဂါ ျဖစ္တယ္လုိ႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္း (WHO)ရဲ႕ထုတ္ျပန္ခ်က္အရ သိထားရပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ခွေးမွေးထားသူတွေက သာမန်လူတွေထက်ပိုပြီးအသက်ရှည်သတဲ့

ခွေးတွေဟာ လူတွေအတွက် မိတ်ဆွေကောင်း အဖော်ကောင်းတွေဖြစ်သလို၊ သခင်အန္တရာယ်ကြုံလာရင်လည်း အသက်စွန့်ကယ်ဆယ်ပေးတတ်ကြတဲ့ တိရိစ္ဆာန်တွေပါ။ ဒါ့အပြင်လူတွေရဲ့ကျန်းမာရေးဘက်ကိုပါ အထောက်အကူပြုစေနိုင်တယ်ဆိုတာကို သိလာရပါပြီ။ သုတေသနပညာရှင်တွေရဲ့လေ့လာစမ်းသပ်မှုတွေအရ ခွေးမွေးတဲ့လူတွေဟာ အသက်တိုနှုန်း(၂၄)ရာခိုင်နှုန်းလျော့ကျစေတယ်လု့ိ တွေ့ရှိထားပါတယ်။ ဒါဟာ နှစ်(၇၀)နီးပါး ကမ္ဘာတစ်ဝန်းသုတေသနစမ်းသပ်ချက်တစ်ခုပါ။

သုတေသီတွေက မိတ်ဆွေတွေဆီမှရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ကနေဒါ၊ Scandinavia၊ နယူးုဇီလန် ၊သြစတြေးလျ နဲ့ United Kingdomတို့မှာရှိတဲ့ လူလေးသန်းနီးပါးကို လေ့လာစမ်းသပ်ကြည့်ခဲ့တဲ့အခါခွေးပိုင်ရှင်တွေဟာ သေဆုံးနိုင်ခြေ(၂၄)ရာခိုင်နှုန်း လျော့နည်းနေတာကိုတွေ့ရှိခဲ့တယ်လို့ Torontoတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာနဲ့ဇီဝဖြစ်စဉ်ဌာနမှ လက်ထောက်ပါမောက္ခ Kramer ဆိုပါတယ်။

နှလုံးရောဂါ၊ လေဖြတ်တာတွေနဲ့ပတ်သက်ပြီးလည်း ကျန်းမာရေးအကျိုးကျေးဇူးကောင်းတွေရှိကြောင်း လေ့လာမှုတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။

ခွေးမွေးထားသူတွေဟာ နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် (၃၁)ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

ဆွီဒင်အမျိုုးသားနဲ့ အမျိုးသမီးသုံးသိန်းကျော်ကို လေ့လာလိုက်တဲ့အခါ နှလုံးရောဂါနဲ့လေဖြတ်တာတွေခံစားခဲ့ရရင်တောင် ခွေးရှိတဲ့သူတွေက ကျန်းမာရေးပိုကောင်းလာကြတယ်လို့သိရပါတယ်။ အဲဒီထက် ထူးခြားတာက တစ်ယောက်ထဲနေတဲ့ခွေးပိုင်ရှင်တွေက ပိုပြီး အကျိုးကျေးဇူးကောင်းတွေရှိတယ်လို့ဆိုပါတယ်။

နှလုံးရောဂါနဲ့လေဖြတ်တာတွေဟာ ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှု အများဆုံးရောဂါ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ထုတ်ပြန်ချက်အရ သိထားရပါတယ်။

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *