ေဘာလံုးပြဲမွာေတြ႕ခဲ့တဲ့ေကာင္ေလးကို သေဘာက်လို႔ ဓာတ္ပံုရိုက္တင္ခဲ့ၿပီး ရွာခဲ့ရာ..

Zawgyiျဖင့္ဖတ္ရန္

ရွာပံုေတာ္မင္းသားႀကီးလိုမ်ိဳး လိပ္စာေပးလိုက္တာ ေရစိုသြားလို႔ဆိုၿပီး ခ်စ္ရသူကို ဘယ္ရွာလို႔ရွာရမွန္းမသိတဲ့အျဖစ္မ်ိဳး ဒီေခတ္မွာ ရွိေတာ့မွာမဟုတ္ပါဘူးေနာ္။ ကၽြန္ေတာ္တို႔ Facebook မွာလည္း အမ်ားဆံုးေတြ႕ရမွာပါ။ ဓာတ္ပံုေလးတစ္ပံုရွိရံုနဲ႔တင္ Facebook ေပၚတင္ၿပီး ဘယ္ေန႔၊ ဘယ္အခ်ိန္မွာေတ႕ြခဲ့တဲ့ သူေလးကို သိရင္ေျပာျပေပးပါဘာညာနဲ႔ဆိုရင္ ၁၀ ေယာက္မွာ ၉ ေယာက္ေလာက္ကေတာ့ ရွာေတြ႕ၾကတာခ်ည္းပါပဲေလ။ အခုလည္း ေကာင္မေလးတစ္ေယာက္က ေဘာလံုးပဲြမွာေတ႕ြခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ကို Twitter ေပၚ တင္ရွာခဲ့တဲ့အေၾကာင္း ေတာ္ေတ္ာေလးလူေျပာမ်ားေနခဲ့ပါတယ္။

ေကာင္မေလးကေတာ့ Tennessee တကၠသိုလ္ရဲ႕ေက်ာင္းသူေလး Sarah သာ သိထားခဲ့ပါတယ္။ Tennessee နဲ႔ Georgia တကၠသိုလ္ေက်ာင္းႏွစ္ေက်ာင္းရဲ႕ ျပဳလုပ္ခဲ့တဲ့ ေက်ာင္းေဘာလံုးပြဲသြားၾကည့္ရာမွာ အေနာက္ဖက္နားမွာရွိေနတဲ့ ေကာင္ေလးတစ္ေယာက္ကို သေဘာက်မိတယ္နဲ႔တူပါတယ္။ ဒါေၾကာင့္ သူမဟာ ဆယ္လ္ဖီရိုက္ေနသလိုလို ဘာလိုလိုနဲ႔ အဲဒီေကာင္ေလးရွိတဲ့ဖက္ကိုေက်ာေပးၿပီး ေကာင္ေလးပံုပါပါေအာင္ တမင္ဓာတ္ပံုရိုက္ခဲ့ပါတယ္။ ေနာက္ေတာ့မွ Twitter မွာ အဲဒီပံုေလးေတြတင္ကာ ေကာင္ေလးကို စိတ္ဝင္စားမိလို႔ ဒိတ္လုပ္ၾကည့္ခ်င္တဲ့အတြက္ ဝိုင္းရွာေပးၾကပါဆုိၿပီး ေအာက္တိုဘာလ ၅ ရက္ေန႔တုန္းက ေရးလာခဲ့ပါတယ္။

ဒါေပမဲ့လို႔ ေနာက္ထပ္ ၂ ရက္အၾကာ၊ ေအာက္တိုဘာလ ၇ ရက္ေန႔မွာပဲ @Bro_olla ဆိုတဲ့ Twitter account ကေနၿပီး Sarah ရဲ႕ tweet ကို retweet ျပန္လုပ္ကာ “ဒါငါပဲ၊ ဒါေပမဲ့ စိတ္မေကာင္းပါဘူး မင္းက ငါႀကိဳက္တဲ့ပံုစံ မဟုတ္ဘူး” ဆိုကာ လူသိရွင္ၾကား အျငင္းခံခဲ့ရပါတယ္။

Sarah ဟာ crush ျငင္းတာကို လူသိရွင္ၾကားခံခဲ့ရရံုတင္မဟုတ္ဘဲ အခုဆိုရင္ လူမ်ိဳးေရးခြဲျခားသူေတြရဲ႕ တုိက္ခိုက္တာကိုပါ ခံေနခဲ့ရပါတယ္။ လူမည္းဖက္မွလည္း Sarah ကို သူတို႔လူမည္းေကာင္ေလးနဲ႔ သေဘာမတူေၾကာင္း၊ လူတစ္ေယာက္ကို အခုလိုဓာတ္ပံုခိုးရိုက္ထားတာဟာ ေၾကာက္ဖို႔ေတာင္ေကာင္းေနေၾကာင္းေျပာခဲ့ၿပီး လူျဖဴေတြဖက္မွလည္း Sarah ရဲ႕ လုပ္ရပ္ဟာ ဂုဏ္သိကၡာက်ေစေလာက္ေအာင္ စိတ္ပ်က္ဖို႔ေကာင္းေနတယ္ဆိုၿပီး အရွက္ခြဲခဲ့ၾကပါေတာ့တယ္။ ေလာေလာဆယ္မွာေတာ့ Sarah ဖက္က ဘာတုန္႕ျပန္မႈမွ မလုပ္ထားေသးပါဘူး။

Penny

Credit:Momolay

Unicodeဖြင့်ဖတ်ရန်

ဘောလုံးပွဲမှာတွေ့ခဲ့တဲ့ကောင်လေးကို သဘောကျလို့ ဓာတ်ပုံရိုက်တင်ခဲ့ပြီး ရှာခဲ့ရာ..

ရှာပုံတော်မင်းသားကြီးလိုမျိုး လိပ်စာပေးလိုက်တာ ရေစိုသွားလို့ဆိုပြီး ချစ်ရသူကို ဘယ်ရှာလို့ရှာရမှန်းမသိတဲ့အဖြစ်မျိုး ဒီခေတ်မှာ ရှိတော့မှာမဟုတ်ပါဘူးနော်။ ကျွန်တော်တို့ Facebook မှာလည်း အများဆုံးတွေ့ရမှာပါ။ ဓာတ်ပုံလေးတစ်ပုံရှိရုံနဲ့တင် Facebook ပေါ်တင်ပြီး ဘယ်နေ့၊ ဘယ်အချိန်မှာတေ့ွခဲ့တဲ့ သူလေးကို သိရင်ပြောပြပေးပါဘာညာနဲ့ဆိုရင် ၁၀ ယောက်မှာ ၉ ယောက်လောက်ကတော့ ရှာတွေ့ကြတာချည်းပါပဲလေ။ အခုလည်း ကောင်မလေးတစ်ယောက်က ဘောလုံးပွဲမှာတေ့ွခဲ့တဲ့ ကောင်လေးတစ်ယောက်ကို Twitter ပေါ် တင်ရှာခဲ့တဲ့အကြောင်း တော်တေ်ာလေးလူပြောများနေခဲ့ပါတယ်။

ကောင်မလေးကတော့ Tennessee တက္ကသိုလ်ရဲ့ကျောင်းသူလေး Sarah သာ သိထားခဲ့ပါတယ်။ Tennessee နဲ့ Georgia တက္ကသိုလ်ကျောင်းနှစ်ကျောင်းရဲ့ ပြုလုပ်ခဲ့တဲ့ ကျောင်းဘောလုံးပွဲသွားကြည့်ရာမှာ အနောက်ဖက်နားမှာရှိနေတဲ့ ကောင်လေးတစ်ယောက်ကို သဘောကျမိတယ်နဲ့တူပါတယ်။ ဒါကြောင့် သူမဟာ ဆယ်လ်ဖီရိုက်နေသလိုလို ဘာလိုလိုနဲ့ အဲဒီကောင်လေးရှိတဲ့ဖက်ကိုကျောပေးပြီး ကောင်လေးပုံပါပါအောင် တမင်ဓာတ်ပုံရိုက်ခဲ့ပါတယ်။ နောက်တော့မှ Twitter မှာ အဲဒီပုံလေးတွေတင်ကာ ကောင်လေးကို စိတ်ဝင်စားမိလို့ ဒိတ်လုပ်ကြည့်ချင်တဲ့အတွက် ဝိုင်းရှာပေးကြပါဆိုပြီး အောက်တိုဘာလ ၅ ရက်နေ့တုန်းက ရေးလာခဲ့ပါတယ်။

ဒါပေမဲ့လို့ နောက်ထပ် ၂ ရက်အကြာ၊ အောက်တိုဘာလ ၇ ရက်နေ့မှာပဲ @Bro_olla ဆိုတဲ့ Twitter account ကနေပြီး Sarah ရဲ့ tweet ကို retweet ပြန်လုပ်ကာ “ဒါငါပဲ၊ ဒါပေမဲ့ စိတ်မကောင်းပါဘူး မင်းက ငါကြိုက်တဲ့ပုံစံ မဟုတ်ဘူး” ဆိုကာ လူသိရှင်ကြား အငြင်းခံခဲ့ရပါတယ်။

Sarah ဟာ crush ငြင်းတာကို လူသိရှင်ကြားခံခဲ့ရရုံတင်မဟုတ်ဘဲ အခုဆိုရင် လူမျိုးရေးခွဲခြားသူတွေရဲ့ တိုက်ခိုက်တာကိုပါ ခံနေခဲ့ရပါတယ်။ လူမည်းဖက်မှလည်း Sarah ကို သူတို့လူမည်းကောင်လေးနဲ့ သဘောမတူကြောင်း၊ လူတစ်ယောက်ကို အခုလိုဓာတ်ပုံခိုးရိုက်ထားတာဟာ ကြောက်ဖို့တောင်ကောင်းနေကြောင်းပြောခဲ့ပြီး လူဖြူတွေဖက်မှလည်း Sarah ရဲ့ လုပ်ရပ်ဟာ ဂုဏ်သိက္ခာကျစေလောက်အောင် စိတ်ပျက်ဖို့ကောင်းနေတယ်ဆိုပြီး အရှက်ခွဲခဲ့ကြပါတော့တယ်။ လောလောဆယ်မှာတော့ Sarah ဖက်က ဘာတုန့်ပြန်မှုမှ မလုပ်ထားသေးပါဘူး။

Penny

Credit:Momolay

Leave a Reply

Your email address will not be published. Required fields are marked *