ေနာက္အႏွစ္ ( ၃၀ ) ေလာက္ေရာက္ရင္ ပင္လယ္ထဲမွာ ငါးမ်ား က်န္ရွိေတာ့မည္ မဟုတ္ဟုု ပညာရွင္မ်ား သုုံးသပ္

Zawgyi ျဖင့္ဖတ္ရန္

ကြၽန္ေတာ္တို႔ေတြဟာ ကမ္းေျခေတြကို သေဘာက်ႏွစ္သက္ၾကပါတယ္။အေၾကာင္းကေတာ့ ၾကည္လင္ေနတဲ့ ေရျပင္ရဲ႕ ခန႔္ညားထည္ဝါေနတဲ့ျမင္ကြင္းအလွေတြနဲ႔ အဆုံးအစမရွိတဲ့ မိုးကုတ္စက္ဝိုင္းႀကီး ေၾကာင့္ပါပဲ။ဒါေပမဲ့ သမုဒၵရာပင္လယ္ေတြရဲ႕အလွစစ္ကို ပင္လယ္ေရ ေအာက္မွာရွိတဲ့ အေရာင္ အ႐ြယ္အစား ပုံစံကြဲျပားေနတဲ့ပင္လယ္ေနသတၱဝါေတြမွာေတြ႕ႏိုင္ပါတယ္။အနံ႔အရသာျပည့္စုံေကာင္းမြန္တဲ့ ပင္လယ္စာ ေတြကိုလည္းမေမ့သင့္ပါဘူး။

လူေတာ္ေတာ္မ်ားမ်ားက ဆယ္မြန္ငါး တူနာငါး ျပည္ႀကီးငါး ပုစြန္နဲ႔ဂဏန္းေတြကို ႏွစ္သက္ၾကပါတယ္။ဒီအရာေတြမပါပဲ ဟင္းအမယ္တစ္ခုကိုစဥ္းစားၾကည့္ဖို႔ဆိုတာအေတာ္ကို ခက္ခဲတဲ့အရာပါပဲ။ဆယ္စုႏွစ္ ၂ ခုအတြင္းမွာေတာ့ ကြၽႏု္ပ္္တို႔ဟာ သဘာဝတရားရဲ႕အက်ိဳးဆက္ေတြေၾကာင့္ ပင္လယ္စာ ေတြရဲ႕အရသာကိုမေတာင့္တႏိုင္ေတာ့ပါဘူး။ကြၽမ္းက်င္သူေတြက ၂၀၄၈ ခုႏွစ္မွာ ဘယ္သမုဒၵရာပင္လယ္မွာမွ ငါးေတြက်န္ရွိေတာ့မွာ မဟုတ္ပါဘူးလို႔သတိေပးေျပာဆိုလာၾကပါၿပီ။ဟုတ္ပါတယ္။၂၀၄၈ မွာ ပင္လယ္ေတြမွာဘယ္ငါးမ်ိဳးကိုမွေတြ႕ရေတာ့မွာမဟုတ္ပါဘူး။

တိရစာၦန္အခြင့္အေရးလႈပ္ရွားေဆာင္႐ြက္သူ Katie Powell က ၂.၇ trillion ေသာသတၱဝါေတြဟာပင္လယ္မွဖယ္ရွားခံေနရပါတယ္လို႔ မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။သူမက၂၀၄၈ ခုႏွစ္မွာ ပင္လယ္ေတြမွာငါးမရွိေတာ့တဲ့ျပႆ နာ ကိုႀကဳံေတြ႕ရႏိုင္တယ္လိို႔ဆိုၿပီး အနာဂတ္ကိုခန႔္မွန္းေျပာဆိုခဲ့ပါတယ္။ႏွစ္စဥ္ ငါးတန္းခ်ႀကိဳးေတြနဲ႔ကြန္ေတြေၾကာင့္ ငါးမန္းေကာင္ေရေပါင္း သန္း၅၀ေက်ာ္ဟာေသဆုံးေနၾကတယ္လို႔ခန႔္မွန္းထားၾကပါတယ္။ဝမ္းနည္းစရာအခ်က္ကေတာ့ ငါးမန္းေတြဟာ မလိုအပ္ပဲ ေသဆုံးေနၾကရတာ ျဖစ္ၿပီးလူတို႔စားသုံးျခင္းမျပဳရဘဲ အလဟႆ ေသဆုံး ေနရတာျဖစ္ပါတယ္ ။

ဒီျဖစ္ရပ္ေတြဟာပင္လယ္ေတြမွာ ရွိတဲ့ သတၱဝါတစ္ေကာင္ခ်င္းစီကို ဆင့္ကဲျဖစ္ပြားမႈေတြျဖစ္ေစၿပီး ေရေအာက္ေဂဟစနစ္နဲ႔အသက္ရွင္သန္မႈေတြကိုပ်က္စီးယိုယြင္းေစႏိုင္တဲ့ သဘာဝအစာကြင္းဆက္ကိုထိခိုက္ေစတာျဖစ္ပါတယ္။ အဆုံးမွာေတာ့ ပင္လယ္သတၱဝါေတြကို စားေသာက္သုံးစြဲမႈမ်ားတဲ့လူသားေတြဟာ ပင္လယ္ျပင္မွာ ငါးေတြဆုံးရႈံးမႈရဲ႕ ႀကီးမားတဲ့အက်ိဳးဆက္ေတြကိုႀကံဳရမွာျဖစ္ပါတယ္။ York တကၠသိုလ္ရဲ႕ပင္လယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရး ပါေမာကၡ Dr callum Robertsကဆက္လက္ရွင္းျပထားပါတယ္။

“သမုဒၵေတြဟာပ်က္သုဥ္းခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ေတြလည္းက်ိန္းေသမုခ် ေသဆုံးမွာပါပဲ။ကြၽန္ေတာ္တို႔ေတြဟာ ကမ႓ာမွာအသက္ရွင္ေနတဲ့လူအေရအတြက္ထက္ပိုၿပီး ငါးေတြကိုတစ္ႏွစ္ထက္တစ္ႏွစ္ပိုပိုၿပီးသတ္ေနၾကပါတယ္။ကြၽန္ေတာ္တို႔ဟာဖမ္းမိတဲ့ငါးအမ်ားအျပား ကို အမ်ိဳးအစားမတူလို႔ အ႐ြယ္အစားမႀကီးလို႔စေသာ အေၾကာင္းျပခ်က္ေတြနဲ႔ ေဘးဖယ္စြန႔္ပစ္ၾကပါတယ္။
ကြၽန္ေတာ္တို႔တေတြဟာ ကိုယ့္အႀကိဳက္အတိုင္းပဲလိုက္ေနလို႔မရေတာ့ပါဘူး။ကြၽန္ေတာ္တို႔ေတြဟာ ငါးေတြကိုအဆမတန္ဖမ္းဆီးေနတာျဖစ္ၿပီး ပင္လယ္သက္တမ္းကို က်ဆင္းေနေစတာျဖစ္ပါတယ္။အဓိကလိုအပ္တာက ဒီျဖစ္စဥ္ဟာတကယ့္ျပႆ နာဆိုတာကိုေဖာ္ျပတဲ့ႏိုင္ငံေရးဦးေဆာင္မႈေတြပဲျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ေတြသာ ျပတ္ျပတ္သားသား လုပ္ေဆာင္ရင္ ဒီျပႆ နာေတြကို ေခ်ာက္ကမ္းပါးစြန္းမွကယ္တင္ႏိုင္ပါလိမ့္မယ္။”

Winchester တကၠသိုလ္မွ animalwelfare & Ethics ပါေမာကၡ Andrew Knight ကငါးဖမ္းတဲ့နည္းလမ္းေတြေၾကာင့္သတၱဝါေတြအေပၚထိခိုက္ ေနရတဲ့အေပၚကိုေထာက္ျပထားပါတယ္။သူ႔ရဲ႕ေျပာစကား အရ ပင္လယ္သတၱဝါေတြ ပါဝင္ေနတဲ့ စီးပြားေရးလုပ္ငန္း ေတြဟာ ေဒလာသန္းေပါင္းမ်ားစြာ တန္ေနပါတယ္။ငါးေတြကိုကြၽန္ေတာ္တို႔အသုံးျပဳေနတဲ့နည္းေတြဟာ ပင္လယ္သက္တမ္းက်ဆင္းမႈ ကိုသက္ေရာက္ ေနပါတယ္။ပိုဆိုးတဲ့အက်ိဳးကေတာ့ ပင္လယ္ပတ္ဝန္းက်င္ ္ကိုု ပ်က္စီးေစျခင္းပဲျဖစ္ပါတယ္။

စာရင္းေတြအရ ရ၅ ရာခိုင္ႏႈန္းေသာ ကမာၻ႔ငါးေကာင္ေရဟာ ေလ်ာ့နည္းလာၿပီး တစ္ကမာၻလုံးမွာ ဖမ္းဆီးရရွိတဲ့ ၄၀ ရာခိုင္ႏႈန္းေသာငါးေတြဟာ အသုံးမျပဳပဲ စြန႔္ပစ္ခံေနရပါတယ္။ငါးသန္းေပါင္းမ်ားစြာကို ေသေစတဲ့မွားယြင္းတဲ့ ငါးဖမ္းနည္းေတြအျပင္ပင္လယ္သက္တမ္းကိုအဆုံးသတ္ေစတဲ့ အခ်က္ကေတာ့ညစ္ညမ္းမႈေတြ ပဲျဖစ္္ပါတယ္။Cowspiracy ရဲ႕Co-creator Keegan Kuhn ကေရညစ္ညမ္းမႈျဖစ္စဥ္ေတြက သတၱဝါေတြရဲ႕ေမြးျမဴေရးအေပၚထိခိုက္တဲ့အရာျဖစ္တယ္လို႔ယုံၾကည္ထားပါတယ္။

ကုန္းသတၱဝါေတြကေရစီးေၾကာင္းေတြမွာအဆုံးသတ္တဲ့ အညစ္အေၾကးအမ်ားအျပားကို ျဖစ္ေစပါတယ္။ကြၽန္ေတာ္တို႔သိတဲ့အတိုင္းပဲ ေရေတြဟာပင္လယ္ေတြဆီကိုဦးတည္တဲ့အတြက္ ပင္လယ္ေတြကတန္ေပါင္းမ်ားစြာေသာ အညစ္အေၾကးေတြရဲ႕ အဆုံးသတ္ျဖစ္လာပါေတာ့တယ္။ဒီအရာေတြေၾကာင့္ပင္လယ္ေတြမွာ ႏိုက္ထ႐ိုဂ်င္ေတြနဲ႔ ညစ္ညမ္းေနကာ ပင္လယ္သတၱဝါ ေတြကိုေသဆုံးေစၿပီး ေရေအာက္သတၱဝါ ေတြရႈဖို႔ ေအာက္စီဂ်င္ေတြျပတ္လပ္ေစပါတယ္။

Leicester တကၠသိုလ္ရဲ႕ palaeobiology ပါေမာကၡ Dr. Mark williams ကအျပစ္တင္မႈေတြကိုရပ္တန႔္ဖို႔အႀကံျပဳထားပါတယ္။ပင္လယ္သတၱေဗဒ ပ်က္စီးမႈက ဘယ္သူေၾကာင့္ ဘာေၾကာင့္ ျဖစ္ရတယ္ဆိုကာအျပစ္တင္ျခင္းထက္လူေတြကိုငါးေမြးျမဴေရးေတြတိုးတက္ဖို႔အတြက္အသိပညာတိုးေအာင္လုပ္ဖို႔နဲ႔ ျဖစ္ပြားခဲ့တဲ့ပ်က္စီးမႈေတြအတြက္ ဆက္လက္ၿပီး အေျဖရွာဖို႔အတြက္တိုက္တြန္းထားပါတယ္။Powell က ငါးအလြန္အကြၽံ ဖမ္းဆီးတဲ့အက်ိိုးဆက္ေတြကိုဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြကို လုပ္ဖို႔ထပ္မံေျပာထားပါတယ္။

သူမက“ကြၽန္မတို႔ ၂၀၄၈ အထိေစာင့္ၿပီး ပင္လယ္ႀကီး ပ်က္သုဥ္းတာကိုေစာင့္မေနပဲ အခုထဲကေနတစ္ခုခု ကို စလုပ္သင့္ပါၿပီ။ပင္လယ္ႀကီးကိုကယ္တင္ဖို႔အခုအခ်ိန္ကေနာက္မက်ေသးပါဘူး။ ဒါေပမဲ့ ကြၽန္မတို႔ရဲ႕ အျပဳအမူေတြကို ေျပာင္းလဲသင့္ပါၿပီ။”

Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

နောက်အနှစ် ( ၃၀ ) လောက်ရောက်ရင် ပင်လယ်ထဲမှာ ငါးများ ကျန်ရှိတော့မည် မဟုတ်ဟု ပညာရှင်များ သုံးသပ်

ကျွန်တော်တို့တွေဟာ ကမ်းခြေတွေကို သဘောကျနှစ်သက်ကြပါတယ်။အကြောင်းကတော့ ကြည်လင်နေတဲ့ ရေပြင်ရဲ့ ခန့်ညားထည်ဝါနေတဲ့မြင်ကွင်းအလှတွေနဲ့ အဆုံးအစမရှိတဲ့ မိုးကုတ်စက်ဝိုင်းကြီး ကြောင့်ပါပဲ။ဒါပေမဲ့ သမုဒ္ဒရာပင်လယ်တွေရဲ့အလှစစ်ကို ပင်လယ်ရေ အောက်မှာရှိတဲ့ အရောင် အရွယ်အစား ပုံစံကွဲပြားနေတဲ့ပင်လယ်နေသတ္တဝါတွေမှာတွေ့နိုင်ပါတယ်။အနံ့အရသာပြည့်စုံကောင်းမွန်တဲ့ ပင်လယ်စာ တွေကိုလည်းမမေ့သင့်ပါဘူး။

လူတော်တော်များများက ဆယ်မွန်ငါး တူနာငါး ပြည်ကြီးငါး ပုစွန်နဲ့ဂဏန်းတွေကို နှစ်သက်ကြပါတယ်။ဒီအရာတွေမပါပဲ ဟင်းအမယ်တစ်ခုကိုစဉ်းစားကြည့်ဖို့ဆိုတာအတော်ကို ခက်ခဲတဲ့အရာပါပဲ။ဆယ်စုနှစ် ၂ ခုအတွင်းမှာတော့ ကျွနု်ပ်တို့ဟာ သဘာဝတရားရဲ့အကျိုးဆက်တွေကြောင့် ပင်လယ်စာ တွေရဲ့အရသာကိုမတောင့်တနိုင်တော့ပါဘူး။ကျွမ်းကျင်သူတွေက ၂၀၄၈ ခုနှစ်မှာ ဘယ်သမုဒ္ဒရာပင်လယ်မှာမှ ငါးတွေကျန်ရှိတော့မှာ မဟုတ်ပါဘူးလို့သတိပေးပြောဆိုလာကြပါပြီ။ဟုတ်ပါတယ်။၂၀၄၈ မှာ ပင်လယ်တွေမှာဘယ်ငါးမျိုးကိုမှတွေ့ရတော့မှာမဟုတ်ပါဘူး။

တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ Katie Powell က ၂.၇ trillion သောသတ္တဝါတွေဟာပင်လယ်မှဖယ်ရှားခံနေရပါတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။သူမက၂၀၄၈ ခုနှစ်မှာ ပင်လယ်တွေမှာငါးမရှိတော့တဲ့ပြဿ နာ ကိုကြုံတွေ့ရနိုင်တယ်လို့ဆိုပြီး အနာဂတ်ကိုခန့်မှန်းပြောဆိုခဲ့ပါတယ်။နှစ်စဉ် ငါးတန်းချကြိုးတွေနဲ့ကွန်တွေကြောင့် ငါးမန်းကောင်ရေပေါင်း သန်း၅၀ကျော်ဟာသေဆုံးနေကြတယ်လို့ခန့်မှန်းထားကြပါတယ်။ဝမ်းနည်းစရာအချက်ကတော့ ငါးမန်းတွေဟာ မလိုအပ်ပဲ သေဆုံးနေကြရတာ ဖြစ်ပြီးလူတို့စားသုံးခြင်းမပြုရဘဲ အလဟဿ သေဆုံး နေရတာဖြစ်ပါတယ် ။

ဒီဖြစ်ရပ်တွေဟာပင်လယ်တွေမှာ ရှိတဲ့ သတ္တဝါတစ်ကောင်ချင်းစီကို ဆင့်ကဲဖြစ်ပွားမှုတွေဖြစ်စေပြီး ရေအောက်ဂေဟစနစ်နဲ့အသက်ရှင်သန်မှုတွေကိုပျက်စီးယိုယွင်းစေနိုင်တဲ့ သဘာဝအစာကွင်းဆက်ကိုထိခိုက်စေတာဖြစ်ပါတယ်။ အဆုံးမှာတော့ ပင်လယ်သတ္တဝါတွေကို စားသောက်သုံးစွဲမှုများတဲ့လူသားတွေဟာ ပင်လယ်ပြင်မှာ ငါးတွေဆုံးရှုံးမှုရဲ့ ကြီးမားတဲ့အကျိုးဆက်တွေကိုကြုံရမှာဖြစ်ပါတယ်။ York တက္ကသိုလ်ရဲ့ပင်လယ်ထိန်းသိမ်း စောင့်ရှောက်ရေး ပါမောက္ခ Dr callum Robertsကဆက်လက်ရှင်းပြထားပါတယ်။

“သမုဒ္ဒတွေဟာပျက်သုဉ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေလည်းကျိန်းသေမုချ သေဆုံးမှာပါပဲ။ကျွန်တော်တို့တွေဟာ ကမ္ဘာမှာအသက်ရှင်နေတဲ့လူအရေအတွက်ထက်ပိုပြီး ငါးတွေကိုတစ်နှစ်ထက်တစ်နှစ်ပိုပိုပြီးသတ်နေကြပါတယ်။ကျွန်တော်တို့ဟာဖမ်းမိတဲ့ငါးအများအပြား ကို အမျိုးအစားမတူလို့ အရွယ်အစားမကြီးလို့စသော အကြောင်းပြချက်တွေနဲ့ ဘေးဖယ်စွန့်ပစ်ကြပါတယ်။
ကျွန်တော်တို့တတွေဟာ ကိုယ့်အကြိုက်အတိုင်းပဲလိုက်နေလို့မရတော့ပါဘူး။ကျွန်တော်တို့တွေဟာ ငါးတွေကိုအဆမတန်ဖမ်းဆီးနေတာဖြစ်ပြီး ပင်လယ်သက်တမ်းကို ကျဆင်းနေစေတာဖြစ်ပါတယ်။အဓိကလိုအပ်တာက ဒီဖြစ်စဉ်ဟာတကယ့်ပြဿ နာဆိုတာကိုဖော်ပြတဲ့နိုင်ငံရေးဦးဆောင်မှုတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့တွေသာ ပြတ်ပြတ်သားသား လုပ်ဆောင်ရင် ဒီပြဿ နာတွေကို ချောက်ကမ်းပါးစွန်းမှကယ်တင်နိုင်ပါလိမ့်မယ်။”

Winchester တက္ကသိုလ်မှ animalwelfare & Ethics ပါမောက္ခ Andrew Knight ကငါးဖမ်းတဲ့နည်းလမ်းတွေကြောင့်သတ္တဝါတွေအပေါ်ထိခိုက် နေရတဲ့အပေါ်ကိုထောက်ပြထားပါတယ်။သူ့ရဲ့ပြောစကား အရ ပင်လယ်သတ္တဝါတွေ ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်း တွေဟာ ဒေလာသန်းပေါင်းများစွာ တန်နေပါတယ်။ငါးတွေကိုကျွန်တော်တို့အသုံးပြုနေတဲ့နည်းတွေဟာ ပင်လယ်သက်တမ်းကျဆင်းမှု ကိုသက်ရောက် နေပါတယ်။ပိုဆိုးတဲ့အကျိုးကတော့ ပင်လယ်ပတ်ဝန်းကျင် ်ကို ပျက်စီးစေခြင်းပဲဖြစ်ပါတယ်။

စာရင်းတွေအရ ရ၅ ရာခိုင်နှုန်းသော ကမ္ဘာ့ငါးကောင်ရေဟာ လျော့နည်းလာပြီး တစ်ကမ္ဘာလုံးမှာ ဖမ်းဆီးရရှိတဲ့ ၄၀ ရာခိုင်နှုန်းသောငါးတွေဟာ အသုံးမပြုပဲ စွန့်ပစ်ခံနေရပါတယ်။ငါးသန်းပေါင်းများစွာကို သေစေတဲ့မှားယွင်းတဲ့ ငါးဖမ်းနည်းတွေအပြင်ပင်လယ်သက်တမ်းကိုအဆုံးသတ်စေတဲ့ အချက်ကတော့ညစ်ညမ်းမှုတွေ ပဲဖြစ်ပါတယ်။Cowspiracy ရဲ့Co-creator Keegan Kuhn ကရေညစ်ညမ်းမှုဖြစ်စဉ်တွေက သတ္တဝါတွေရဲ့မွေးမြူရေးအပေါ်ထိခိုက်တဲ့အရာဖြစ်တယ်လို့ယုံကြည်ထားပါတယ်။

ကုန်းသတ္တဝါတွေကရေစီးကြောင်းတွေမှာအဆုံးသတ်တဲ့ အညစ်အကြေးအများအပြားကို ဖြစ်စေပါတယ်။ကျွန်တော်တို့သိတဲ့အတိုင်းပဲ ရေတွေဟာပင်လယ်တွေဆီကိုဦးတည်တဲ့အတွက် ပင်လယ်တွေကတန်ပေါင်းများစွာသော အညစ်အကြေးတွေရဲ့ အဆုံးသတ်ဖြစ်လာပါတော့တယ်။ဒီအရာတွေကြောင့်ပင်လယ်တွေမှာ နိုက်ထရိုဂျင်တွေနဲ့ ညစ်ညမ်းနေကာ ပင်လယ်သတ္တဝါ တွေကိုသေဆုံးစေပြီး ရေအောက်သတ္တဝါ တွေရှုဖို့ အောက်စီဂျင်တွေပြတ်လပ်စေပါတယ်။

Leicester တက္ကသိုလ်ရဲ့ palaeobiology ပါမောက္ခ Dr. Mark williams ကအပြစ်တင်မှုတွေကိုရပ်တန့်ဖို့အကြံပြုထားပါတယ်။ပင်လယ်သတ္တဗေဒ ပျက်စီးမှုက ဘယ်သူကြောင့် ဘာကြောင့် ဖြစ်ရတယ်ဆိုကာအပြစ်တင်ခြင်းထက်လူတွေကိုငါးမွေးမြူရေးတွေတိုးတက်ဖို့အတွက်အသိပညာတိုးအောင်လုပ်ဖို့နဲ့ ဖြစ်ပွားခဲ့တဲ့ပျက်စီးမှုတွေအတွက် ဆက်လက်ပြီး အဖြေရှာဖို့အတွက်တိုက်တွန်းထားပါတယ်။Powell က ငါးအလွန်အကျွံ ဖမ်းဆီးတဲ့အကျိုးဆက်တွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဖို့ထပ်မံပြောထားပါတယ်။

သူမက“ကျွန်မတို့ ၂၀၄၈ အထိစောင့်ပြီး ပင်လယ်ကြီး ပျက်သုဉ်းတာကိုစောင့်မနေပဲ အခုထဲကနေတစ်ခုခု ကို စလုပ်သင့်ပါပြီ။ပင်လယ်ကြီးကိုကယ်တင်ဖို့အခုအချိန်ကနောက်မကျသေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အပြုအမူတွေကို ပြောင်းလဲသင့်ပါပြီ။”

Writer – Min Thu ( XYZ News )

Leave a Reply

Your email address will not be published. Required fields are marked *