
Zawgyi ဖြင့်ဖတ်ရန်








ထိုင်းနိုင်ငံပြည်တွင်းတွင် ဓာတုဗေဒဆေး အလွန်အကျွံ သုံးထားသဖြင့် ထိုင်းပြည်တွင်းတွင် ရောင်းချခွင့် စားသောက်ခွင့်မရှိသော ငါး ပုဇွန် နှင့် ငါးယောင်များကို ရေခဲပုံးဖော့ဖါများနှင့် မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိုင်ငံ မြဝတီမြို့ BGF အဖွဲ့အစည်းဂိတ်များမှနေ့စဉ်တရားမဝင် ဝင်ရောက်ကာ ရန်ကုန်စံပြငါးဈေးကြီးသို့ ပို့ဆောင်နေကြသည်မှာ နှစ်များစွာကြာမြင့်နေပါသဖြင့် တာဝန်ရှိသူများကို ထိရောက်စွာအရေးယူပေးပါရန် တင်ပြပေးလိုက်ရပါသည်

ထိုင်း နိုင်ငံ မှာ .. ဓာတုဆေး အလွန်အကျွန်သုံးထားသဖြင့် ဂျပန် နဲ့ ဥရောပ ကိုလည် ပို့မရသော ထိုင်းနိုင်ငံအတွင်းမှာလဲ လက်မခံ တဲ့ ငါး ပုဇွန်တွေကို အောက်လမ်းအဆင့်ဆင့်ကနေ မြဝတီမှ ခြောက်ဘီးကား မျာစွာဖြင့် ရန်ကုန်ထိသယ်ဆောင်ကာ ရန်ကုန်မှတဆင့် တနိုင်ငံလုံးသို့ ပြန်လည်ဖြန့်ဖြူး ပါသည်။







Unicode ဖြင့်ဖတ်ရန်

သင် စားနေတဲ့ ပုစွန်တွေက ဧရာဝတီတိုင်းက လာတာလို့ အခုထိ ထင်နေသေးတုန်းလား

မြန်မာနိုင်ငံမှာ .. ငါးပုဇွန် အလွန်ပေါ ပါတယ် ..ရေခဲ ရိုက်ဖို့ ရေခဲ မဝယ်ချင်လို့ .. မပုတ်အောင် ဖော်မလင်သုံးတာက .. တစ်ပိုင်းပေါ့ ..အဲ .. ပြောချင်တာက .. ဒီပုဇွန် …ေ ဈးသယ်တွေက .. ချောင်းသာ ပုဇွန်လို့ လိမ်ရောင်းတယ် .. ချောင်းသာက လာတာ မဟုတ်ဘူး …

နိုင်ငံခြားကနေ .. ရေခဲပုံးတွေနဲ့လာတာ .. စားသောက်ဆိုင်တွေ .. အဓိက သုံးတယ် …မြန်မာ FDA မသိဘူးလား … မသိပါဘူး … စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဆိုတာ .. နှစ် ၆၀ လုံး .. လုပ်မလာခဲ့ပါဘူး …နိုင်ငဲခြားကနေ ရန်ကုန်ထိ ရေခဲပုံးနဲ့ သယ်လာတဲ့ ပုဇွန်က ဧရာဝတီက .. ဘော့ချိပ်ထက် ဈေးပိုပေါနေတယ် …

သူ့ နိုင်ငံ မှာ .. ဓာတုဗေဒဆေး အလွန်အကျွန်သုံးထားလို့ Japan နဲ့ Europe ပို့မရ .. သူ့နိုင်ငံထဲမှာလဲ လက်မခံ တဲ့ ပုဇွန်တွေကို အောက်လမ်းကနေ အဆင့်ဆင့် ရန်ကုန်ထိ သယ်လာတာပါ …လမ်းကြေးကောက်တဲ့ အဆင့်ဆင့်က ဒီပုဇွန်တွေဝင်နေတာ သိပေမဲ့ .. ပညာတတ်ပီး Food Safety အကြောင်းနားလည်တဲ့သူတွေ .. မရှိလို့လားတော့ မသိ…. သိရင်လဲ .. လမ်းကြေးယူပီး .. နှပ်နေတာလားတော့မသိ

ဒီလို အန္တရာယ် များတဲ့ .. အစားအစာတွေကို .. ကိုယ့်နိုင်ငံသားတွေ နားမလည်ပဲ စားနေရတာ အများကြီး .. အဲ့ဒါတွေကြောင့် .. ဖြစ်နေတဲ့… ရောဂါတွေလဲ အများကြီး … အဲ့တာတွေ ..ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ နှစ် ၆၀ လုံး ပြည်သူ့အတွက် မစဉ်းစားခဲ့တဲ့ အစိုးရ .. ဥပဒေပြု .. တာဝန်ရှိသူတွေလား .. ပြည်သူတွေ . ပညာမတတ်အောင် လုပ်ခဲ့တဲ့ သူတွေလား …

ဘယ်လိုပဲ ဖြစ်ဖြစ် … နေ့စဉ် ဒီလိုမျိုး အဆိပ်သင့်နေတဲ့ အစားအစာတွေကို .. နားမလည်တဲ့ ပြည်သူတွေက နေစဉ်စားသုံးနေကြရတာပါ …ကိုယ်ဖြစ် .. ကိုယ်ခံ .. ပါပဲ ..

Ba Nyar (လေးစားမှုဖြင့် ခရက်ဒစ်)

သို့ ငါးဦးစီး နေပြည်တော်၊ အဂတိတိုက်ဖျက်ရေး နေပြည်တော် နှင့် FDA နေပြည်တော်

ထိုင်းနိူင်ငံပြည်တွင်းတွင် ဓာတုဗေဒဆေး အလွန်အကျွံ သုံးထားသဖြင့် ထိုင်းပြည်တွင်းတွင် ရောင်းချခွင့် စားသောက်ခွင့်မရှိသော ငါး ပုဇွန် နှင့် ငါးယောင်များကို ရေခဲပုံးဖော့ဖါများနှင့် မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိူင်ငံ မြဝတီမြို့ BGF အဖွဲ့အစည်းဂိတ်များမှနေ့စဉ်တရားမဝင် ဝင်ရောက်ကာ ရန်ကုန်စံပြငါးဈေးကြီးသို့ ပို့ဆောင်နေကြသည်မှာ နှစ်များစွာကြာမြင့်နေပါသဖြင့် တာဝန်ရှိသူများကို ထိရောက်စွာအရေးယူပေးပါရန် တင်ပြပေးလိုက်ရပါသည်

ထိုင်း နိုင်ငံ မှာ .. ဓာတုဆေး အလွန်အကျွန်သုံးထားသဖြင့် ဂျပန် နဲ့ ဥရောပ ကိုလည် ပို့မရသော ထိုင်းနိုင်ငံအတွင်းမှာလဲ လက်မခံ တဲ့ ငါး ပုဇွန်တွေကို အောက်လမ်းအဆင့်ဆင့်ကနေ မြဝတီမှ ခြောက်ဘီးကား မျာစွာဖြင့် ရန်ကုန်ထိသယ်ဆောင်ကာ ရန်ကုန်မှတဆင့် တနိူင်ငံလုံးသို့ ပြန်လည်ဖြန့်ဖြူး ပါသည်။

ဒီလို အန္တရာယ် များတဲ့ .. အစားအစာတွေကို ကိုယ့်နိုင်ငံသားတွေ နားမလည်ပဲ စားနေရတာတွေ ထိုမှတဆင့် အလွန်အန္တရယ်ရှိတဲ့ ရောဂါတွေဖြစ်လာတာတွေဟာ FDA နှင့် ငါးဦးစီး တို့၏ လာဘ်ငွေယူပြီးနှစ်ပေါင်းမျာစွာ လွှတ်ထားခဲ့သောကြောင့် ပြည်သူများမှနေ့စဉ် အဆိပ်သင့်နေသော အစားအစာတွေကို စားသုံးနေရခြင်းဖြစ်ပေသည်။ လက်ရှိ ၂၀၁၉ခုနှစ် မြဝတီမြို့မှ ရန်ကုန်မြို့အထိ တရားမဝင် ငါးပုဇွန်တင်သော ခြောက်ဘီကားတစ်စီး ၏ တရားမဝင်ပေးရသော လာဘ်ငွေများမှာအောက်ပါအတိုင်းဖြစ်ပါသည်

မြဝတီသင်္ကန်းညီနောင်ရှိအဖွဲ့စုံဂိတ် – ကျပ် ရှစ်သောင်း ၈၀၀၀၀၊ ကော့ကရိတ်ရဲအဖွဲ့ဂိတ် – ကျပ် ခုနှစ်သောင်းခွဲ ရ၅၀၀၀၊ ဂျိုင်း တံတားရဲအဖွဲ့ – ကျပ် ခုနှစ်သောင်းခွဲ ရ၅၀၀၀၊ သံလွင်းတံတား ဘားအံ ငါးဦးစီးမှ ဒေသထွက်ကုန် စာရွက်အတု – ကျပ်နှစ်သိန်း ၂၀၀၀၀၀၊ သံလွင်တံတား ဘားအံ ရဲအဖွဲ့ – ကျပ်နှစ်သောင်း ၂၀၀၀၀၊ သံလွင်းတံတား ဘားအံ အကောက်ခွန် – ကျပ်သုံးသောင်း ၃၀၀၀၀

ဘားအံငါးဦးစီးမှ မျောစာအတုပေါ်တွင် တံဆိပ်တုံးထုခ၊ သံလွင်းတံတား ဘားအံ စရဖ – ကျပ်ငါးထောင် ၅၀၀၀၊ သံလွင်းတံတား ယဉ်ထိန်း – ကျပ်ငါးထောင် ၅၀၀၀၊ သထုံ ဒုံသမိတံတား – ကျပ် ခုနှစ်ထောင် ရ၀၀၀၊ သထုံကြာပန်းတီုးဂိတ် အကောက်ခွန် – ကျပ်ငါးထောင် ၅၀၀၀၊ သထုံကြာပန်းတီုးဂိတ် ရဲ – ကျပ်၅၀၀၀

မရမ်းချောင်း မိုဘိုင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကြီး ဘားအံငါးဦးစီးမှ မျောအတုစာရွက်ပြရုံသာ၊ အင်းတိုင်ရဲဂိတ် ကျပ်သုံးသောင်း ၃၀၀၀၀၊ ရန်ကုန်အမှတ်သုံးလမ်းဆုံ ရဲဂိတ် – ကျပ်တစ်သောင်း ၁၀၀၀၀

ခြောက်ဘီးကား တစီးကို အနည်းဆုံး ငါးသိန်း လေးသောင်း ခုနှစ်ထောင် လာဘ်ပေးရပါတယ်။ ပွဲတော်ကြီးတမျှ ပျော်ပျော်ရွှင်ရွှင် ပါပဲ ခင်ဗျာ။ ကျန်တဲ့သူတွေ ဖြစ်ချင်တာသာ ဖြစ် ငါတို့ အတွက် ရရင် ပြီးပြီ ဆိုတဲ့ သဘောပါပဲခင်ဗျ။ တာဝန်ရှိသူ လူကြီးများ စိစစ် ကြပ်မတ်ပေးကြပါဦး ခင်ဗျာ။

ပိတောက်မြေ ခေတ္တလူပြည် (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *