VAPE ေသာက္တဲ့ လူငယ္ဒါဇင္နဲ႔ခ်ီၿပီး အဆုတ္နာေၾကာင့္ ေဆး႐ုံတက္ေနရ…

Zawgyi ျဖင့္ဖတ္ရန္

အီးစီးကရက္(Vape) ဟု လူသိမ်ားသည့္ ေဆးလိပ္အစားထိုး အီလက္ထေရာနစ္ ေဆးတံေသာက္သုံးသူ လူငယ္အမ်ားစု အဆုတ္ထိခိုက္ ဒဏ္ရာမ်ားနဲ႔ ဒါဇင္နဲ႔ခ်ီကာ ေဆး႐ုံတက္ ကုသမႈခံယူေနရသည့္အေပၚ အေမရိကန္ႏိုင္ငံဆိုင္ရာ က်န္းမာေရးအဖြဲ႕အစည္းႀကီးမွ စုံစမ္းစစ္ေဆးမႈမ်ား စတင္ျပဳလုပ္ေနၿပီျဖစ္သည္။

ယခုသီတင္းပတ္အတြင္း Vape ေသာက္သုံးၿပီးေနာက္ ထူးဆန္းေသာ နာဖ်ားမႈမ်ား လူငယ္အမ်ားစုမွာ ျဖစ္ေနခဲ့ၿပီး အခုလို စုံစမ္းမႈမ်ားကို စတင္လိုက္တာျဖစ္ပါတယ္။ လူငယ္အမ်ားစုဟာ ေခ်ာင္းအဆက္မျပတ္ဆိုးျခင္း၊ အသက္ရႈမဝျခင္း၊ မူးေဝျခင္း နဲ႔ ပင္ပမ္းႏြမ္းလ်တဲ့ ေဝဒနာေတြ ခံစားရၿပီး ေဆး႐ုံတက္ေရာက္ ကုသမႈခံယူေနၾကရတာျဖစ္ပါတယ္။

အလားတူအျဖစ္မ်ိဳး ျပည္နယ္ ၃ ခုမွာ အနည္းဆုံး အမႈ ၃၀ ေလာက္ျဖစ္ပြားေနၿပီး ၂၂ မႈကိုေတာ့ စုံစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းရင္းကို ေျပာဖို႔ေစာေနေသးၿပီး က်န္းမာေရးဌါနေတြနဲ႔ ခ်ိပ္ဆက္ကာ စုံစမ္းေနဆဲျဖစ္တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

လူနာမ်ားနဲ႔ အင္တာဗ်ဴးေမးျမန္းစုံစမ္းရာမွ အားလုံးမွာ တူညီေနၾကတဲ့ အခ်က္က Vape ေသာက္သုံးၾကတယ္ဆိုတာ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ အီးစီးကရက္ေတြကို ၂၀၀၆ ခုႏွစ္က သိပၸံနည္းက် စမ္းသပ္မႈေတြ လုပ္ခဲ့ၿပီး ေဆးလိပ္အစားထိုး အဆိပ္အေတာက္ နည္းပါးတယ္လို႔ ယူဆၿပီး သုံးဆြဲေရာင္းခ်ေနခဲ့ၾကတာျဖစ္ပါတယ္။
အခုျဖစ္စဥ္နဲ႔ ပက္သက္ၿပီး မ်က္စိဖြင့္နားစြင့္ၿပီး ဆက္လက္ေထာက္လွမ္းမႈေတြ လုပ္ရဦးမယ္လို႔ ဝစ္ကြန္ဆင္ က်န္းမာေရးဌါနမွ Dr Thomas Haupt က ဆိုပါတယ္။

၂၀၁၈ ခုႏွစ္စစ္တမ္းအရ အေမရိကန္မွာ Vape ေသာက္သူ ၃.၆ သန္းေလာက္က အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းသားေတြ ျဖစ္ၾကၿပီး တစ္ႏိုင္ငံလုံးအေနနဲ႔ ႏွစ္စဥ္ Vape ေသာက္သူ အေရအတြက္ ၁.၅ သန္း တိုးလာတယ္လို႔ ေဖာ္ျပထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

Vape သောက်တဲ့ လူငယ်ဒါဇင်နဲ့ချီပြီး အဆုတ်နာကြောင့် ဆေးရုံတက်နေရ

အီးစီးကရက်(Vape) ဟု လူသိများသည့် ဆေးလိပ်အစားထိုး အီလက်ထရောနစ် ဆေးတံသောက်သုံးသူ လူငယ်အများစု အဆုတ်ထိခိုက် ဒဏ်ရာများနဲ့ ဒါဇင်နဲ့ချီကာ ဆေးရုံတက် ကုသမှုခံယူနေရသည့်အပေါ် အမေရိကန်နိုင်ငံဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းကြီးမှ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ယခုသီတင်းပတ်အတွင်း Vape သောက်သုံးပြီးနောက် ထူးဆန်းသော နာဖျားမှုများ လူငယ်အများစုမှာ ဖြစ်နေခဲ့ပြီး အခုလို စုံစမ်းမှုများကို စတင်လိုက်တာဖြစ်ပါတယ်။ လူငယ်အများစုဟာ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ မူးဝေခြင်း နဲ့ ပင်ပမ်းနွမ်းလျတဲ့ ဝေဒနာတွေ ခံစားရပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေကြရတာဖြစ်ပါတယ်။

အလားတူအဖြစ်မျိုး ပြည်နယ် ၃ ခုမှာ အနည်းဆုံး အမှု ၃၀ လောက်ဖြစ်ပွားနေပြီး ၂၂ မှုကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ပြောဖို့စောနေသေးပြီး ကျန်းမာရေးဌါနတွေနဲ့ ချိပ်ဆက်ကာ စုံစမ်းနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

လူနာများနဲ့ အင်တာဗျူးမေးမြန်းစုံစမ်းရာမှ အားလုံးမှာ တူညီနေကြတဲ့ အချက်က Vape သောက်သုံးကြတယ်ဆိုတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အီးစီးကရက်တွေကို ၂၀၀၆ ခုနှစ်က သိပ္ပံနည်းကျ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး ဆေးလိပ်အစားထိုး အဆိပ်အတောက် နည်းပါးတယ်လို့ ယူဆပြီး သုံးဆွဲရောင်းချနေခဲ့ကြတာဖြစ်ပါတယ်။
အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မျက်စိဖွင့်နားစွင့်ပြီး ဆက်လက်ထောက်လှမ်းမှုတွေ လုပ်ရဦးမယ်လို့ ဝစ်ကွန်ဆင် ကျန်းမာရေးဌါနမှ Dr Thomas Haupt က ဆိုပါတယ်။

၂၀၁၈ ခုနှစ်စစ်တမ်းအရ အမေရိကန်မှာ Vape သောက်သူ ၃.၆ သန်းလောက်က အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေ ဖြစ်ကြပြီး တစ်နိုင်ငံလုံးအနေနဲ့ နှစ်စဉ် Vape သောက်သူ အရေအတွက် ၁.၅ သန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

Credit : popolay

Leave a Reply

Your email address will not be published. Required fields are marked *