
ဘုရားရှိခိုးနည်း
____________
တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင်
လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့
ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။
ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့.
မမြဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)၊
ဆင်းရဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)၊
အစိုးမရေသာ ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား
(တစ်ကြိမ် ရှိခိုးလိုက်)။
ဤသို့အားဖြင့် ရတနာသုံးပါးကို
သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။
အင်မတန် အကျိုးများတဲ့
ဘုရားရှိခိုးနည်းပါ။
ဘာကြောင့်လဲဆိုတော့…….
မမြဲသော မိမိခန္ဓာကိုယ်ကြီးကို
မမြဲတဲ့အကြောင်း ကြားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)
ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာက သမထပါ။
လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။
ဒါနေရာ သမထေရာ ဝိပဿနာရော
ကုသိုလ် အကုန်ပါသွားတဲ့
ဘုရားရှိခိုးနည်းပါ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
🙏🙏🙏
Crd
Leave a Reply