ဦးေႏွာက္အျပင္ဖက္ ထြက္လ်က္သား ေမြးလာတဲ့ ကေလး

Zawgyi ျဖင့္ဖတ္ရန္

နယူးဂ်ာဆီက ကေလးငယ္ေလးတစ္ေယာက္ဟာ exencephaly လို႔အမည္ရတဲ့ဦးေႏွာက္အျပင္ဘက္ထြက္ကာ ေမြးဖြားလာသူျဖစ္ပါတယ္။Lucas Santa Mariaဆိုတဲ့ကေလးငယ္ေလးရဲ႕မိခင္ဟာ အာထရာေဆာင္း႐ိုက္စဥ္ကတည္းက ကေလးရဲ႕ဦးေႏွာက္ဟာ ဦးေခါင္းခြံရဲ႕အျပင္ဘက္မွာေရာက္ေနတယ္ဆိုတာကို သိခဲ့တာျဖစ္ပါတယ္။

Lucas ဟာ ဦးေခါင္းခြံအျပင္မွာ ဦးေႏွာက္ဖြံ႕ၿဖိဳးကာ ေမြးဖြားလာတဲ့ ပထဆုံးကေလးငယ္ပဲျဖစ္ပါတယ္။

နယူးဂ်ာဆီ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဌာနက Dr. Tim Vogelကေတာ့ မ်ားေသာအားျဖင့္ exencephalyလကၡဏာနဲ႔ေမြးဖြားလာသူေတြရဲ႕ ဦးေႏွာက္ဟာ ဦးေခါင္းခြံအျပင္ဘက္မွာျဖစ္ေပမယ့္ ဆဲလ္ ၁ခု သို႔ ၂ခုနဲ႔ဖြဲ႕စည္းထားတဲ့ အလႊာပါးေလးပါတတ္ပါတယ္လို႔ ဆိုပါတယ္။

Dr. Tim Vogelကေတာ့ Lucasကလြဲၿပီး တျခား ဆင္တူေက့စ္ေတြမွာ အသက္ရွင္တာမေတြ႕ရဘူး လို႔ဆိုပါတယ္။

ဒါေပမဲ့ Lucas ရဲ႕မိခင္ဟာ ကေလးကို အသက္ရွင္ရက္ေမြးဖြားႏိုင္ခဲ့ၿပီး Dr. Tim Vogelနဲ႔ အဖြဲ႕ဟာလည္း ကေလးရဲ႕ဦးေႏွာက္အျပင္ထြက္ေနေပမယ့္ သူဆက္လက္ရွင္သန္ႏိုင္ဖို႔ အခ်ိန္မ်ားစြာၾကာျမင့္တဲ့ ခြဲစိတ္ကုသမႈကို ျပဳလုပ္ခဲ့ၾကပါတယ္။

ဦးေခါင္းခြံနဲ႔ အ႐ိုးေတြဟာ အထဲက ကလီစာေတြကို ကာကြယ္ေပးတဲ့ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြျဖစ္ၿပီး တျခားသူေတြနဲ႔မတူဘဲ ေမြးဖြားလာတဲ့ Lucasရဲ႕ဦးေႏွာက္ကို ဒီလိုအရံအတားလုပ္ေပးဖို႔ ေရွ႕ေလွ်ာက္ ခြဲစိတ္ကုသမႈေတြ လုပ္သြားရဦးမယ္လို႔ သိရပါတယ္။

Writer -LLA ( Shwe Yaung Lan )

Unicode ဖြင့်ဖတ်ရန်

ဦးနှောက်အပြင်ဖက် ထွက်လျက်သား မွေးလာတဲ့ ကလေး

နယူးဂျာဆီက ကလေးငယ်လေးတစ်ယောက်ဟာ exencephaly လို့အမည်ရတဲ့ဦးနှောက်အပြင်ဘက်ထွက်ကာ မွေးဖွားလာသူဖြစ်ပါတယ်။Lucas Santa Mariaဆိုတဲ့ကလေးငယ်လေးရဲ့မိခင်ဟာ အာထရာဆောင်းရိုက်စဉ်ကတည်းက ကလေးရဲ့ဦးနှောက်ဟာ ဦးခေါင်းခွံရဲ့အပြင်ဘက်မှာရောက်နေတယ်ဆိုတာကို သိခဲ့တာဖြစ်ပါတယ်။

Lucas ဟာ ဦးခေါင်းခွံအပြင်မှာ ဦးနှောက်ဖွံ့ဖြိုးကာ မွေးဖွားလာတဲ့ ပထဆုံးကလေးငယ်ပဲဖြစ်ပါတယ်။

နယူးဂျာဆီ ဦးနှောက်နှင့်အာရုံကြောဌာနက Dr. Tim Vogelကတော့ များသောအားဖြင့် exencephalyလက္ခဏာနဲ့မွေးဖွားလာသူတွေရဲ့ ဦးနှောက်ဟာ ဦးခေါင်းခွံအပြင်ဘက်မှာဖြစ်ပေမယ့် ဆဲလ် ၁ခု သို့ ၂ခုနဲ့ဖွဲ့စည်းထားတဲ့ အလွှာပါးလေးပါတတ်ပါတယ်လို့ ဆိုပါတယ်။

Dr. Tim Vogelကတော့ Lucasကလွဲပြီး တခြား ဆင်တူကေ့စ်တွေမှာ အသက်ရှင်တာမတွေ့ရဘူး လို့ဆိုပါတယ်။

ဒါပေမဲ့ Lucas ရဲ့မိခင်ဟာ ကလေးကို အသက်ရှင်ရက်မွေးဖွားနိုင်ခဲ့ပြီး Dr. Tim Vogelနဲ့ အဖွဲ့ဟာလည်း ကလေးရဲ့ဦးနှောက်အပြင်ထွက်နေပေမယ့် သူဆက်လက်ရှင်သန်နိုင်ဖို့ အချိန်များစွာကြာမြင့်တဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဦးခေါင်းခွံနဲ့ အရိုးတွေဟာ အထဲက ကလီစာတွေကို ကာကွယ်ပေးတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပြီး တခြားသူတွေနဲ့မတူဘဲ မွေးဖွားလာတဲ့ Lucasရဲ့ဦးနှောက်ကို ဒီလိုအရံအတားလုပ်ပေးဖို့ ရှေ့လျှောက် ခွဲစိတ်ကုသမှုတွေ လုပ်သွားရဦးမယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )

Leave a Reply

Your email address will not be published. Required fields are marked *